[Zawgyi]

OPPO Reno 3 5G နဲ႔ Reno 3 Pro 5G တို႔ကို လာမယ့္လမွာ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ အခုေတာ့ OPPO ရဲ႕ ဒုတိယ ဥကၠဌ Brian Shen က Reno 3 Pro 5G မွာ 4,025mAh Battery ပါမယ္လို႔ တြစ္တာမွာ အတည္ျပဳလိုက္ပါတယ္။ ကိုယ္ထည္က အရမ္းပါးလႊာၿပီး ၇.၇ မီလီမီတာပဲ ထူပါတယ္။ ပါးလႊာတဲ့ ကိုယ္ထည္ထဲမွာ အရြယ္ႀကီး Battery ထည့္ထားတာက အရမ္းမိုက္ပါတယ္။ လွ်င္ျမန္စြာ အားသြင္းစနစ္ ပါလာႏုိင္ပါတယ္။

Shen က Pro Model မွာ Dual-mode 5G ပါမယ္လို႔ အရင္က အတည္ျပဳထားပါတယ္။ အဲဒီဖုန္းရဲ႕ တျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ Curved Screen နဲ႔ ColorOS 7 UI ပါတဲ့ ပထမဆံုး ဖုန္း ျဖစ္မွာ ေသခ်ာပါတယ္။

မၾကာခင္ကထြက္ေပၚခဲ့တဲ့ ေပါက္ၾကားသတင္းအရ Reno 3 မွာ Punch-hole Display ပါလာႏုိင္ပါတယ္။ Reno 2 ရဲ႕ ငါးမန္းေတာင္ Pop-up Camera မပါလာေတာ့ပါဘူး။ Reno 3 ဟာ မၾကာခင္ ေၾကညာေတာ့မယ့္ Snapdragon 735 5G SoC ေမာင္းနွင္ထားမယ့္ ပထမဆံုး ဖုန္း ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

အဲဒီ ဖုန္းေတြကို ေၾကညာမယ့္ေန႔ကို ကုမၸဏီကမေျပာေသးပါဘူး။ မၾကာခင္မွာ အသိေပးေတာ့မယ္လို႔ ထင္ရပါတယ္။ တရုတ္မွာ ေရာင္းထားတဲ့ 5G ဖုန္း အမ်ားစုဟာ စြမ္းရည္ျမင့္ ဖုန္းေတြ ျဖစ္ပါတယ္။ စြမ္းရည္သင့္ 5G Chipset ေတြပါတဲ့ Reno 3 Series , Vivo X30 Series , Redmi K30 Series နဲ႔ Realme X50 တို႔လို ေစ်းသိပ္မႀကီးတဲ့ 5G ဖုန္းေတြ မၾကာခင္ ထြက္လာေတာ့မွာပါ။

Ref : gizmochina

[Unicode]

OPPO Reno 3 Pro 5G မှာ 4,025mAh Battery ပါမှာ သေချာပြီ

OPPO Reno 3 5G နဲ့ Reno 3 Pro 5G တို့ကို လာမယ့်လမှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ အခုတော့ OPPO ရဲ့ ဒုတိယ ဥက္ကဌ Brian Shen က Reno 3 Pro 5G မှာ 4,025mAh Battery ပါမယ်လို့ တွစ်တာမှာ အတည်ပြုလိုက်ပါတယ်။ ကိုယ်ထည်က အရမ်းပါးလွှာပြီး ၇.၇ မီလီမီတာပဲ ထူပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည်ထဲမှာ အရွယ်ကြီး Battery ထည့်ထားတာက အရမ်းမိုက်ပါတယ်။ လျှင်မြန်စွာ အားသွင်းစနစ် ပါလာနိုင်ပါတယ်။

Shen က Pro Model မှာ Dual-mode 5G ပါမယ်လို့ အရင်က အတည်ပြုထားပါတယ်။ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Curved Screen နဲ့ ColorOS 7 UI ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်မှာ သေချာပါတယ်။

မကြာခင်ကထွက်ပေါ်ခဲ့တဲ့ ပေါက်ကြားသတင်းအရ Reno 3 မှာ Punch-hole Display ပါလာနိုင်ပါတယ်။ Reno 2 ရဲ့ ငါးမန်းတောင် Pop-up Camera မပါလာတော့ပါဘူး။ Reno 3 ဟာ မကြာခင် ကြေညာတော့မယ့် Snapdragon 735 5G SoC မောင်းနှင်ထားမယ့် ပထမဆုံး ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

အဲဒီ ဖုန်းတွေကို ကြေညာမယ့်နေ့ကို ကုမ္ပဏီကမပြောသေးပါဘူး။ မကြာခင်မှာ အသိပေးတော့မယ်လို့ ထင်ရပါတယ်။ တရုတ်မှာ ရောင်းထားတဲ့ 5G ဖုန်း အများစုဟာ စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပါတယ်။ စွမ်းရည်သင့် 5G Chipset တွေပါတဲ့ Reno 3 Series , Vivo X30 Series , Redmi K30 Series နဲ့ Realme X50 တို့လို ဈေးသိပ်မကြီးတဲ့ 5G ဖုန်းတွေ မကြာခင် ထွက်လာတော့မှာပါ။

Ref : gizmochina