[Zawgyi]

Asus Zenfone 6 ဟာ ေစ်းခ်ိဳတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ပါတယ္။ အလန္းစား Specs ေတြ ပါသလုိ ZenUI ကလည္း Stock Android လို ရိုးရွင္းၿပီး Customize လုပ္ႏုိင္တဲ့အတြက္ လူႀကိဳက္မ်ားပါတယ္။ ဒါေပမယ့္ အဲဒီဖုန္းရဲ႕ အလန္းဆံုး အစိတ္အပိုင္းက ေမာ္တာ အေျချပဳ Dual Rear Camera ေတြ ျဖစ္ၿပီး အေရွ႕ဘက္ကို ေခါက္ခ်ိဳးၿပီး သံုးႏုိင္ပါတယ္။

အဲဒီ ဒီဇိုင္းဟာ ကင္မရာ ကုန္က်တာ သက္သာတဲ့အတြက္ တျခား ဖုန္း ကုမၸဏီေတြက လိုက္အသုံးျပဳမယ္ဆိုတာ ေသခ်ာပါတယ္။ Meitu က အဲဒီ ကင္မရာ ဒီဇိုင္းပါတဲ့ ဖုန္းကို ဖန္တီးေနတဲ့ သတင္းေတြထြက္ေနပါတယ္။

အခုေတာ့ OPPO ကလည္း အဲဒီ လမ္းစဥ္ကို လိုက္ေတာ့မွာ ျဖစ္ပါတယ္။ OPPO က  Zenfone 6 စတိုင္ Flip Camera ပါတဲ့ ဖုန္းကို World Intellectual Property Office မွာ မွတ္ပံုတင္လိုက္ပါတယ္။ အဲဒါကို အိႏၵိယ နည္းပညာ ၀က္ဘ္ဆိုက္ Pricebaba က ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ မွတ္ပံုတင္ထားတဲ့ပံုၾကမ္းအရ ဖုန္းမွာ Notch နဲ႔ Punch-hole ေတြ မပါဘဲ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာပါတယ္။ အေနာက္ကင္မရာ ၂ လံုးရဲ႕ ဒီဇိုင္းကလည္း Zenfone 6 နဲ႔ တူၿပီး ကင္မရာ ၂ လံုးၾကားမွာ LED Flash ထည့္ထားပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံကိရိယာ မပါတဲ့ အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္ထားႏုိင္ပါတယ္။ ဖုန္း ကုမၸဏီေတြဟာ သူတို႔ရဲ႕ ဖုန္း ဒီဇိုင္းေတြကို တျခား ကုမၸဏီေတြ မသံုးႏုိင္ေအာင္ မွတ္ပံုတင္ထားေလ့ရွိၾကပါတယ္။ OPPO ရဲ႕ Flip Camera Phone ဟာ တကယ္ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina

[Unicode]

Zenfone 6 စတိုင် Flip Camera ပါတဲ့ ဖုန်းကို မှတ်ပုံတင်လိုက်တဲ့ OPPO

Asus Zenfone 6 ဟာ ဈေးချိုတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ အလန်းစား Specs တွေ ပါသလို ZenUI ကလည်း Stock Android လို ရိုးရှင်းပြီး Customize လုပ်နိုင်တဲ့အတွက် လူကြိုက်များပါတယ်။ ဒါပေမယ့် အဲဒီဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်းက မော်တာ အခြေပြု Dual Rear Camera တွေ ဖြစ်ပြီး အရှေ့ဘက်ကို ခေါက်ချိုးပြီး သုံးနိုင်ပါတယ်။

အဲဒီ ဒီဇိုင်းဟာ ကင်မရာ ကုန်ကျတာ သက်သာတဲ့အတွက် တခြား ဖုန်း ကုမ္ပဏီတွေက လိုက်အသုံးပြုမယ်ဆိုတာ သေချာပါတယ်။ Meitu က အဲဒီ ကင်မရာ ဒီဇိုင်းပါတဲ့ ဖုန်းကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။

အခုတော့ OPPO ကလည်း အဲဒီ လမ်းစဉ်ကို လိုက်တော့မှာ ဖြစ်ပါတယ်။ OPPO က Zenfone 6 စတိုင် Flip Camera ပါတဲ့ ဖုန်းကို World Intellectual Property Office မှာ မှတ်ပုံတင်လိုက်ပါတယ်။ အဲဒါကို အိန္ဒိယ နည်းပညာ ဝက်ဘ်ဆိုက် Pricebaba က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ပုံကြမ်းအရ ဖုန်းမှာ Notch နဲ့ Punch-hole တွေ မပါဘဲ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပါတယ်။ အနောက်ကင်မရာ ၂ လုံးရဲ့ ဒီဇိုင်းကလည်း Zenfone 6 နဲ့ တူပြီး ကင်မရာ ၂ လုံးကြားမှာ LED Flash ထည့်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာ မပါတဲ့ အတွက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားနိုင်ပါတယ်။ ဖုန်း ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖုန်း ဒီဇိုင်းတွေကို တခြား ကုမ္ပဏီတွေ မသုံးနိုင်အောင် မှတ်ပုံတင်ထားလေ့ရှိကြပါတယ်။ OPPO ရဲ့ Flip Camera Phone ဟာ တကယ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina