Unicode

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ရှင်းလင်းတဲ့ Display နဲ့ စမတ်ဖုန်းဒီဇိုင်းကိုရရှိဖို့ အမျိုးမျိုးကြိုးစားနေကြပါတယ်။ နောက်ဆုံးမြင်တွေ့ထားရတဲ့ ဒီဇိုင်းတွေမှာတော့ Selfie ကင်မရာလေးကို ထည့်သွင်းဖို့ Notch တွေ၊ Punch-hole တွေနဲ့ Pop-up သို့မဟုတ် Rotating ကင်မရာ စသဖြင့် ပေါင်းစုံပါပဲ။

ဒါပေမယ့် ယနေ့ Oppo ကနေ မှတ်ပုံတင်ယူထားတဲ့ ဒီဇိုင်းက အားလုံးထက်ပိုထူးဆန်းနေပြီး ပထမဆုံးအကြိမ်အဖြစ် ဟန်းဆက်ရဲ့ ဘေးဘက်မှာ Pop-up Selfie ထည့်သွင်းထားတဲ့ပုံကို မြင်တွေ့ရပါတယ်။ ဒီဉာဏဆိုင်ရာ မှတ်ပုံတင်မှုကို တရုတ်ပြည်တွင်းက CNIPA မှာ တင်လာခဲ့တာပါ။

သူ့ရဲ့ ပုံကြမ်းထဲမှာတော့ Pop-up စတိုင်လ်နဲ့ Camera Module ဟာ ဖုန်းရဲ့ဘေးဘက်ကနေ ထိုးထွက်လာတာကို အခုလို တွေ့ရမှာဖြစ်ပါတယ်။ Pop-up ကင်မရာကို ထည့်ထားတဲ့ နေရာရဲ့နောက်ဘက်မှာ ကျောဘက်ကင်မရာကို မြင်တွေ့ရမှာဖြစ်ပြီး ရှေ့နောက်ကင်မရာတွေကို တစ်နေရာတည်းမှာ စုပေးထားမယ့် သဘောပါပဲ။

လက်ရှိအချိန်မှာတော့ အခု ဒီဇိုင်းဟာ Concept အဆင့်သာရှိသေးတယ်လို့ ယူဆရပြီး ဈေးကွက်ထဲမှာ တကယ် မြင်တွေ့ရမလား၊ သို့မဟုတ် ဘယ်တော့ မြင်တွေ့ရမလဲ ဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမယ့် Oppo ရဲ့ ဆန်းသစ်တဲ့ စိတ်ကူးကို မြင်ရတာက လာမယ့်နှစ်တွေမှာ သမာရိုးကျ Pop-up ဒီဇိုင်းတွေနဲ့ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာ သေချာစေပါတယ်။

Ref – GSM Arena

Zawgyi

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ရွင္းလင္းတဲ့ Display နဲ႔ စမတ္ဖုန္းဒီဇုိင္းကိုရရွိဖို႔ အမ်ဳိးမ်ဳိးႀကိဳးစားေနၾကပါတယ္။ ေနာက္ဆုံးျမင္ေတြ႕ထားရတဲ့ ဒီဇုိင္းေတြမွာေတာ့ Selfie ကင္မရာေလးကို ထည့္သြင္းဖို႔ Notch ေတြ၊ Punch-hole ေတြနဲ႔ Pop-up သုိ႔မဟုတ္ Rotating ကင္မရာ စသျဖင့္ ေပါင္းစုံပါပဲ။

ဒါေပမယ့္ ယေန႔ Oppo ကေန မွတ္္ပုံတင္ယူထားတဲ့ ဒီဇုိင္းက အားလုံးထက္ပုိထူးဆန္းေနၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဟန္းဆက္ရဲ႕ ေဘးဘက္မွာ Pop-up Selfie ထည့္သြင္းထားတဲ့ပုံကို ျမင္ေတြ႔ရပါတယ္။ ဒီဥာဏဆုိင္ရာ မွတ္ပုံတင္မႈကို တရုတ္ျပည္တြင္းက CNIPA မွာ တင္လာခဲ့တာပါ။

သူ႕ရဲ႕ ပုံၾကမ္းထဲမွာေတာ့ Pop-up စတုိင္လ္နဲ႔ Camera Module ဟာ ဖုန္းရဲ႕ေဘးဘက္ကေန ထုိးထြက္လာတာကို အခုလို ေတြ႕ရမွာျဖစ္ပါတယ္။ Pop-up ကင္မရာကို ထည့္ထားတဲ့ ေနရာရဲ႕ေနာက္ဘက္မွာ ေက်ာဘက္ကင္မရာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ေရွ႕ေနာက္ကင္မရာေတြကို တစ္ေနရာတည္းမွာ စုေပးထားမယ့္ သေဘာပါပဲ။

လက္ရွိအခ်ိန္မွာေတာ့ အခု ဒီဇုိင္းဟာ Concept အဆင့္သာရွိေသးတယ္လုိ႔ ယူဆရၿပီး ေစ်းကြက္ထဲမွာ တကယ္ ျမင္ေတြ႕ရမလား၊ သုိ႔မဟုတ္ ဘယ္ေတာ့ ျမင္ေတြ႕ရမလဲ ဆုိတာ မသိႏုိင္ေသးပါဘူး။ ဒါေပမယ့္ Oppo ရဲ႕ ဆန္းသစ္တဲ့ စိတ္ကူးကို ျမင္ရတာက လာမယ့္ႏွစ္ေတြမွာ သမာရုိးက် Pop-up ဒီဇုိင္းေတြနဲ႔ ရပ္တန္႔ေနမွာ မဟုတ္ဘူးဆုိတာ ေသခ်ာေစပါတယ္။

Ref – GSM Arena