[Zawgyi]

Oppo ကုမၸဏီဟာ ၂၀၁၈ မတ္လမွာ Oppo R15 နဲ႔ R15 Pro Dream Mirror Edition ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ၂၀၁၉ ခုႏွစ္ရဲ႕ မတ္လဝန္းက်င္မွာလည္း မ်ဳိးဆက္သစ္ေတြအျဖစ္ Oppo R19 နဲ႔ R19 Pro တုိ႔ကို မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ယေန႔မွာ တရုတ္ဆုိရွယ္နက္ဝပ္ Weibo ေပၚ ေရာက္လာတဲ့ Oppo R19 အတြက္ Case လို႔ယူဆရတဲ့ ဓါတ္ပုံထဲမွာ သူ႕ရဲ႕ေက်ာဘက္မွာ ဘယ္လို Feature ေတြ ပါလာမလဲ ဆုိတာကို အရိပ္အျမြက္သိခြင့္ရရွိခဲ့ပါၿပီ။

မၾကာေသးခင္က ထြက္ခဲ့တဲ့ Oppo R17 ဟန္းဆက္မွာ Waterdrop Notch ပါတဲ့ Screen ၊ In-Display Fingerprint နဲ႔ Dual ကင္မရာအစုံတုိ႔ ပါလာခဲ့တယ္။ Oppo R19 အတြက္ Case ပုံရိပ္မွာေတာ့ ၂၀၁၉ ေမာ္ဒယ္ ဖုန္းအသစ္ဟာ ယခင္မ်ဳိးဆက္ကို ျပန္လည္ဆန္းသစ္ထားတဲ့ ပုံစံမ်ဳိး ျမင္ေတြ႕ရပါတယ္။ သူ႕ရဲ႕ေက်ာဘက္မွာ Dual ကင္မရာအစုံနဲ႔ LED တုိ႔အတြက္ ေဒါင္လုိက္ေနရာတစ္ခုကို ျမင္ေတြ႕ရသလို Fingerprint အတြက္လည္း ေနရာခ်န္ထားတာ ျမင္ရမွာပါ။

ဒါေပမယ့္ ထူးဆန္းတာက Case ရဲ႕အေပၚဘက္က ခပ္ႀကီးႀကီး ေနရာလြတ္ပဲ ျဖစ္ပါတယ္။ ဒီေနရာမွာ ၾကီးမားတဲ့ ေနရာလြတ္ကို ထားတာေၾကာင့္ အသစ္ထြက္လာမယ့္ Oppo ဖုန္းဟာ Pop-up လုပ္ၿပီး ထုတ္ရမယ့္ ဆယ္လ္ဖီကင္မရာကို သုိဝွက္လာႏုိင္တယ္လို႔ ယူဆစရာျဖစ္ေနတယ္။ အေပၚေထာင့္ေတြမွာလည္း ေနာက္ထပ္ ျဖတ္ထုတ္ထားတဲ့ ေနရာလြတ္ႏွစ္ခု ပါဝင္လာပါေသးတယ္။ ဖုန္းရဲ႕ေအာက္ေျခကေတာ့ USB-C, 3.5mm Jack နဲ႔ စပီကာတုိ႔အတြက္ ေနရာေတြ ပါဝင္တယ္။

က်န္ရွိေသးတဲ့ R19 ရဲ႕ Spec ေတြကေတာ့ လွ်ဳိ႕ဝွက္ခ်က္ျဖစ္ေနဆဲပါပဲ။ ဒါေပမယ့္ ထုိင္ဝမ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူဟာ သူတုိ႔ရဲ႕ R19 စမတ္ဖုန္းကို အခုထိ မေၾကျငာရေသးတဲ့ MediaTek Helio P80 ခ်စ္ပ္ဆက္ အသုံးျပဳသြားမယ္လို႔ ေျပာထားခဲ့ပါတယ္။ R17 ေမာ္ဒယ္လိုပဲ ဒီ SoC မွာ 8GB RAM မန္မုိရီကိုပဲ တပ္ဆင္လာႏုိင္တယ္။ ေလာေလာဆယ္ ဒီေလာက္ပဲ ခန္႔မွန္းလို႔ရေသးၿပီး ေနာက္ထပ္ၾကားရမယ့္ သတင္းေတြကို ေစာင့္ေမွ်ာ္ပါဦးစို႔။

Ref – Playful Droid

[Unicode]

Oppo ကုမ္ပဏီဟာ ၂၀၁၈ မတ်လမှာ Oppo R15 နဲ့ R15 Pro Dream Mirror Edition ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၁၉ ခုနှစ်ရဲ့ မတ်လဝန်းကျင်မှာလည်း မျိုးဆက်သစ်တွေအဖြစ် Oppo R19 နဲ့ R19 Pro တို့ကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရတယ်။ ယနေ့မှာ တရုတ်ဆိုရှယ်နက်ဝပ် Weibo ပေါ် ရောက်လာတဲ့ Oppo R19 အတွက် Case လို့ယူဆရတဲ့ ဓါတ်ပုံထဲမှာ သူ့ရဲ့ကျောဘက်မှာ ဘယ်လို Feature တွေ ပါလာမလဲ ဆိုတာကို အရိပ်အမြွက်သိခွင့်ရရှိခဲ့ပါပြီ။

မကြာသေးခင်က ထွက်ခဲ့တဲ့ Oppo R17 ဟန်းဆက်မှာ Waterdrop Notch ပါတဲ့ Screen ၊ In-Display Fingerprint နဲ့ Dual ကင်မရာအစုံတို့ ပါလာခဲ့တယ်။ Oppo R19 အတွက် Case ပုံရိပ်မှာတော့ ၂၀၁၉ မော်ဒယ် ဖုန်းအသစ်ဟာ ယခင်မျိုးဆက်ကို ပြန်လည်ဆန်းသစ်ထားတဲ့ ပုံစံမျိုး မြင်တွေ့ရပါတယ်။ သူ့ရဲ့ကျောဘက်မှာ Dual ကင်မရာအစုံနဲ့ LED တို့အတွက် ဒေါင်လိုက်နေရာတစ်ခုကို မြင်တွေ့ရသလို Fingerprint အတွက်လည်း နေရာချန်ထားတာ မြင်ရမှာပါ။

ဒါပေမယ့် ထူးဆန်းတာက Case ရဲ့အပေါ်ဘက်က ခပ်ကြီးကြီး နေရာလွတ်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြီးမားတဲ့ နေရာလွတ်ကို ထားတာကြောင့် အသစ်ထွက်လာမယ့် Oppo ဖုန်းဟာ Pop-up လုပ်ပြီး ထုတ်ရမယ့် ဆယ်လ်ဖီကင်မရာကို သိုဝှက်လာနိုင်တယ်လို့ ယူဆစရာဖြစ်နေတယ်။ အပေါ်ထောင့်တွေမှာလည်း နောက်ထပ် ဖြတ်ထုတ်ထားတဲ့ နေရာလွတ်နှစ်ခု ပါဝင်လာပါသေးတယ်။ ဖုန်းရဲ့အောက်ခြေကတော့ USB-C, 3.5mm Jack နဲ့ စပီကာတို့အတွက် နေရာတွေ ပါဝင်တယ်။

ကျန်ရှိသေးတဲ့ R19 ရဲ့ Spec တွေကတော့ လျှို့ဝှက်ချက်ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ သူတို့ရဲ့ R19 စမတ်ဖုန်းကို အခုထိ မကြေငြာရသေးတဲ့ MediaTek Helio P80 ချစ်ပ်ဆက် အသုံးပြုသွားမယ်လို့ ပြောထားခဲ့ပါတယ်။ R17 မော်ဒယ်လိုပဲ ဒီ SoC မှာ 8GB RAM မန်မိုရီကိုပဲ တပ်ဆင်လာနိုင်တယ်။ လောလောဆယ် ဒီလောက်ပဲ ခန့်မှန်းလို့ရသေးပြီး နောက်ထပ်ကြားရမယ့် သတင်းတွေကို စောင့်မျှော်ပါဦးစို့။

Ref – Playful Droid