[Zawgyi]

ျမန္မာႏိုင္ငံတြင္ တရားဝင္ က်င္းပျပဳလုပ္သြားမယ့္ PUBG MOBILE Myanmar Tournament ၿပိဳင္ပြဲႀကီးကို OPPO Myanmar မွ Title Sponsor အျဖစ္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။ PLAYERUNKNOWN’S BATTLEGROUNDS (PUBG) မိုဘိုင္းဂိမ္းကို ထုတ္လုပ္ေသာ Tencent Company သည္ PUBG MOBILE Myanmar Tournament ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ တရားဝင္ယူေဆာင္လာတာျဖစ္ၿပီး OPPO Myanmar နဲ႔ ႏွစ္ရွည္ပူးေပါင္းေဆာင္႐ြက္ကာ PUBG မိုဘိုင္းဂိမ္းၿပိဳင္ပြဲမ်ားကို က်င္းပေပးသြားေတာ့မွာ ျဖစ္ပါတယ္။ Global company တစ္ခုျဖစ္တဲ့ OPPO ဟာ ၂၀၁၉ အတြင္း Tencent နဲ႔ ပူးေပါင္းကာ PUBG MOBILE Tournament ၿပိဳင္ပြဲေတြကို အိႏၵိယနဲ႔ ႐ုရွားမွာလည္း က်င္းပေပးေနၿပီး ျမန္မာႏိုင္ငံအတြက္ ပထမဆုံးအႀကိမ္ Title Sponsor အျဖစ္ပံ့ပိုးကူညီသြားေတာ့မွာ ျဖစ္ပါတယ္။ က်င္းပျပဳလုပ္မယ့္ ၿပိဳင္ပြဲေတြကို Game Cast Network Myanmar မွလည္း organizer အေနျဖင့္ ကူညီအားျဖည့္ေပးသြားမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

OPPO Myanmar မွ Title Sponsor အျဖစ္ကူညီပံ့ပိုေပးထားေသာ ပထမဆုံးၿပိဳင္ပြဲျဖစ္တဲ့ Community Battlegrounds ၿပိဳင္ပြဲကို ဇူလိုင္လ (၁၄) ရက္ေန႔က online ၿပိဳင္ပြဲတစ္ခုအျဖစ္ PUBG MOBILE official page တြင္ စာရင္းေပးသြင္းမႈေတြျပဳလုပ္ခဲ့ၿပီး အုပ္စုအဆင့္ၿပိဳင္ပြဲေတြကို ဇူလိုင္လ (၂၂)ရက္ေန႔က အသင္းေပါင္း (၁၆၀) သင္း ပါဝင္ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ အုပ္စုတစ္ခုျခင္းဆီကေန အႏိုင္ရရွိေသာ အသင္း (၁၆) သင္းကို ဖိုင္နယ္အျဖစ္ ယွဥ္ၿပိဳင္ကစားေစခဲ့ၿပီး အႏိုင္ရရွိေသာအသင္း (၄)သင္းကို စုစုေပါင္း UC 100,000 points ခ်ီးျမင့္ခဲ့ပါတယ္။

ဒုတိယေျမာက္ၿပိဳင္ပြဲျဖစ္ေသာ King of the Hills ကိုလည္းက်င္းပေပးသြားမည္

PUBG မိုဘိုင္းဂိမ္းခ်စ္သူေတြပါဝင္ကစားႏိုင္မယ့္ King of the Hills offline event ၿပိဳင္ပြဲကိုလည္း OPPO Myanmar မွ စက္တင္ဘာလ (၁)ရက္ေန႔ Junction Square တြင္ က်င္းပေပးသြားမွာ ျဖစ္ၿပီး pre-register လုပ္ရန္မလိုပဲ PUBG ဂိမ္းကို စိတ္ဝင္စားတဲ့ မည္သူမဆိုပါဝင္ဆင္ႏႊဲႏိုင္မွာျဖစ္ပါတယ္။ King of the Hills ၿပိဳင္ပြဲတြင္ မ်က္ႏွာျပင္ျပည့္ Panoramic Screen၊ PUBGလို မိုဘိုင္းဂိမ္းကစားရာမွာ frame rate မက်ပဲ ညက္ေညာစြာကစားႏိုင္ေအာင္ ေထာက္ပံ့ေပးထားတဲ့ Hyperboost၊ 4000 mAh ဘက္ထရီ နဲ႔အတူ VOOC 3.0 အျမန္အားသြင္းစနစ္ ပါဝင္ေသာ OPPO F11 Pro စမတ္ဖုန္းျဖင့္ ကူညီပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္။ King of the Hills PUBG MOBILE Tournament ၿပိဳင္ပြဲကို ပထမအဆင့္ Community Battlegrounds ၿပိဳင္ပြဲတြင္ ပထမဆုနဲ႔ ဒုတိယဆုရရွိေသာ အသင္းမ်ားမွ ကစားသမား (၈)ဦးနဲ႔အတူ TPP Mode တြင္ Solo ပြဲမ်ား ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္ေသာ PUBG မိုဘိုင္းဂိမ္းခ်စ္သူမ်ားကို စုစုေပါင္းဆုေၾကးေငြ 1,000 USD အထိခ်ီးျမႇင့္ေပးသြားမွာ ျဖစ္တဲ့အတြက္ လာေရာက္ကစားႏိုင္ရန္ ဖိတ္ေခၚလိုက္ရပါတယ္။

[Unicode]

မြန်မာနိုင်ငံတွင် တရားဝင်ကျင်းပပြုလုပ်မယ့် PUBG MOBILE Myanmar Tournament ပြိုင်ပွဲကြီးကို Title Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ့် OPPO

မြန်မာနိုင်ငံတွင် တရားဝင် ကျင်းပပြုလုပ်သွားမယ့် PUBG MOBILE Myanmar Tournament ပြိုင်ပွဲကြီးကို OPPO Myanmar မှ Title Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ PLAYERUNKNOWN’S BATTLEGROUNDS (PUBG) မိုဘိုင်းဂိမ်းကို ထုတ်လုပ်သော Tencent Company သည် PUBG MOBILE Myanmar Tournament ပြိုင်ပွဲကို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ယူဆောင်လာတာဖြစ်ပြီး OPPO Myanmar နဲ့ နှစ်ရှည်ပူးပေါင်းဆောင်ရွက်ကာ PUBG မိုဘိုင်းဂိမ်းပြိုင်ပွဲများကို ကျင်းပပေးသွားတော့မှာ ဖြစ်ပါတယ်။ Global company တစ်ခုဖြစ်တဲ့ OPPO ဟာ ၂၀၁၉ အတွင်း Tencent နဲ့ ပူးပေါင်းကာ PUBG MOBILE Tournament ပြိုင်ပွဲတွေကို အိန္ဒိယနဲ့ ရုရှားမှာလည်း ကျင်းပပေးနေပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် Title Sponsor အဖြစ်ပံ့ပိုးကူညီသွားတော့မှာ ဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲတွေကို Game Cast Network Myanmar မှလည်း organizer အနေဖြင့် ကူညီအားဖြည့်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

OPPO Myanmar မှ Title Sponsor အဖြစ်ကူညီပံ့ပိုပေးထားသော ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ Community Battlegrounds ပြိုင်ပွဲကို ဇူလိုင်လ (၁၄) ရက်နေ့က online ပြိုင်ပွဲတစ်ခုအဖြစ် PUBG MOBILE official page တွင် စာရင်းပေးသွင်းမှုတွေပြုလုပ်ခဲ့ပြီး အုပ်စုအဆင့်ပြိုင်ပွဲတွေကို ဇူလိုင်လ (၂၂)ရက်နေ့က အသင်းပေါင်း (၁၆၀) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စုတစ်ခုခြင်းဆီကနေ အနိုင်ရရှိသော အသင်း (၁၆) သင်းကို ဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပြီး အနိုင်ရရှိသောအသင်း (၄)သင်းကို စုစုပေါင်း UC 100,000 points ချီးမြင့်ခဲ့ပါတယ်။

ဒုတိယမြောက်ပြိုင်ပွဲဖြစ်သော King of the Hills ကိုလည်းကျင်းပပေးသွားမည်

PUBG မိုဘိုင်းဂိမ်းချစ်သူတွေပါဝင်ကစားနိုင်မယ့် King of the Hills offline event ပြိုင်ပွဲကိုလည်း OPPO Myanmar မှ စက်တင်ဘာလ (၁)ရက်နေ့ Junction Square တွင် ကျင်းပပေးသွားမှာ ဖြစ်ပြီး pre-register လုပ်ရန်မလိုပဲ PUBG ဂိမ်းကို စိတ်ဝင်စားတဲ့ မည်သူမဆိုပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ King of the Hills ပြိုင်ပွဲတွင် မျက်နှာပြင်ပြည့် Panoramic Screen၊ PUBGလို မိုဘိုင်းဂိမ်းကစားရာမှာ frame rate မကျပဲ ညက်ညောစွာကစားနိုင်အောင် ထောက်ပံ့ပေးထားတဲ့ Hyperboost၊ 4000 mAh ဘက်ထရီ နဲ့အတူ VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သော OPPO F11 Pro စမတ်ဖုန်းဖြင့် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ King of the Hills PUBG MOBILE Tournament ပြိုင်ပွဲကို ပထမအဆင့် Community Battlegrounds ပြိုင်ပွဲတွင် ပထမဆုနဲ့ ဒုတိယဆုရရှိသော အသင်းများမှ ကစားသမား (၈)ဦးနဲ့အတူ TPP Mode တွင် Solo ပွဲများ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သော PUBG မိုဘိုင်းဂိမ်းချစ်သူများကို စုစုပေါင်းဆုကြေးငွေ 1,000 USD အထိချီးမြှင့်ပေးသွားမှာ ဖြစ်တဲ့အတွက် လာရောက်ကစားနိုင်ရန် ဖိတ်ခေါ်လိုက်ရပါတယ်။