OPPO က စွမ်းရည်သင့် စမတ်ဖုန်း K10X ကို ကြေညာလိုက်ပါတယ်။ ၆.၅၉ လက်မ FHD LCD မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 695 Chipset မောင်းနှင်ထားပြီး 67W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Oppo K10x With Snapdragon 695 SoC, Heat Dissipation System Launched: Price, Specifications - MUC

OPPO K10X ရဲ့ အနောက်ဘက်မှာ 64MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ Android 12 အခြေပြု OPPO ColorOS 12.1 မောင်းနှင်ထားပြီး နားကြပ်ပေါက် ပါလာပါတယ်။ ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Hiybrid Dual SIM Slot ထည့်သွင်းထားပါတယ်။

OPPO K10x With 120Hz Display, Snapdragon 695 SoC, Up to 12GB RAM Launched: Price, Specifications - nbcnews.com.ng

OPPO K10X အတွက် Aurora နဲ့ Polar Black ၂ ရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 8/128GB ကို ၂၁၃ ဒေါ်လာနဲ့ တန်ဖိုး အများဆုံး 12/256GB ကို ၂၈၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena