[Zawgyi]

၂၀၁၈ တစ္ႏွစ္လုံးမွာ နည္းပညာသစ္ေတြ အၿပိဳင္အဆိုင္ထုတ္၊ ေဈးႏႈန္းေတြ အၿပိဳင္အဆိုင္ ေလွ်ာ့ခ်ခဲ့ၾကတာကို အားလုံးလည္း ေတြ႕ခဲ့ၾကမွာပါ။ အခုလည္း OPPO က ေနာက္ဆုံးေပၚနည္းပညာကို မယုံၾကည္ႏိုင္စရာ ေဈးႏႈန္းနဲ႔ ဝယ္ယူရရွိႏိုင္မယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ OPPO Fan ေတြအတြက္ တကယ္လည္း ဝမ္းသာစရာ သတင္းေကာင္းျဖစ္မယ္လို႔ ဆိုရမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ေဈးမႀကီးတဲ့ Mid-range အမ်ိဳးအစားကိုမွ In−Display Fingerprint Scanner ထည့္သြင္းေပးထားမယ္လို႔ ေျပာလိုက္တာပါပဲ။ တ႐ုတ္စမတ္ဖုန္းကုမၸဏီကေတာ့ အိႏၵိယေဈးကြက္ကို In−Display scanner ပါတဲ့ Mid-range နဲ႔ သိမ္းပိုက္ဖို႔ အရွိန္အဟုန္ျမႇင့္တင္ေနတယ္လို႔လည္း နည္းပညာမီဒီယာႀကီးအခ်ိဳ႕က ေရးသားေဖာ္ျပေနၾက ပါၿပီ။

Flipkart မွာေတြ႕ရတဲ့ OPPO ရဲ႕ ေၾကာ္ျငာအရဆိုရင္ေတာ့ တတိယစာသားက စိတ္ဝင္စားစရာ အေကာင္းဆုံးလို႔ ေျပာရမွာပါ။ OPPO ဟာ ID Scanner ပါတဲ့ Mid-range စမတ္ဖုန္းကို တစ္လုံးတည္းထုတ္ေရာင္းမွာမဟုတ္ဘဲ Series လိုက္ ေရာင္းမယ္လို႔ အဓိပၸါယ္ရပါတယ္။ ဒါျဖင့္ရင္ OPPO အေနနဲ႔ F9 series ေနရာမွာ Series သစ္နဲ႔ အစားထိုးသြားမလားလို႔ ေတြးစရာ ျဖစ္လာပါတယ္။

အေစာပိုင္းတုန္းကေတာ့ OPPO F11 နဲ႔ F11 Pro ေတြထြက္မယ္လို႔ ေကာလာဟလေတြ ျဖစ္ေပၚခဲ့ဖူးပါေသးတယ္။ ဒါေပမယ့္ ဒီရက္ထဲမွာေတာ့ OPPO ရဲ႕ ေၾကာ္ျငာသစ္ကသာ လူေတြစိတ္အဝင္စားဆုံး ျဖစ္သြားရပါတယ္။ အိႏၵိယေဈးကြက္ထဲမွာေတာ့ Mid-range ေဈးႏႈန္းနဲ႔ In−Display Fingerprint scanner ဆိုတဲ့စကားက ေရပန္းစားတဲ့ ေခါင္းစဥ္တစ္ခု ျဖစ္ေနတယ္လို႔သိရပါတယ္။

Ref: GSMArena

[Unicode]

In−Display Fingerprint Scanner ပါတဲ့ Mid-range ကို အိန္ဒိယမှာ မိတ်ဆက်တော့မယ့် OPPO

၂၀၁၈ တစ်နှစ်လုံးမှာ နည်းပညာသစ်တွေ အပြိုင်အဆိုင်ထုတ်၊ ဈေးနှုန်းတွေ အပြိုင်အဆိုင် လျှော့ချခဲ့ကြတာကို အားလုံးလည်း တွေ့ခဲ့ကြမှာပါ။ အခုလည်း OPPO က နောက်ဆုံးပေါ်နည်းပညာကို မယုံကြည်နိုင်စရာ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ OPPO Fan တွေအတွက် တကယ်လည်း ဝမ်းသာစရာ သတင်းကောင်းဖြစ်မယ်လို့ ဆိုရမှာပါ။

ဘာကြောင့်လဲဆိုတော့ ဈေးမကြီးတဲ့ Mid-range အမျိုးအစားကိုမှ In−Display Fingerprint Scanner ထည့်သွင်းပေးထားမယ်လို့ ပြောလိုက်တာပါပဲ။ တရုတ်စမတ်ဖုန်းကုမ္ပဏီကတော့ အိန္ဒိယဈေးကွက်ကို In−Display scanner ပါတဲ့ Mid-range နဲ့ သိမ်းပိုက်ဖို့ အရှိန်အဟုန်မြှင့်တင်နေတယ်လို့လည်း နည်းပညာမီဒီယာကြီးအချို့က ရေးသားဖော်ပြနေကြ ပါပြီ။

Flipkart မှာတွေ့ရတဲ့ OPPO ရဲ့ ကြော်ငြာအရဆိုရင်တော့ တတိယစာသားက စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ပြောရမှာပါ။ OPPO ဟာ ID Scanner ပါတဲ့ Mid-range စမတ်ဖုန်းကို တစ်လုံးတည်းထုတ်ရောင်းမှာမဟုတ်ဘဲ Series လိုက် ရောင်းမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဖြင့်ရင် OPPO အနေနဲ့ F9 series နေရာမှာ Series သစ်နဲ့ အစားထိုးသွားမလားလို့ တွေးစရာ ဖြစ်လာပါတယ်။

အစောပိုင်းတုန်းကတော့ OPPO F11 နဲ့ F11 Pro တွေထွက်မယ်လို့ ကောလာဟလတွေ ဖြစ်ပေါ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဒီရက်ထဲမှာတော့ OPPO ရဲ့ ကြော်ငြာသစ်ကသာ လူတွေစိတ်အဝင်စားဆုံး ဖြစ်သွားရပါတယ်။ အိန္ဒိယဈေးကွက်ထဲမှာတော့ Mid-range ဈေးနှုန်းနဲ့ In−Display Fingerprint scanner ဆိုတဲ့စကားက ရေပန်းစားတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေတယ်လို့သိရပါတယ်။

Ref: GSMArena