OPPO က အိန္ဒိယက ဖုန်းတွေအတွက် Android 10 အခြေပြု ColorOS 7 ကို စတင် ဖြန့်ချိဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အဲဒီဖုန်းတွေအတွက် တရုတ်မှာတော့ ဖြန့်ချိပေးခဲ့ပြီးပြီ ဖြစ်ပြီး စွမ်းရည်နိမ့်၊ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် ဖုန်းများ ပါဝင်ပါတယ်။ Reno , Find, K နဲ့ A Series တွေကို အဓိက ဖြန့်ချိပေးခဲ့တာပါ။

Update မှာ အိန္ဒိယအတွက် သီးခြား ဖန်တီးထားတဲ့ လုပ်ဆောင်ချက် တချို့ပါလာပါတယ်။ အိန္ဒိယ ၁ နိုင်ငံလုံးအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး အဲဒီ Update ကို တချို့ မော်ဒယ်တွေအတွက် အရင်ကတည်းက ထည့်သွင်းပေးထားတာပါ။ ဇွန်လမှာ နောက်ထပ် ၆ လုံးနဲ့ ဇူလိုင်လမှာ နောက်ထပ် ၂ လုံးအတွက် ဖြန့်ချိပေးမှာပါ။ ဖြန့်ချိပေးမယ့် ဖုန်း စာရင်းကို အောက်က ပုံတွေမှာ လေ့လာနိုင်ပါတယ်။

ColorOS 7 မှာ UI ကို ဆန်းသစ်ထားပြီး စွမ်းဆောင်ရည် မြင့်မားစေတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ ကင်မရာ စွမ်းရည် တိုးတက်လာပြီး Google ရဲ့ Android 10 လုပ်ဆောင်ချက် အားလုံး ထည့်ထားပါတယ်။

Ref : gsmarena