Unicode

OPPO ကနေ Reno 3 Series စမတ်ဖုန်းတွေကို လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပြီး အဲ့ဒီထဲကမှ Reno 3 Pro 5G က အဆိုပါ Reno 3 Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမှာပါ။

OPPO ကနေ ဒီ Reno 3 Pro 5G ဖုန်းကို Hole-Punch Display အပြင် လက်ရှိ Flagship ဖုန်းတွေထဲမှာ သိသိသာသာပိုပါးလွှာတဲ့ 7.7mm အထူပဲရှိမယ်ဆိုတာကို Teaser ပုံတွေယခင်ကလည်း  ထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ Chinese Blogger တစ်ဦးကနေ Weibo မှာ Reno 3 Pro 5G ရဲ့ ဓါတ်ပုံတွေကို တင်ထားခဲ့ပါတယ်။

အဆိုပါ ဓါတ်ပုံတွေက OPPO Reno 3 Pro 5G ရဲ့ 7.7mm ပဲရှိတဲ့အထူကို တိုင်းတာထားတဲ့ပုံတွေဖြစ်ပြီး Reno 2 ၊ iPhone 3GS ၊ Nokia 5300 အပြင် ယခင်တုန်းက ဖုန်းတွေနဲ့ ယှဥ်ပြီး ဘယ်လောက်ပါးလွှာသလဲဆိုတာကို ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့ Reno 2 တုန်းက 9.29mm အထူရှိတဲ့အတွက် ဒီ Reno 3 Pro 5G ဖုန်းဟာ ၂၀၁၉ ခုနှစ်အတွက် အပါးလွှာဆုံး Flagship ဖုန်းတစ်လုံးတောင် ဖြစ်လာနိုင်ခြေရှိနေပါတယ်။

OPPO အနေနဲ့ Reno 3 Pro 5G ဖုန်းကို Battery ပိုင်းအရလည်း လျော့ထားတာမျိုးမရှိဘဲ Snapdragon 765G 5G Processor နဲ့ ပွဲထွက်လာမှာဖြစ်တဲ့အတွက် Design ပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းမှာရော သဘောကျဖို့ကောင်းတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။

Ref – GSM Arena

Zawgyi

OPPO ကေန Reno 3 Series စမတ္ဖုန္းေတြကို လာမယ့္ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ၿပီး အဲ့ဒီထဲကမွ Reno 3 Pro 5G က အဆိုပါ Reno 3 Series ဖုန္းေတြထဲမွာ အေကာင္းဆုံးျဖစ္လာမွာပါ။

OPPO ကေန ဒီ Reno 3 Pro 5G ဖုန္းကို Hole-Punch Display အျပင္ လက္ရွိ Flagship ဖုန္းေတြထဲမွာ သိသိသာသာပိုပါးလႊာတဲ့ 7.7mm အထူပဲရွိမယ္ဆိုတာကို Teaser ပုံေတြယခင္ကလည္း  ထုတ္ျပန္ခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာေတာ့ Chinese Blogger တစ္ဦးကေန Weibo မွာ Reno 3 Pro 5G ရဲ႕ ဓါတ္ပုံေတြကို တင္ထားခဲ့ပါတယ္။

အဆိုပါ ဓါတ္ပုံေတြက OPPO Reno 3 Pro 5G ရဲ႕ 7.7mm ပဲရွိတဲ့အထူကို တိုင္းတာထားတဲ့ပုံေတြျဖစ္ၿပီး Reno 2 ၊ iPhone 3GS ၊ Nokia 5300 အျပင္ ယခင္တုန္းက ဖုန္းေတြနဲ႔ ယွဥ္ၿပီး ဘယ္ေလာက္ပါးလႊာသလဲဆိုတာကို ေဖာ္ျပထားတာပါ။ ၿပီးခဲ့တဲ့ Reno 2 တုန္းက 9.29mm အထူရွိတဲ့အတြက္ ဒီ Reno 3 Pro 5G ဖုန္းဟာ ၂၀၁၉ ခုႏွစ္အတြက္ အပါးလႊာဆုံး Flagship ဖုန္းတစ္လုံးေတာင္ ျဖစ္လာႏိုင္ေျခရွိေနပါတယ္။

OPPO အေနနဲ႔ Reno 3 Pro 5G ဖုန္းကို Battery ပိုင္းအရလည္း ေလ်ာ့ထားတာမ်ိဳးမရွိဘဲ Snapdragon 765G 5G Processor နဲ႔ ပြဲထြက္လာမွာျဖစ္တဲ့အတြက္ Design ပိုင္းအရေရာ၊ စြမ္းေဆာင္ရည္ပိုင္းမွာေရာ သေဘာက်ဖို႔ေကာင္းတဲ့ စမတ္ဖုန္းတစ္လုံးျဖစ္လာမွာပါ။

Ref – GSM Arena