[Zawgyi]
OPPO ကုမၸဏီဟာ OPPO F11 Pro စမတ္ဖုန္းကို မၾကာခင္ အိႏၵိယေစ်းကြက္မွာ စတင္ျဖန္႔ခ်ိေတာ့မွာပါ။ ထြက္ရွိထားတဲ့ Teaser ေတြနဲ႔ Leak အခ်က္အလက္ေတြအရ F11 Pro မွာ Notch လုံးဝမပါတဲ့ Display နဲ႔ Pop-up ဆယ္ဖီကင္မရာတုိ႔ ပါဝင္မယ္ဆုိတာ သိထားရပါတယ္။
OPPO ကုမၸဏီဟာ ႏွစ္တုိင္းရဲ႕ ပထမသုံးလပတ္အကုန္မွာ R စီးရီးဖုန္းအသစ္ကို တရုတ္ႏုိင္ငံအတြင္းမွာ မိတ္ဆက္ေနၾကျဖစ္တာေၾကာင့္ ဒီႏွစ္ မတ္လမွာလည္း R19 နဲ႔ R19 Pro တုိ႔ကို မိတ္ဆက္လာမယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။ သတင္းေတြကလည္း OPPO ဟာ တရုတ္ႏုိင္ငံအတြင္းမွာ F11 Pro ကို R19 နဲ႔အတူ ျဖန္႔ခ်ိလာမယ္လို႔ ထြက္ခဲ့တာပါ။
ဒါေပမယ့္ ဒီသတင္းေတြကို ရပ္တန္႔လိုက္သူက OPPO ရဲ႕အႀကီးအကဲ Shen Yiren Brian ပဲျဖစ္ၿပီး သူ႕ရဲ႕ Weibo အေကာင့္ကေန ကုမၸဏီဟာ ဒီႏွစ္မွာ R19 စမတ္ဖုန္းကို ထုတ္လုပ္မွာမဟုတ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ သုိ႔ေသာ္လည္း R19 Pro အမည္ကိုေတာ့ ထည့္သြင္းေျပာဆုိျခင္း မရွိခဲ့ပါဘူး။
ေနာက္ထပ္ Weibo ပုိစ့္တစ္ခုမွာလည္း သူက Pop-up ကင္မရာပါဝင္တဲ့ဖုန္းေတြဟာ ေစ်းကြက္ေတြကို ေျခဆန္႔ေတာ့မယ့္အေၾကာင္း ထပ္ေရးသားခဲ့သလို ကုမၸဏီရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း Prototype ကို ဖန္တီးစမ္းသပ္ေနတာကိုလည္း ေတြ႕ရွိခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ ေလာေလာဆယ္ေတာ့ Foldable ဖုန္းေတြမွာ ထူးျခားတဲ့ စြဲေဆာင္မႈရွိေနတယ္လို႔ မျမင္ေသးေၾကာင္း ေဖာ္ျပခဲ့ပါေသးတယ္။
ဘာပဲျဖစ္ျဖစ္ ဒီႏွစ္ေႏွာင္းပိုင္းေလာက္မွာ ကုမၸဏီဟာ 5G နက္ဝပ္ေထာက္ပံ့မႈနဲ႔ AI နည္းပညာသစ္တုိ႔ ပါဝင္မယ့္ Foldable စမတ္ဖုန္းတစ္လုံးကို ပြဲထုတ္လာမယ္ဆုိတာကိုေတာ့ သူ႕ရဲ႕ပုိစ့္မွာ ျဖည့္စြက္ခဲ့ပါတယ္။ OPPO R19 စမတ္ဖုန္း မရွိေၾကာင္းကိုသာ ေျပာၾကားခဲ့တာျဖစ္ၿပီး R19 Pro အမည္ကိုေတာ့ ထည့္မေျပာခဲ့တာေၾကာင့္ တစ္ခ်ဳိ႕ကေတာ့ မၾကာခင္မွာ R19 Pro ဟန္းဆက္ကို တရုတ္ႏုိင္ငံအတြင္း မိတ္ဆက္လာမယ္လို႔ ယူဆေနတုန္းပါပဲ။
အိႏၵိယေစ်းကြက္ကေတာ့ OPPO F11 Pro စမတ္ဖုန္းကို အရင္ဆုံးဝယ္ယူႏုိင္မယ့္ ေစ်းကြက္ေတြထဲက တစ္ခုျဖစ္ၿပီး ေကာလာဟလ သတင္းေတြအရ ဖုန္းအသစ္ဟာ အိႏၵိယမွာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ကစၿပီး ႀကိဳတင္မွာယူလို႔ ရမယ္လို႔ဆုိပါတယ္။
Ref – Playful Droid
[Unicode]
OPPO ကုမ္ပဏီဟာ OPPO F11 Pro စမတ်ဖုန်းကို မကြာခင် အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိတော့မှာပါ။ ထွက်ရှိထားတဲ့ Teaser တွေနဲ့ Leak အချက်အလက်တွေအရ F11 Pro မှာ Notch လုံးဝမပါတဲ့ Display နဲ့ Pop-up ဆယ်ဖီကင်မရာတို့ ပါဝင်မယ်ဆိုတာ သိထားရပါတယ်။
OPPO ကုမ္ပဏီဟာ နှစ်တိုင်းရဲ့ ပထမသုံးလပတ်အကုန်မှာ R စီးရီးဖုန်းအသစ်ကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်နေကြဖြစ်တာကြောင့် ဒီနှစ် မတ်လမှာလည်း R19 နဲ့ R19 Pro တို့ကို မိတ်ဆက်လာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သတင်းတွေကလည်း OPPO ဟာ တရုတ်နိုင်ငံအတွင်းမှာ F11 Pro ကို R19 နဲ့အတူ ဖြန့်ချိလာမယ်လို့ ထွက်ခဲ့တာပါ။
ဒါပေမယ့် ဒီသတင်းတွေကို ရပ်တန့်လိုက်သူက OPPO ရဲ့အကြီးအကဲ Shen Yiren Brian ပဲဖြစ်ပြီး သူ့ရဲ့ Weibo အကောင့်ကနေ ကုမ္ပဏီဟာ ဒီနှစ်မှာ R19 စမတ်ဖုန်းကို ထုတ်လုပ်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သို့သော်လည်း R19 Pro အမည်ကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။
နောက်ထပ် Weibo ပိုစ့်တစ်ခုမှာလည်း သူက Pop-up ကင်မရာပါဝင်တဲ့ဖုန်းတွေဟာ ဈေးကွက်တွေကို ခြေဆန့်တော့မယ့်အကြောင်း ထပ်ရေးသားခဲ့သလို ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း Prototype ကို ဖန်တီးစမ်းသပ်နေတာကိုလည်း တွေ့ရှိခဲ့ပြီးဖြစ်ကြောင်းနဲ့ လောလောဆယ်တော့ Foldable ဖုန်းတွေမှာ ထူးခြားတဲ့ စွဲဆောင်မှုရှိနေတယ်လို့ မမြင်သေးကြောင်း ဖော်ပြခဲ့ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒီနှစ်နှောင်းပိုင်းလောက်မှာ ကုမ္ပဏီဟာ 5G နက်ဝပ်ထောက်ပံ့မှုနဲ့ AI နည်းပညာသစ်တို့ ပါဝင်မယ့် Foldable စမတ်ဖုန်းတစ်လုံးကို ပွဲထုတ်လာမယ်ဆိုတာကိုတော့ သူ့ရဲ့ပိုစ့်မှာ ဖြည့်စွက်ခဲ့ပါတယ်။ OPPO R19 စမတ်ဖုန်း မရှိကြောင်းကိုသာ ပြောကြားခဲ့တာဖြစ်ပြီး R19 Pro အမည်ကိုတော့ ထည့်မပြောခဲ့တာကြောင့် တစ်ချို့ကတော့ မကြာခင်မှာ R19 Pro ဟန်းဆက်ကို တရုတ်နိုင်ငံအတွင်း မိတ်ဆက်လာမယ်လို့ ယူဆနေတုန်းပါပဲ။
အိန္ဒိယဈေးကွက်ကတော့ OPPO F11 Pro စမတ်ဖုန်းကို အရင်ဆုံးဝယ်ယူနိုင်မယ့် ဈေးကွက်တွေထဲက တစ်ခုဖြစ်ပြီး ကောလာဟလ သတင်းတွေအရ ဖုန်းအသစ်ဟာ အိန္ဒိယမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစပြီး ကြိုတင်မှာယူလို့ ရမယ်လို့ဆိုပါတယ်။
Ref – Playful Droid