OPPO ကနေ မကြာသေးမှီက သူရဲ့ R Series ၊ F Series စမတ်ဖုန်းတွေအပြင် Realme နာမည်နဲ့ Series အသစ်ဖုန်းတစ်ခုကို ထုတ်လုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ အဆိုပါ Realme Series စမတ်ဖုန်းတွေက OPPO ရဲ့ A Series ဖုန်းတွေလိုမျိုးပဲ Mid Range ဈေးကွက်ထဲကို ဝင်ရောက်လာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ OPPO ရဲ့ Realme 1 စမတ်ဖုန်းရဲ့ Hand-on ဓါတ်ပုံတွေထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အခု ထွက်လာတဲ့ ဓါတ်ပုံတွေအရတော့ OPPO Realme 1 စမတ်ဖုန်းက OPPO ရဲ့ F7 စမတ်ဖုန်းနဲ့ ဒီဇိုင်းပိုင်း တူညီနေတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက်လှပတဲ့ Diamond Black Back ကိုအသုံးပြုရမယ်လို့ ယူဆရပါတယ်။

Display ပိုင်းအနေနဲ့ကတော့ OPPO Realme စမတ်ဖုန်းက 6″ Full HD+ Display ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ Fingerprint Scanner တော့ပါဝင်မှာမဟုတ်ပဲနဲ့ Face Unlock စနစ်ပဲပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

OPPO Realme 1 စမတ်ဖုန်းဟာ ကင်မရာပိုင်းမှာလည်း အနည်းငယ်လျော့ချခဲ့မှာဖြစ်ပြီးတော့ Primary Back Camera က 13MP ဖြစ်သွားမှာဖြစ်ပြီးတော့ Front Selfie Camera ကတော့ 8MP ပါဝင်လာမှာပဲဖြစ်ပါတယ်။

အခြားသော Specifications တွေအရတော့ OPPO Realme 1 စမတ်ဖုန်းက Mediatek Helio P60 Processor ကိုအသုံးပြုလာမှာဖြစ်ပြီး RAM 6GB နဲ့ 128GB အထိ ရွေးချယ်နိုင်မယ်လို့သိရပါတယ်။ Battery အနေနဲ့တော့ 3400mAh Battery ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Android 8.1 Oreo ကို အသုံးပြုလာမှာပါ။

OPPO Realme 1 စမတ်ဖုန်းဟာ အရင်ဆုံး အိန္ဒိယနိုင်ငံမှာ လာမယ့် မေလ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၈၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။