OPPO Reno 10x Zoom မှာ အနောက်ကင်မရာ ၃ လုံးပါလာပြီး Periscope ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ Periscope နဲ့အတူ 48MP Main နဲ့ 8MP Ultrawide ကင်မရာတွေကို တွဲဖက်ထားပါတယ်။ ဒါပေမယ့် Main ကနေပဲ ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာပါ။ အခုတော့ ColorOS 7.1 Update နဲ့အတူ ကျန် ကင်မရာ ၂ လုံးကနေလည်း ဗီဒီယို ရိုက်ကူးနိုင်လာပါပြီ။

အဲဒီအတွက် မြင်ကွင်းကျယ် ဗီဒီယိုတွေနဲ့ 5x Optical, 10x Hybrid , 30x Digital Zoom ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။ XDA Junio Member Subzuda က အဲဒီ ကင်မရာတွေကနေ ဗီဒီယို ရိုက်ကူးပြထားတာကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

30fps 1080p Resolution နဲ့ပဲ ရိုက်ကူးပေးနိုင်တာ ဖြစ်ပြီး ဒီထက် Resolution မြင့်တာနဲ့ ရိုက်ချင်ရင် 60fps 4K အထိ ထောက်ပံ့တဲ့ Main ကင်မရာကိုပဲ သုံးရမှာပါ။ Update  Version Number PCCM00_11_C.24 မှာ ဒီလုပ်ဆောင်ချက် ထည့်ပေးလိုက်တာ ဖြစ်ပြီး လက်ရှိ တရုတ်မှာပဲ ရပါသေးတယ်။ ColorOS 7.1 ကို တရုတ် ပြင်ပမှာ ဖြန့်ချိပေးထားပေမယ့် 10x Zoom အတွက် မရသေးပါဘူး။

Ref : gsmarena