Zawgyi

တစ္ကမာၻလုံးက စမတ္ဖုန္းထုတ္လုပ္သူေတြနဲ႔ နက္ဝပ္ဝန္ေဆာင္မႈလုပ္ငန္းေတြက 5G ဆက္သြယ္မႈ ေနာက္ကို တေကာက္ေကာက္လုိက္ေနစဥ္မွာပဲ Oppo ကေတာ့ ကြဲျပားတဲ့ ေမးခြန္းတစ္ခုကို ထုတ္လိုက္ပါတယ္။ တကယ္လို႔သာ ဖုန္းနက္ဝပ္လည္းမရွိဘူး၊ Wi-Fi သုိ႔မဟုတ္ Bluetooth ေတာင္ မရွိႏုိင္တဲ့ေနရာဆုိရင္ ဘယ္လို လုပ္မလဲ ဆုိတာပါ။

တစ္ခ်ိန္တည္းမွာပဲ ဒီေမးခြန္းအတြက္ အေျဖျဖစ္တဲ့ MeshTalk လို႔အမည္ေပးထားတဲ့ နည္းစနစ္ကိုလည္း Oppo က မိတ္ဆက္ခဲ့ပါတယ္။ ဒီနည္းစနစ္နဲ႔ဆုိရင္ ဘာဆက္သြယ္မႈမွ မရွိတဲ့ေနရာမွာ သုံးကီလိုမီတာအကြာမွ အျခားဖုန္းတစ္လုံးကို စာပုိ႔ျခင္း၊ ေခၚဆုိျခင္းျပဳလုပ္ႏုိင္မယ္လို႔ ဆုိပါတယ္။

နာမည္အတိုင္း Mesh နက္ဝပ္လို႔ေခၚရမယ့္ နည္းပညာဟာ တုိက္ရုိက္ဆက္သြယ္ဖို႔အတြက္ ေဝးကြာေနရင္ေတာင္ အနားမွာရွိတဲ့ အျခားဟန္းဆက္ေတြကေန တဆင့္ မိမိပို႔လႊတ္လိုတဲ့ ဟန္းဆက္ဆီ ေရာက္ေအာင္ မက္ေဆ့ကို အဆင့္ဆင့္ပို႔သြားႏုိင္ပါတယ္။

MeshTalk အေနနဲ႔ ဒီလိုေဝးလံတဲ့ အကြာအေဝးကို ဆက္သြယ္လို႔ရဖို႔အတြက္ Sensitivity ျမွင့္တင္ထားတဲ့ Chip တစ္ခုကိုအသုံးျပဳရမွာပါ။ သူဟာ Low-bandwidth နည္းပညာတစ္ခုျဖစ္ေပမယ့္ စာပို႔ရုံသာမကဘဲ အသံနဲ႔ပါ ေခၚယူေပးပို႔ႏုိင္ေစမယ္လို႔ ဆုိပါတယ္။

ဒီစနစ္ဟာ ပါဝါစားလည္း သက္သာမွာပါ။ Oppo က MeshTalk စနစ္ကို ဖြင့္ထားတဲ့အခါမွာ ၇၂ နာရီထိ ခံႏုိင္မယ့္ ဖုန္းေတြကို ထုတ္လုပ္လိုပါတယ္။ ဒါဟာ အေရးေပၚအေျခအေနေတြမွာဆုိရင္ အမွန္တကယ္ အသုံးဝင္ႏုိင္သလို ဖုန္းေခၚဆုိမႈမ်ားၿပီး သိပ္မကြာေဝးတဲ့ ေနရာမွာ ေနထိုင္သူေတြအတြက္ ေဘလ္ကုန္ သက္သာေစမယ့္ အခြင့္အေရးလည္း ရွိေနပါတယ္။

Oppo ဟာ ေလာေလာဆယ္ MeshTalk ကို ဘယ္လိုနည္းပညာနဲ႔တည္ေဆာက္ထားတယ္ဆုိတာ မေျပာၾကားေသးသလို MeshTalk ပါဝင္လာမယ့္ ပထမဆုံးဟန္းဆက္အား ဘယ္အခ်ိန္မွာ ေစ်းကြက္ထဲ ပို႔ေဆာင္မယ္ဆုိတာကိုလည္း မသိရေသးပါဘူး။

Ref – GSM Arena

Unicode

တစ်ကမ္ဘာလုံးက စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ နက်ဝပ်ဝန်ဆောင်မှုလုပ်ငန်းတွေက 5G ဆက်သွယ်မှု နောက်ကို တကောက်ကောက်လိုက်နေစဉ်မှာပဲ Oppo ကတော့ ကွဲပြားတဲ့ မေးခွန်းတစ်ခုကို ထုတ်လိုက်ပါတယ်။ တကယ်လို့သာ ဖုန်းနက်ဝပ်လည်းမရှိဘူး၊ Wi-Fi သို့မဟုတ် Bluetooth တောင် မရှိနိုင်တဲ့နေရာဆိုရင် ဘယ်လို လုပ်မလဲ ဆိုတာပါ။

တစ်ချိန်တည်းမှာပဲ ဒီမေးခွန်းအတွက် အဖြေဖြစ်တဲ့ MeshTalk လို့အမည်ပေးထားတဲ့ နည်းစနစ်ကိုလည်း Oppo က မိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းစနစ်နဲ့ဆိုရင် ဘာဆက်သွယ်မှုမှ မရှိတဲ့နေရာမှာ သုံးကီလိုမီတာအကွာမှ အခြားဖုန်းတစ်လုံးကို စာပို့ခြင်း၊ ခေါ်ဆိုခြင်းပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

နာမည်အတိုင်း Mesh နက်ဝပ်လို့ခေါ်ရမယ့် နည်းပညာဟာ တိုက်ရိုက်ဆက်သွယ်ဖို့အတွက် ဝေးကွာနေရင်တောင် အနားမှာရှိတဲ့ အခြားဟန်းဆက်တွေကနေ တဆင့် မိမိပို့လွှတ်လိုတဲ့ ဟန်းဆက်ဆီ ရောက်အောင် မက်ဆေ့ကို အဆင့်ဆင့်ပို့သွားနိုင်ပါတယ်။

MeshTalk အနေနဲ့ ဒီလိုဝေးလံတဲ့ အကွာအဝေးကို ဆက်သွယ်လို့ရဖို့အတွက် Sensitivity မြှင့်တင်ထားတဲ့ Chip တစ်ခုကိုအသုံးပြုရမှာပါ။ သူဟာ Low-bandwidth နည်းပညာတစ်ခုဖြစ်ပေမယ့် စာပို့ရုံသာမကဘဲ အသံနဲ့ပါ ခေါ်ယူပေးပို့နိုင်စေမယ်လို့ ဆိုပါတယ်။

ဒီစနစ်ဟာ ပါဝါစားလည်း သက်သာမှာပါ။ Oppo က MeshTalk စနစ်ကို ဖွင့်ထားတဲ့အခါမှာ ၇၂ နာရီထိ ခံနိုင်မယ့် ဖုန်းတွေကို ထုတ်လုပ်လိုပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေတွေမှာဆိုရင် အမှန်တကယ် အသုံးဝင်နိုင်သလို ဖုန်းခေါ်ဆိုမှုများပြီး သိပ်မကွာဝေးတဲ့ နေရာမှာ နေထိုင်သူတွေအတွက် ဘေလ်ကုန် သက်သာစေမယ့် အခွင့်အရေးလည်း ရှိနေပါတယ်။

Oppo ဟာ လောလောဆယ် MeshTalk ကို ဘယ်လိုနည်းပညာနဲ့တည်ဆောက်ထားတယ်ဆိုတာ မပြောကြားသေးသလို MeshTalk ပါဝင်လာမယ့် ပထမဆုံးဟန်းဆက်အား ဘယ်အချိန်မှာ ဈေးကွက်ထဲ ပို့ဆောင်မယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

Ref – GSM Arena