[Zawgyi]

OPPO ကေတာ့ သူ႔ရဲ႕စမတ္ဖုန္းေတြမွာ Notch ေတြ Slider ေတြ ထည့္သြင္းၿပီးတဲ့ေနာက္မွာေတာ့ Punch-hole ဘက္ကို ေရာက္သြားျပန္ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ OPPO ဟာ “Mobile phone with app icon interface” ေခါင္းစဥ္နဲ႔ WIPO မွာ မူပိုင္ခြင့္တင္ထားတာကို ေတြ႕လိုက္ရလို႔ပဲ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ OPPO Guangdong Mobile Communications အေနနဲ႔ Punch-hole ပါဝင္တဲ့ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းအျဖစ္ မူပိုင္ခြင့္ေတာင္းခံထားတာပါ။ ဒီဖုန္းမွာ Selfie ကင္မရာဟာ မ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ ရွိမယ္လို႔သိရပါတယ္။

မ်က္ႏွာျပင္ေပၚမွာေတာ့ Punch-hole ေပၚမွာ ကင္မရာ Icon ကို တစ္လႊာထပ္အုပ္ထားတယ္လို႔ ဆိုပါတယ္။ သူ႔ကိုႏွိပ္လိုက္ရင္ ကင္မရာ App က ပြင့္သြားမယ္လို႔လည္း သိရပါတယ္။ ပြတ္ဆြဲလိုက္ရင္ တျခား Icon ေတြလည္း ျပသႏိုင္မွာ ျဖစ္ေပမယ့္ Camera app ကေတာ့ အၿမဲတမ္း ဒီေနရာမွာပဲ ပုံေသက်န္ေနမယ္လို႔ သိရပါတယ္။

OPPO ရဲ႕ ပထမဆုံးေသာ Punch-hole camera နဲ႔ စမတ္ဖုန္းကို ေရွ႕လမွာက်င္းပမယ့္ MWC 2019 Barcelona မွာ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။ ဒီ Punch-hole camera နဲ႔ စမတ္ဖုန္းဟာ OPPO F19 နဲ႔ OPPO F19 Pro ႏွစ္မ်ိဳးလုံးမွာ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဒါ့အျပင္ ဒီဖုန္းႏွစ္လုံးစလုံးဟာ ကုမၸဏီရဲ႕ 10x optical zoom technology နဲ႔ In-display fingerprint scanner လည္း ပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။

Ref: Phone Arena

[Unicode]

Punch-hole ဒီဇိုင်းနဲ့ OPPO ဖုန်းကို မကြာခင် မြင်တွေ့ရဖွယ်ရှိ

OPPO ကတော့ သူ့ရဲ့စမတ်ဖုန်းတွေမှာ Notch တွေ Slider တွေ ထည့်သွင်းပြီးတဲ့နောက်မှာတော့ Punch-hole ဘက်ကို ရောက်သွားပြန်ပါပြီ။ ဘာကြောင့်လဲဆိုတော့ OPPO ဟာ “Mobile phone with app icon interface” ခေါင်းစဉ်နဲ့ WIPO မှာ မူပိုင်ခွင့်တင်ထားတာကို တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ OPPO Guangdong Mobile Communications အနေနဲ့ Punch-hole ပါဝင်တဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းအဖြစ် မူပိုင်ခွင့်တောင်းခံထားတာပါ။ ဒီဖုန်းမှာ Selfie ကင်မရာဟာ မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ ရှိမယ်လို့သိရပါတယ်။

မျက်နှာပြင်ပေါ်မှာတော့ Punch-hole ပေါ်မှာ ကင်မရာ Icon ကို တစ်လွှာထပ်အုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ကိုနှိပ်လိုက်ရင် ကင်မရာ App က ပွင့်သွားမယ်လို့လည်း သိရပါတယ်။ ပွတ်ဆွဲလိုက်ရင် တခြား Icon တွေလည်း ပြသနိုင်မှာ ဖြစ်ပေမယ့် Camera app ကတော့ အမြဲတမ်း ဒီနေရာမှာပဲ ပုံသေကျန်နေမယ်လို့ သိရပါတယ်။

OPPO ရဲ့ ပထမဆုံးသော Punch-hole camera နဲ့ စမတ်ဖုန်းကို ရှေ့လမှာကျင်းပမယ့် MWC 2019 Barcelona မှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒီ Punch-hole camera နဲ့ စမတ်ဖုန်းဟာ OPPO F19 နဲ့ OPPO F19 Pro နှစ်မျိုးလုံးမှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် ဒီဖုန်းနှစ်လုံးစလုံးဟာ ကုမ္ပဏီရဲ့ 10x optical zoom technology နဲ့ In-display fingerprint scanner လည်း ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref: Phone Arena