OPPO က အိန္ဒိယမှာ နားကြပ် အသစ် ၂ ခုကို ရောင်းပေးလိုက်ပြီး Enco W31 True Wireless နဲ့ Enco M31 Neckband Earphones တွေ ဖြစ်ပါတယ်။

OPPO Enco W31

Enco W31 ဟာ In-ear Design ဖြစ်ပြီး အသံပို့ စနစ်က တော်တော်မြန်ပါတယ်။ ဆီလီကွန်ထိပ်ဖူး ပါလာပြီး နားကြပ်ဟာ ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ W31 မှာ Sound Mode ၂ မျိုးပါပြီး Natural Sound Profile နဲ့ Bass-boost Mode တို့ ဖြစ်ပါတယ်။ စပီကာတွေမှာ ဖုန်းပြောချိန်အတွင်း အသံဆူညံတာကို ဖျောက်ပေးတဲ့ မိုက်ကရိုဖုန်း ၂ လုံးပါပါတယ်။ ၃,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇သောင်း ၄ထောင်လောက်ရှိပါတယ်။ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး မေလ ၁၅ ရက်နေ့ ရောင်းမှာပါ။

OPPO Enco M31

Enco M31 ဟာ လည်ပင်းမှာ ပတ်ထားရတဲ့ မော်ဒယ် ဖြစ်ပြီး Bluetooth 5.0 နဲ့ အသံအရည်အသွေး ကောင်းစေတဲ့ LDAC ပါပါတယ်။ 9.2mm Dynamic Drivers နဲ့ သီးခြား Bass Chambers တွေ ထည့်ထားပါတယ်။ ဖုန်းပြောချိန်မှာ ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို လျှော့ချပေးဖို့ AI က ကူညီပေးထားပါတယ်။ ၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃သောင်း ၇ထောင် လောက်ရှိပါတယ်။ Amazon ကနေ မေလ ၂၃ ရက်နေ့မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena