Oppo ကနေ သူတို့ရဲ့ Mid Range စမတ်ဖုန်း Series ဖြစ်တဲ့ F Series ဖုန်းသစ်တစ်ခုဖြစ်လာမယ့် Oppo F7 ကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Oppo ကနေ သူတို့ရဲ့ Flagship R Series ဖုန်းသစ် Oppo R15 စမတ်ဖုန်းကို ထုတ်လုပ်မယ့်အချိန်နဲ့ အချက်အလက်အချို့ကို ထုတ်ဖော်ပြောကြလိုက်ပါတယ်။

Oppo ဟာ Oppo R15 စမတ်ဖုန်းကို F7 စမတ်ဖုန်းကို ထုတ်ပြပြီး ၆ ရက်အကြာ မတ်လ ၃၁ ရက်နေ့မှာ ပြသသွားမှာဖြစ်ပြီးတော့ ထူးခြားချက်ကတော့ ကင်မရာပဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် Oppo R15 ဖုန်းမှာ Sony IMX 519 Image Sensor Camera ကို Primary Sensor အဖြစ်အသုံးပြုသွားမှာဖြစ်ပြီး ဒါက လက်ရှိစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးသော Camera Sensor လည်းဖြစ်ပါတယ်။

Oppo R15 ဖုန်းဟာ Dual Camera အသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်ပေမယ့် Oppo ကတော့ အခုအချိန်မှာ Primary Camera Sensor အကြောင်းကိုပဲ ပြောကြားသွားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Oppo R15 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ကင်မရာအကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။