Zawgyi

ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက OPPO ကေန US နဲ႔ အေနာက္ပုိင္းႏုိင္ငံေစ်းကြက္ကို မဝင္ေရာက္ခင္ အရင္ဆံုး European Operation ေတြကို အရင္ျပဳလုပ္သြားမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ OPPO ကေန World Intellectual Property Organization (WIPO) မွာ Design မႈပိုင္ခြင့္တစ္ခုကို တင္လုိက္ျပီးေတာ့ ဒါက OPPO အတြက္ International Market ကို ဝင္ေရာက္မယ့္ ဒီဇုိင္းလည္းျဖစ္လာႏုိင္ပါတယ္။

အခု OPPO ကေန မႈပိုင္ခြင့္တင္လုိက္တဲ့ Design က ယခင္တုန္းက မိတ္ဆက္ခဲ့တဲ့ OPPO Find X စမတ္ဖုန္းလုိမ်ိဳး Slider Mechanism ကိုပဲ အသံုးျပဳထားျပီး ပံုစံအနည္းေတာ့ ကြဲလြဲေနေသးတာျဖစ္ပါတယ္။ အဓိကအခ်က္အေနနဲ႔ကေတာ့ OPPO Find X က Back Camera ကိုပါ Slider Mechanism မွာ ျမဴပ္ထားတာျဖစ္ျပီး အခု မႈပိုင္ခြင့္တင္ထားတဲ့ Design က Front Facing Selfie Camera ကိုပဲ Slider ထဲမွာ ထည့္ထားတာျဖစ္ပါတယ္။

ဒီ OPPO ရဲ႕ Slider Mechanism မွာ Dual Selfie Camera ကို ေတြ႕ရျပီးေတာ့ ေနာက္ေက်ာဘက္မွာလည္း Dual Camera ကိုပဲ အသံုးျပဳထားတာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ V Shaped Design လုပ္ထားတာကလည္း ေတာ္ေတာ္ေလးကို လွတယ္လုိ႔ေျပာလို႔ရပါတယ္။ လက္ရွိ High End နဲ႔ Flagship ဖုန္းေတြမွာ အနည္းဆံုး Triple Camera ေလာက္ကို တပ္ဆင္လာၾကေတာ့ အခု OPPO က မႈပိုင္ခြင့္ရယူထားတဲ့ဖုန္းက Mid Range ဖုန္းတစ္ခုျဖစ္လာဖုိ႔လည္း မ်ားေနပါတယ္။

ေနာက္ျပီးေတာ့ ယခုဖုန္းမွာ 3.5mm Audio Port လည္းပါဝင္ျခင္းမရွိဘဲ USB-C ကိုပဲ အသံုးျပဳထားတာျဖစ္ပါတယ္။ Screen Display ကလည္း ေဘးဘက္ကို အနည္းငယ္ခံုးေနတဲ့ Curved Design လုပ္ထားတာပါ။

ဘာပဲျဖစ္ျဖစ္ OPPO ရဲ႕ ဒီ Slider Design အသစ္နဲ႔ ဖုန္းက ဘယ္အမ်ိဳးအစားျဖစ္လာမလဲဆုိတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Phone Arena

Unicode

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက OPPO ကနေ US နဲ့ အနောက်ပိုင်းနိုင်ငံဈေးကွက်ကို မဝင်ရောက်ခင် အရင်ဆုံး European Operation တွေကို အရင်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OPPO ကနေ World Intellectual Property Organization (WIPO) မှာ Design မှုပိုင်ခွင့်တစ်ခုကို တင်လိုက်ပြီးတော့ ဒါက OPPO အတွက် International Market ကို ဝင်ရောက်မယ့် ဒီဇိုင်းလည်းဖြစ်လာနိုင်ပါတယ်။

အခု OPPO ကနေ မှုပိုင်ခွင့်တင်လိုက်တဲ့ Design က ယခင်တုန်းက မိတ်ဆက်ခဲ့တဲ့ OPPO Find X စမတ်ဖုန်းလိုမျိုး Slider Mechanism ကိုပဲ အသုံးပြုထားပြီး ပုံစံအနည်းတော့ ကွဲလွဲနေသေးတာဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့ကတော့ OPPO Find X က Back Camera ကိုပါ Slider Mechanism မှာ မြူပ်ထားတာဖြစ်ပြီး အခု မှုပိုင်ခွင့်တင်ထားတဲ့ Design က Front Facing Selfie Camera ကိုပဲ Slider ထဲမှာ ထည့်ထားတာဖြစ်ပါတယ်။

ဒီ OPPO ရဲ့ Slider Mechanism မှာ Dual Selfie Camera ကို တွေ့ရပြီးတော့ နောက်ကျောဘက်မှာလည်း Dual Camera ကိုပဲ အသုံးပြုထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် V Shaped Design လုပ်ထားတာကလည်း တော်တော်လေးကို လှတယ်လို့ပြောလို့ရပါတယ်။ လက်ရှိ High End နဲ့ Flagship ဖုန်းတွေမှာ အနည်းဆုံး Triple Camera လောက်ကို တပ်ဆင်လာကြတော့ အခု OPPO က မှုပိုင်ခွင့်ရယူထားတဲ့ဖုန်းက Mid Range ဖုန်းတစ်ခုဖြစ်လာဖို့လည်း များနေပါတယ်။

နောက်ပြီးတော့ ယခုဖုန်းမှာ 3.5mm Audio Port လည်းပါဝင်ခြင်းမရှိဘဲ USB-C ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Screen Display ကလည်း ဘေးဘက်ကို အနည်းငယ်ခုံးနေတဲ့ Curved Design လုပ်ထားတာပါ။

ဘာပဲဖြစ်ဖြစ် OPPO ရဲ့ ဒီ Slider Design အသစ်နဲ့ ဖုန်းက ဘယ်အမျိုးအစားဖြစ်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Phone Arena