ယခင်တုန်းက စမတ်ဖုန်းတွေရဲ့ Display ကို ပုံမှန် Flat Design မဟုတ်ဘဲ Curved Display အနေနဲ့ထုတ်လုပ်နေတာက Samsung Flagship ဖုန်းတွေပဲလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအများအပြားကပါ Curved Display နဲ့ စမတ်ဖုန်းတွေအများအပြားကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။

အဆိုပါ Curved Display တွေထဲကမှ Huawei နဲ့ Vivo လိုမျိုးကုမ္ပဏီတွေဆိုရင် လုံးဝဘေးဘက်ဘောင်တွေအထိ Curved ပြုလုပ်ထားတဲ့ Waterfall Display နဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း OPPO ကနေ အလားတူ Curved Display Design ကို မူပိုင်ခွင့်ရယူလိုက်ပြီလို့ သိရပါတယ်။

OPPO ရဲ့ မူပိုင်ခွင့်အရတော့ Waterfall Display အစား Super Curved Display ဆိုပြီး နာမည်ခေါ်ဆိုထားမှာဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ကို CNIPA (China National Intellectual Property Office) မှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းထဲက တင်ထားခဲ့တာဖြစ်ပြီး ယခုအောက်တိုဘာလ ၉ ရက်နေ့မှ အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ယခု OPPO ရဲ့ Super Curved Display မူပိုင်ခွင့်အကြောင်းကို LetsGoDigital ကနေ ဖော်ပြထားခဲ့တာဖြစ်ပြီး Render ပုံအရ Display က ဖုန်းရဲ့ ဘေးဘက်ဘောင်တွေအထိ ရောက်ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘေးဘက်မှာ ပါနေကျဖြစ်တဲ့ Power နဲ့ Volume Keys တွေလည်းပါဝင်မှာမဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ Huawei Mate 30 Pro လိုမျိုး ဘေးဘက် Curved Display ထဲမှာပဲ ထည့်သွင်းသွားမယ်လို့ ယူဆရပါတယ်။

OPPO ဟာ လက်ရှိအချိန်မှာ Reno4 Pro လိုမျိုး စမတ်ဖုန်းတွေကို Curved AMOLED Display နဲ့မိတ်ဆက်ထားပြီးတေ့ာ နောက်ပိုင်း Flagship ဖုန်းတွေမှာလည်း အခုလို Super Curved Display ကိုပါ အဆင့်မြှင့်တင်လာဖို့ များနေပါတယ်။

Ref – Gizmo China