OPPO ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက Android 10 ကို အခြေခံထားတဲ့ ColorOS 7 ကို မိတ်ဆက်ခဲ့တာပါ။ ၂၀၂၀ အစောပိုင်းမှာ တော့ တရုတ်နိုင်ငံတွင်းက Device တွေကိုပဲ သီးသန့်အဖြစ် ColorOS 7 ကို ဖြန့်ချိခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နိုင်ငံတကာဈေးကွက်က Device တွေဆီပါ ရောက်လာပြီ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Reno Ace, Reno 10x Zoom Edition, Find X, Reno2 တွေအပါအဝင် နိုင်ငံတကာ ဈေးကွက်အတွက် ဖြန့်တဲ့ Reno 10x Zoom, Reno2, and F11နဲ့ F11 Pro တွေမှာလည်း Update သစ်ကို ရရှိနေတာပါ။ ပြီးခဲ့တဲ့ရက်ကတော့ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ColorOS 7 ရရှိမယ့် Device တွေကို ထုတ်ပြန်အသိပေးလိုက်ပါတယ်။

OPPO က ထုတ်ပြန်ကြေညာလိုက်တဲ့ Roadmap အရ ColorOS 7 ကို အသုတ်နှစ်သုတ်ခွဲပြီး ထုတ်ပေးမယ်လို့ သိရပါတယ်။ ပထမအသုတ်က မတ်လ ၁၀ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ OPPO Reno Ace, OPPO Reno Ace Gundam Edition, OPPO Reno10x zoom, OPPO Reno10x zoom FC Barcelona Edition, OPPO Reno R17 Pro, OPPO R17 Pro, OPPO Reno 2 နဲ့ OPPO Find X (ဗားရှင်းအားလုံး) ဟာ ပထမအသုတ်ထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ဒုတိယအသုတ်ကိုတော့ မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပေးမှာဖြစ်ပါတယ်။ OPPO Reno, OPPO Reno 2 Z နဲ့ OPPO F11 Pro တို့ကတော့ ColorOS 7 final version ရရှိကြမှာဖြစ်ပါတယ်။ အိန္ဒိယမှာတော့ OPPO K5 ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ OPPO Reno Z ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့နဲ့ OPPO Reno 2 Z ကိုတော့ မတ်လ ၃၁ ရက်နေတွေမှာ ColorOS 7 Update တွေ အသီးသီး ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena