OPPO ဟာ အခုနောက်ပိုင်းမှာ Mid Range A Series အပြင် High End Reno Series ဖုန်းတွေကိုပါ 5G Support နဲ့ မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်ထပ် 5G Support ပြုလုပ်မယ့် Mid Range Series အသစ်နဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ စမတ်ဖုန်းကိုတေ့ာ OPPO K7x လို့ နာမည်ပေးထားပြီးတော့ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ OPPO K7x နဲ့ ပတ်သက်ပြီး Teaser Design အရ လေးထောင့် Camera Setup ၊ 5G Support နဲ့ ကြီးမားတဲ့ Battery ပါဝင်လာမယ်ဆိုတာကလွဲပြီး ကျန်တဲ့သတင်းတွေသိရှိရခြင်းမရှိသေးပါဘူး။

OPPO K7x စမတ်ဖုန်းဟာ 5G Support ပြုလုပ်မှာဖြစ်တဲ့အတွက် Performance ပိုင်းမှာ Qualcomm Snapdragon 690 Chipset သို့မဟုတ် MediaTek Dimensity Series Chipset တွေကို အသုံးပြုလာနိုင်ပါတယ်။ ယခင်တုန်းကလည်း PERM00 ဆိုတဲ့ Model Number ပါဝင်တဲ့ OPPO ဖုန်းတစ်လုံးက TENAA Website မှာ 6.5″ Full HD+ LCD Display ၊ 5000mAh Battery တွေနဲ့ ထွက်ပေါ်ခဲ့ဖူးတဲ့အတွက် အဆိုပါဖုန်းက OPPO K7x ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO K7x စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့တဲ့ OPPO K7 5G ထက် စျေးသက်သာဖွယ်ရှိနေပါတယ်။ အဲ့ဒီအတွက် တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) အောက်နဲ့ပဲ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena