[Unicode]

OPPO ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ ဒီဇိုင်းမူပိုင်ခွင့်အချို့ကို လျှောက်ထားခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းမှာ မြင်တွေ့ရတဲ့ထူးခြားချက်ကတော့ ကျောဘက်ကင်မရာဖွဲ့စည်းပုံ ဒီဇိုင်းဖြစ်ပါတယ်။

စမတ်ဖုန်းရဲ့ကျောဘက်ထိပ်ပိုင်းမှာ ကင်မရာတွေကို လခြမ်းသဏ္ဍာန် ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ မူပိုင်ခွင့်ဒီဇိုင်း Render နဲ့ မှတ်ပုံတင်ထားခြင်းအရ ပိုပြီးထူးခြားတဲ့ပုံစံလို့ ပြောနိုင်တာကတော့ ကင်မရာတွေဟာ အသုံးမပြုဘဲထားတဲ့အချိန်မှာ မြင်တွေ့ရမှာမဟုတ်ဘဲ ပျောက်ကွယ်နေမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ CES 2020 မှာလည်း OnePlus က Invisible camera နဲ့ Concept One ကို ပွဲထုတ်သွားခဲ့ပါသေးတယ်။ ဒါကြောင့် OPPO ရဲ့ ဒီဇိုင်းအရ ကင်မရာတွေဟာ အသုံးမပြုချိန်မှာပျောက်ကွယ်နေပြီး အသုံးပြုချိန်မှာ မြင်တွေ့ရမယ့် Concept One နဲ့ အလားတူပုံစံမျိုးဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ စက်ဝိုင်းခြမ်းပုံသဏ္ဍာန်နေရာရဲ့အောက်မှာမှ ကင်မရာတွေနဲ့ ဖလက်ရှ်တို့ကို ပတ်လမ်းကြောင်းပုံစံနေရာချထားတာက လှပတဲ့ဒီဇိုင်းအယူအဆတစ်ခုလို့တော့ ဆိုရမှာပါ။ ဒီစက်ဝိုင်းခြမ်းပုံသဏ္ဍာန်ဧရိယာဟာ ဘာအတွက်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

OPPO ရဲ့ မကြာခင်မိတ်ဆက်ဖွယ်ရှိတဲ့စမတ်ဖုန်းဟာ Find X2 ဖြစ်နိုင်ပါတယ်။ အခုမြင်တွေ့ရတဲ့ မူပိုင်ခွင့်ဒီဇိုင်းကတော့ ဘယ်အချိန်မှာ အကောင်အထည်ပေါ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ ၂၀၂၀ ဒုတိယနှစ်ဝက်ထဲမှာတော့ Invisible camera တွေက တစ်ခေတ်ဆန်းလာဦးမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။

Ref: Gizmochina

[Zawgyi]

လျခမ္းပုံစံဖြဲ႕စည္းတည္ေဆာက္မႈနဲ႔ Invisible Camera ဒီဇိုင္းကို မူပိုင္ခြင့္တင္ထားတဲ့ OPPO

OPPO ဟာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ ဒီဇိုင္းမူပိုင္ခြင့္အခ်ိဳ႕ကို ေလွ်ာက္ထားခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းမွာ ျမင္ေတြ႕ရတဲ့ထူးျခားခ်က္ကေတာ့ ေက်ာဘက္ကင္မရာဖြဲ႕စည္းပုံ ဒီဇိုင္းျဖစ္ပါတယ္။

စမတ္ဖုန္းရဲ႕ေက်ာဘက္ထိပ္ပိုင္းမွာ ကင္မရာေတြကို လျခမ္းသ႑ာန္ ျဖစ္ေအာင္ ဖြဲ႕စည္းတည္ေဆာက္ထားတာပါ။ မူပိုင္ခြင့္ဒီဇိုင္း Render နဲ႔ မွတ္ပုံတင္ထားျခင္းအရ ပိုၿပီးထူးျခားတဲ့ပုံစံလို႔ ေျပာႏိုင္တာကေတာ့ ကင္မရာေတြဟာ အသုံးမျပဳဘဲထားတဲ့အခ်ိန္မွာ ျမင္ေတြ႕ရမွာမဟုတ္ဘဲ ေပ်ာက္ကြယ္ေနမယ္လို႔ ယူဆရပါတယ္။

ၿပီးခဲ့တဲ့ CES 2020 မွာလည္း OnePlus က Invisible camera နဲ႔ Concept One ကို ပြဲထုတ္သြားခဲ့ပါေသးတယ္။ ဒါေၾကာင့္ OPPO ရဲ႕ ဒီဇိုင္းအရ ကင္မရာေတြဟာ အသုံးမျပဳခ်ိန္မွာေပ်ာက္ကြယ္ေနၿပီး အသုံးျပဳခ်ိန္မွာ ျမင္ေတြ႕ရမယ့္ Concept One နဲ႔ အလားတူပုံစံမ်ိဳးျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ထင္ထင္ရွားရွားျမင္ေတြ႕ေနရတဲ့ စက္ဝိုင္းျခမ္းပုံသ႑ာန္ေနရာရဲ႕ေအာက္မွာမွ ကင္မရာေတြနဲ႔ ဖလက္ရွ္တို႔ကို ပတ္လမ္းေၾကာင္းပုံစံေနရာခ်ထားတာက လွပတဲ့ဒီဇိုင္းအယူအဆတစ္ခုလို႔ေတာ့ ဆိုရမွာပါ။ ဒီစက္ဝိုင္းျခမ္းပုံသ႑ာန္ဧရိယာဟာ ဘာအတြက္လဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

OPPO ရဲ႕ မၾကာခင္မိတ္ဆက္ဖြယ္ရွိတဲ့စမတ္ဖုန္းဟာ Find X2 ျဖစ္ႏိုင္ပါတယ္။ အခုျမင္ေတြ႕ရတဲ့ မူပိုင္ခြင့္ဒီဇိုင္းကေတာ့ ဘယ္အခ်ိန္မွာ အေကာင္အထည္ေပၚလာမလဲဆိုတာ မသိႏိုင္ေသးပါဘူး။ ၂၀၂၀ ဒုတိယႏွစ္ဝက္ထဲမွာေတာ့ Invisible camera ေတြက တစ္ေခတ္ဆန္းလာဦးမလားဆိုတာလည္း ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Gizmochina