OPPO ကနေ ပြီးခဲ့တဲ့လတုန်းက Android 10 ကို အခြေခံထားတဲ့ ColorOS 7 Update ကို Reno2/Z ၊ F11/F11 Pro ၊ A9 နဲ့ R17 ဖုန်းတွေအတွက်ထုတ်ပေးခဲ့ပါတယ်။ အခုလည်းနောက်ထပ် Reno Series ဖုန်းတစ်လုံးဖြစ်တဲ့ Reno 2F အတွက် ColorOS 7 Update ကို ထုတ်ပေးလိုက်ပြီလို့သိရပါတယ်။

အဆိုပါ ColorOS 7 Update ဟာ Android 10 OS ကို အခြေခံထားသလို Stable Version Update ဖြစ်တဲ့အတွက် Beta Program ထဲဝင်ရောက်စရာမလိုအပ်ဘဲ System Update ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ OPPO ဟာ Reno 2F အတွက် ColorOS 7 Beta Program ကို ပြီးခဲ့တဲ့ မတ်လထဲက စတင်ဆောင်ရွက်နေခဲ့တာလည်းဖြစ်ပါတယ်။

OPPO ရဲ့ ပြောကြားချက်အရတော့ ယခင်တုန်းက Beta Program ကို ဝင်ရောက်ထားတဲ့သူတွေအနေနဲ့လည်း Stable Update ကိုရရှိမှာဖြစ်ပြီး နောက်ထပ် Beta Version Update တွေကိုရရှိမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

ColorOS 7 Update ဟာ Software ပိုင်းမှာ သိသိသာသာကို ပြောင်းလဲသွားတာဖြစ်ပြီး System-wide Dark Mode ၊ Navigation Gesture အသစ်တွေ၊ Smart Sidebar ၊ Camera App အသစ်အပြင် Wallpaper အသစ်တွေ၊ Digital Wellbeing Tools အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – XDA-Developers