OPPO က တရုတ်မှာ K10 နဲ့ K10 Pro ကို ကြေညာလိုက်ပြီး OPPO K10 အကြောင်းကို အရင်ပြောပြပေးပါ့မယ်။ OPPO K10 မှာ ၆.၅၉ လက်မ 120Hz မျက်နှာပြင် ပါလာပြီး 240Hz Touch Response Rate ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 8000 Max SoC မောင်းနှင်ထားပြီး 5nm Process နဲ့ တည်ဆောက်ထားတာပါ။

Oppo K10

အပူချိန်လျှော့ချဖို့အတွက် Diamond VC Liquid Cooling System ထည့်သွင်းထားပြီး UFS 3.1 Storage နဲ့ LPDDR5 RAM ထောက်ပံ့ထားပါတယ်။ NFC, WiFi 6 နဲ့ Bluetooth 5.2 ဆက်သွယ်မှုတွေ ထည့်ထားပြီး 67W Charging ပါတဲ့ 5,000mAh ဘက်ထရီကို ၂၉ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Oppo K10

OPPO K10 မှာ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Wide နဲ့ 2MP Portrait ကင်မရာ ၃ လုံး ပါလာပါတယ်။

OPPO က K10 Pro ကိုလည်း ကြေညာလိုက်ပြီး K10 နဲ့ ကွာခြားချက်က Snapdragon 888 Chipset , 80W Fast Charging နဲ့ 50MP Sony IMX766 Main ကင်မရာတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ K10 မှာ IPS မျက်နှာပြင်ပဲ တပ်ဆင်ထားပြီး K10 Pro မှာ ၆.၆၂ လက်မ AMOLED 120Hz မျက်နှာပြင် ပါလာပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပြီး တခြား Specs တွေက K10 နဲ့ တူညီပါတယ်။

Oppo K10 Pro

ဒီလ ၃၀ ရက်နေ့ စတင် ရောင်းချမှာပါ။ K10 ရဲ့ 8/128GB , 8/256GB နဲ့ 12/256GB ကို ၃၀၈ ဒေါ်လာ ၊ ၃၃၈ ဒေါ်လာနဲ့ ၃၈၄ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၅၇၀,၀၀၀ ကျပ်ဝန်းကျင် ကျသင့်ပါတယ်။

Pro အတွက်လည်း အဲဒီ Memory Configuration တွေပဲ ထုတ်လုပ်ထားပြီး ၃၈၄ ဒေါ်လာ၊ ၄၃၀ ဒေါ်လာနဲ့ ၄၉၂ ဒေါ်လာ အသီးသီး သတ်မှတ်ထားကာ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၇၁၀,၀၀၀ ကျပ်ဝန်းကျင် ကျသင့်ပါတယ်။

Ref : gizchina