Zawgyi

ဒီေန႔ေခတ္မွာ ျမန္ႏႈန္းျမင့္အားသြင္းတဲ့နည္းပညာေတြဟာ စမတ္ဖုန္းေစ်းကြက္ရဲ႕ဆြဲေဆာင္မႈအသစ္ျဖစ္လာပါတယ္။ ဖုန္းကုမၸဏီေတြဟာဆိုရင္ သူတို႔ဖုန္းေတြမွာေနာက္ဆံုးေပၚ ျမန္ႏႈန္းျမင့္အားသြင္းတဲ့နည္းပညာေတြ ထည့္ဖို႔အတြက္အျပင္းအထန္ႀကိဳးစားေနၾကပါတယ္။
VIVO လိုမ်ိဳးအဓိကဖုန္းထုတ္လုပ္ေရးကုမၸဏီအမ်ားစုမွာ သူတို႔ရဲ႕ကိုယ္ပိုင္ျမန္ႏႈန္းျမင့္ အားသြင္းတဲ့နည္းပညာပိုင္ဆိုင္ထားျပီးပါျပီ။ OnePlus မွာဆိုရင္ Dash Charging ကိုသံုးထားၿပီး OPPO မွာဆိုရင္ Super VOOC Charging ကိုသံုးထားပါတယ္။ အားသြင္းႏႈန္းစမ္းသပ္ခ်က္တစ္ခုအရ OPPO R17 Pro ဟာ မိနစ္ ၃၀ အားသြင္းရံုနဲ႔ 92% ထိအားျပည့္ခဲ့ျပီး တစ္ျခားျပိဳင္ဘက္ဖုန္း ၅၉ လံုးထဲမွာ ပထမေနရာကရပ္တည္ႏိုင္ခဲ့ပါတယ္။

ဘယ္အားအျမန္သြင္းစနစ္မဆို 0% ကေန 75% (ခန္႔မွန္းေျခ) ေလာက္ထိ ျမန္ႏိုင္သမွ်အျမန္ဆံုး အားသြင္းဖို႔ၾကိဳးစားၾကျပီး 75% ေက်ာ္လာတာနဲ႔ ဘက္ထရီကို မထိခိုက္ေစဖို႔အတြက္ အားသြင္းႏွုန္းကို တစ္ျဖည္းျဖည္း ေလွ်ာ့ခ်ရပါတယ္။ အဲ့အတြက္ 0% ကေန 75% ထိ အျမန္ဆံုး အားသြင္းႏိုင္ဖို႕က အရမ္းအေရးၾကီးပါတယ္။ ေလာေလာဆယ္ စမတ္ဖုန္းေလာကမွာ OnePlus 6T နဲ႔ တူတယ္ဆိုျပီး နာမည္ၾကီးေနတဲ့ OPPO R17 Pro ရဲ႕အားအျမန္သြင္းစနစ္ကေတာ့ တစ္ကယ္ကို လွ်င္ျမန္ပါတယ္။ ထူးျခားခ်က္အေနနဲ႔ OPPO R17 Pro မွာ ဘက္ထရီ ႏွစ္ခုတပ္ဆင္ေပးထားတာျဖစ္ျပီး အဆိုပါ အခ်က္ေၾကာင့္ပဲ တစ္ျခား ဖုန္းေတြထက္ အားသြင္းျမန္သြားတာပါ။

စမ္းသပ္ခ်က္မွာ အားသြင္းအလြန္ျမန္ပါတယ္လို႔ နာမည္ၾကီးေနတဲ့ OnePlus 6T ေတာင္ ေနာက္က်က်န္ခဲ့ပါတယ္။ ဒါေပမယ့္ OnePlus နဲ႔ OPPO ဟာ မိခင္ ကုမၸဏီ အတူတူပဲျဖစ္ျပီး OnePlus ရဲ႕ Dash Charge ဟာ OPPO ရဲ႕ VOOC နည္းပညာနဲ႔ အတူတူပါပဲ။ R17 Pro မွာ အသံုးျပဳထားတဲ့ Super VOOC ဟာ OnePlus 6T ရဲ႕ ရိုးရိုး VOOC နည္းပညာထက္ အမ်ားၾကီး ျမန္ဆန္ပါတယ္။

Ref: Gizmo China

Unicode

ဒီနေ့ခေတ်မှာ မြန်နှုန်းမြင့်အားသွင်းတဲ့နည်းပညာတွေဟာ စမတ်ဖုန်းဈေးကွက်ရဲ့ဆွဲဆောင်မှုအသစ်ဖြစ်လာပါတယ်။ ဖုန်းကုမ္ပဏီတွေဟာဆိုရင် သူတို့ဖုန်းတွေမှာနောက်ဆုံးပေါ် မြန်နှုန်းမြင့်အားသွင်းတဲ့နည်းပညာတွေ ထည့်ဖို့အတွက်အပြင်းအထန်ကြိုးစားနေကြပါတယ်။
VIVO လိုမျိုးအဓိကဖုန်းထုတ်လုပ်ရေးကုမ္ပဏီအများစုမှာ သူတို့ရဲ့ကိုယ်ပိုင်မြန်နှုန်းမြင့် အားသွင်းတဲ့နည်းပညာပိုင်ဆိုင်ထားပြီးပါပြီ။ OnePlus မှာဆိုရင် Dash Charging ကိုသုံးထားပြီး OPPO မှာဆိုရင် Super VOOC Charging ကိုသုံးထားပါတယ်။ အားသွင်းနှုန်းစမ်းသပ်ချက်တစ်ခုအရ OPPO R17 Pro ဟာ မိနစ် ၃၀ အားသွင်းရုံနဲ့ 92% ထိအားပြည့်ခဲ့ပြီး တစ်ခြားပြိုင်ဘက်ဖုန်း ၅၉ လုံးထဲမှာ ပထမနေရာကရပ်တည်နိုင်ခဲ့ပါတယ်။

ဘယ်အားအမြန်သွင်းစနစ်မဆို 0% ကနေ 75% (ခန့်မှန်းခြေ) လောက်ထိ မြန်နိုင်သမျှအမြန်ဆုံး အားသွင်းဖို့ကြိုးစားကြပြီး 75% ကျော်လာတာနဲ့ ဘက်ထရီကို မထိခိုက်စေဖို့အတွက် အားသွင်းနှုန်းကို တစ်ဖြည်းဖြည်း လျှော့ချရပါတယ်။ အဲ့အတွက် 0% ကနေ 75% ထိ အမြန်ဆုံး အားသွင်းနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ လောလောဆယ် စမတ်ဖုန်းလောကမှာ OnePlus 6T နဲ့ တူတယ်ဆိုပြီး နာမည်ကြီးနေတဲ့ OPPO R17 Pro ရဲ့အားအမြန်သွင်းစနစ်ကတော့ တစ်ကယ်ကို လျှင်မြန်ပါတယ်။ ထူးခြားချက်အနေနဲ့ OPPO R17 Pro မှာ ဘက်ထရီ နှစ်ခုတပ်ဆင်ပေးထားတာဖြစ်ပြီး အဆိုပါ အချက်ကြောင့်ပဲ တစ်ခြား ဖုန်းတွေထက် အားသွင်းမြန်သွားတာပါ။

စမ်းသပ်ချက်မှာ အားသွင်းအလွန်မြန်ပါတယ်လို့ နာမည်ကြီးနေတဲ့ OnePlus 6T တောင် နောက်ကျကျန်ခဲ့ပါတယ်။ ဒါပေမယ့် OnePlus နဲ့ OPPO ဟာ မိခင် ကုမ္ပဏီ အတူတူပဲဖြစ်ပြီး OnePlus ရဲ့ Dash Charge ဟာ OPPO ရဲ့ VOOC နည်းပညာနဲ့ အတူတူပါပဲ။ R17 Pro မှာ အသုံးပြုထားတဲ့ Super VOOC ဟာ OnePlus 6T ရဲ့ ရိုးရိုး VOOC နည်းပညာထက် အများကြီး မြန်ဆန်ပါတယ်။

Ref: Gizmo China