[Zawgyi]

စမတ္ဖုန္းထုတ္လုပ္သူေတြအတြက္ Virtual Assistant စနစ္ေတြကို ဖန္တီးတာဟာ တဖန္ျပန္လည္ ေခတ္စားလာျပန္ပါၿပီ။ ဒါေပမယ့္ လက္ရွိေစ်းကြက္ထဲမွာကို လုံေလာက္တာထက္ ပိုလွ်ံေနၿပီလို႔ ဆုိႏိုင္ေသာ္လည္း OPPO ကေတာ့ သူတုိ႔ရဲ႕ AI လက္ေထာက္အသစ္ Breeno နဲ႔ ဒီထဲကို ဝင္ပါဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

OPPO ကုမၸဏီဟာ သူတုိ႔ရဲ႕ Virtual Assistant ကို အခုအပတ္ ေပက်င္းျမိဳ႕မွာ က်င္းပခဲ့တဲ့ ၂၀၁၈ Developers ကြန္ဖရန္႔ပြဲမွာ ေၾကျငာခဲ့ၿပီး “5G ေခတ္သစ္အတြက္ ဥာဏ္ရည္ျမင့္ Assistant” လို႔ ဆုိခဲ့ပါတယ္။ OPPO က သူတုိ႔ရဲ႕ Virtual Assistant အသစ္ကို 5G နဲ႔ ဘယ္လိုမ်ဳိးေပါင္းစပ္လာမလဲ ဆုိတာ မသိရေပမယ့္ 5G ဆုိတဲ့ စကားလုံးကိုေတာ့ Breeno ရဲ႕ရည္မွန္းခ်က္အျဖစ္ ထည့္သြင္းအသုံးျပဳလိုက္တယ္။

OPPO က Breeno မွာ “စက္ႏွင္စနစ္တစ္ခုလုံးနဲ႔ ပတ္သက္ႏုိင္တဲ့ စြမ္းေဆာင္ရည္” ရွိတယ္လို႔ ဆုိလာတဲ့ အတြက္ သူတုိ႔ရဲ႕ ထုတ္ကုန္ေတြမွာ နက္ရႈိင္းစြာ ပါဝင္ပတ္သက္လာႏုိင္ပါတယ္။ ဒါေပမယ့္ အျခား ဟန္းဆက္ေတြ မွာလည္း သုံးခ်င္သုံးလို႔ရမွာျဖစ္ၿပီး Breeno ကို အျခား ပါတနာေတြ၊ Developer ေတြအတြက္လည္း တံခါးဖြင့္ထားေၾကာင္း OPPO ရဲ႕ႏုိင္ငံတကာ Vice President ျဖစ္သူ Andy Wu က ဆုိတယ္။

လက္ရွိမွာ Breeno ကို တရုတ္ျပည္တြင္းမွာပဲ အသုံးျပဳႏုိင္ပါေသးတယ္။ ဒါေပမယ့္ OPPO ရဲ႕ ဇာတိေျမ မွာလည္း Virtual Assistant ၿပိဳင္ဘက္ေတြက မနည္းလွပါဘူး။ Alibaba ရဲ႕ AliGenie, Baidu ရဲ႕ DuerOS နဲ႔ အနီးကပ္ၿပိဳင္ဘက္ စမတ္ဖုန္းထုတ္လုပ္သူ တစ္ဦးျဖစ္တဲ့ Xiaomi ရဲ႕ Xiaoai တုိ႔ျဖင့္ ျပည့္ႏွက္ေနၿပီးသားပါ။ အျခား ႏုိင္ငံတကာၿပိဳင္ဘက္ေတြကိုပါ ထည့္တြက္ရင္ေတာ့ Amazon, Google နဲ႔ Microsoft တုိ႔လို နည္းပညာဘီလူးႀကီး ေတြကိုပါ ယွဥ္ၿပိဳင္ရမွာျဖစ္တယ္။

OPPO ရဲ႕ Assistant အသစ္ဟာ စမတ္ဖုန္းေတြမွာသာ ပါဝင္မွာလား ဆုိတာကိုလည္း မသိရေသးဘူး။ ဒါေပမယ့္ စမတ္ဖုန္းတစ္မ်ဳိးတည္းမွာသာ သုံးစြဲလာတဲ့ AI Assistant ေတြဟာ ပုိၿပီး ရပ္တည္ေအာင္ျမင္ဖို႔ ခက္ခဲတယ္ဆုိတာကိုေတာ့ ေရွ႕မွာ သင္ခန္းစာေတြ ရွိခဲ့ၿပီးသားပါ။ ဆမ္ေဆာင္းရဲ႕ စမတ္ဖုန္းေတြမွာသာ အသုံးျပဳတဲ့ Bixby ဟာ Google Assistant နဲ႔ Amazon Alexa တုိ႔ေလာက္ မတြင္က်ယ္ႏုိင္တာက သက္ေသတစ္ခု ျဖစ္ပါတယ္။

Ref – Android Authority

[Unicode]

စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် Virtual Assistant စနစ်တွေကို ဖန်တီးတာဟာ တဖန်ပြန်လည် ခေတ်စားလာပြန်ပါပြီ။ ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာကို လုံလောက်တာထက် ပိုလျှံနေပြီလို့ ဆိုနိုင်သော်လည်း OPPO ကတော့ သူတို့ရဲ့ AI လက်ထောက်အသစ် Breeno နဲ့ ဒီထဲကို ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပါတယ်။

OPPO ကုမ္ပဏီဟာ သူတို့ရဲ့ Virtual Assistant ကို အခုအပတ် ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ Developers ကွန်ဖရန့်ပွဲမှာ ကြေငြာခဲ့ပြီး “5G ခေတ်သစ်အတွက် ဉာဏ်ရည်မြင့် Assistant” လို့ ဆိုခဲ့ပါတယ်။ OPPO က သူတို့ရဲ့ Virtual Assistant အသစ်ကို 5G နဲ့ ဘယ်လိုမျိုးပေါင်းစပ်လာမလဲ ဆိုတာ မသိရပေမယ့် 5G ဆိုတဲ့ စကားလုံးကိုတော့ Breeno ရဲ့ရည်မှန်းချက်အဖြစ် ထည့်သွင်းအသုံးပြုလိုက်တယ်။

OPPO က Breeno မှာ “စက်နှင်စနစ်တစ်ခုလုံးနဲ့ ပတ်သက်နိုင်တဲ့ စွမ်းဆောင်ရည်” ရှိတယ်လို့ ဆိုလာတဲ့ အတွက် သူတို့ရဲ့ ထုတ်ကုန်တွေမှာ နက်ရှိုင်းစွာ ပါဝင်ပတ်သက်လာနိုင်ပါတယ်။ ဒါပေမယ့် အခြား ဟန်းဆက်တွေ မှာလည်း သုံးချင်သုံးလို့ရမှာဖြစ်ပြီး Breeno ကို အခြား ပါတနာတွေ၊ Developer တွေအတွက်လည်း တံခါးဖွင့်ထားကြောင်း OPPO ရဲ့နိုင်ငံတကာ Vice President ဖြစ်သူ Andy Wu က ဆိုတယ်။

လက်ရှိမှာ Breeno ကို တရုတ်ပြည်တွင်းမှာပဲ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် OPPO ရဲ့ ဇာတိမြေ မှာလည်း Virtual Assistant ပြိုင်ဘက်တွေက မနည်းလှပါဘူး။ Alibaba ရဲ့ AliGenie, Baidu ရဲ့ DuerOS နဲ့ အနီးကပ်ပြိုင်ဘက် စမတ်ဖုန်းထုတ်လုပ်သူ တစ်ဦးဖြစ်တဲ့ Xiaomi ရဲ့ Xiaoai တို့ဖြင့် ပြည့်နှက်နေပြီးသားပါ။ အခြား နိုင်ငံတကာပြိုင်ဘက်တွေကိုပါ ထည့်တွက်ရင်တော့ Amazon, Google နဲ့ Microsoft တို့လို နည်းပညာဘီလူးကြီး တွေကိုပါ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

OPPO ရဲ့ Assistant အသစ်ဟာ စမတ်ဖုန်းတွေမှာသာ ပါဝင်မှာလား ဆိုတာကိုလည်း မသိရသေးဘူး။ ဒါပေမယ့် စမတ်ဖုန်းတစ်မျိုးတည်းမှာသာ သုံးစွဲလာတဲ့ AI Assistant တွေဟာ ပိုပြီး ရပ်တည်အောင်မြင်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ ရှေ့မှာ သင်ခန်းစာတွေ ရှိခဲ့ပြီးသားပါ။ ဆမ်ဆောင်းရဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြုတဲ့ Bixby ဟာ Google Assistant နဲ့ Amazon Alexa တို့လောက် မတွင်ကျယ်နိုင်တာက သက်သေတစ်ခု ဖြစ်ပါတယ်။

Ref – Android Authority