ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သော OPPO သည် အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် နေ့မိုက်ညချော OPPO Reno4 ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်သည်။ OPPO ၏ ထူးခြား ကောင်းမွန်သော နည်းပညာများနှင့် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်ထားသည့် တီထွင်ဖန်တီးနိုင်မှု များကို Reno4 နှင့်အတူ စတင်မိတ်ဆက်လိုက်သည်။ Reno4 သည် မည်သည့်အချိန်တွင်မဆို ဖန်တီးမှု အားကောင်းသည့် Portraits ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးသည့်အခါ ပိုမိုလွယ်ကူစေမည်ဖြစ်ပြီး အသုံးပြုသူတိုင်းကို “နေ့မိုက်ညချော” ဆိုသည့် ခံစားမှုကို ပေးစွမ်းနိုင်ရန် ပုံဖော်ထားခြင်းဖြစ်သည်။

နေ့မိုက်ညချော OPPO Reno4 တွင် 8GB RAM နှင့် 128GB ROM ပါရှိကာ Qualcomm Snapdragon 720G Processor ဖြင့် ပံ့ပိုးထားပြီး AI Color Portrait, Night Flare Portrait စသည့် ထူခြားဆန်းသစ်သော ကင်မရာ Feature များအပြင် 960fps Smart Slow Motion ပါဝင်သောကြောင့် ဓာတ်ပုံနှင့် ဗီဒီယိုတိုင်းတွင် ဖန်တီးမှုကောင်းမွန်သော ပုံရိပ်များဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ Galactic Blue နှင့် Space Black ဟူ၍ အရောင် နှစ်မျိုးဖြင့်ထွက်ရှိလာသော နေ့မိုက်ညချော OPPO Reno4 ကို မြန်မာကျပ်ငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။

ပထမဦးဆုံး Flexible Dual-curved AMOLED Screen နှင့် အတူ Black Color ဖြင့် ထွက်ရှိလာသည့် 46mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Black Colour နဲ့ Golden Pink Color တို့နှင့် ထွက် ရှိလာမည့် AMOLED screen, Google OS အပါအဝင် VOOC အမြန်အားသွင်းခြင်းစနစ်ပါဝင်သော 41mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၂၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO Smart Watch များကို ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

OPPO Reno4 Pre-order မှာယူသူများအတွက် ပိုက်ဆံပေးစရာမလိုဘဲ ဖုန်းပိုင်ဆိုင်ခွင့်ရရှိနိုင်မည့် 100% cash back အစီအစဥ် များအပြင် Reno4 Pre-order Card နှင့် ဖုန်းလာရောက်ထုတ်ယူသူများအနေဖြင့် Enco W11 ကို ဝယ်ယူလျှင် ၁၀,၀၀၀ ကျပ် လျှော့ဈေး၊ Mytel SIM Card အသစ်အသုံးပြုသူများကို 10GB Internet Free Data များ လက်ဆောင် ရရှိသွားမည်ဖြစ်သည်။

နေ့မိုက်ညချော OPPO Reno4 မှ ပထမဆုံးအကြိမ်အဖြစ် လက်နှင့် ထိတွေ့ရန် မလိုသော လုပ်ဆောင်ချက် ပါဝင်သည့် AI-enhanced Smart Sensor နှင့် AI algorithm တို့ကို အသုံးပြုထားသည်။ အဆိုပါ လုပ်ဆောင်ချက်သည် တခြားသူများ မိမိ၏ ဖုန်းမျက်နှာပြင်အား ကြည့်နေပါက ဖုန်းကို Wave များဖြင့် ထိန်းချုပ်မှုရှိစေပြီး လုံခြုံစေနိုင်မည်ဖြစ်သည်။

OPPO Myanmar AED ၏ Project Director ဖြစ်သူ Mr. Will က “ဒီ Reno စီးရီးဟာဆိုရင် စမတ်ဖုန်းကင်မရာ နည်းပညာထဲမှာ အကောင်းဆုံးဖြစ်ပြီးတော့ အသစ်ထုတ်လုပ်လိုက်တဲ့ ဒီ Reno4 မှာ Portrait နဲ့ Videography features အသစ်တွေကို ဆက်လက်ပြီး ဆန်းသစ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော် အနေနဲ့ ဒီ Feature တွေက အသုံးပြုသူတွေကို Empower ဖြစ်စေပြီး ထင်ပေါ်စေမှာပါ။ အခု ဒီဖုန်းမှာ ကျွန်တော်တို့ ဆန်းသစ်တီထွင်ထားတဲ့ Imaging Technology ကအစ လက်နှင့် ထိတွေ့စရာ မလိုတဲ့ ခေတ်သစ်နည်းပညာအပါအဝင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဒီဇိုင်းနဲ့ VOOC Flash Charging နည်းပညာ အဆုံး ပါဝင်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အမြဲပြောင်းလဲနေတဲ့ Trend ကို မျက်ခြေမပြတ် ကြည့်ပြီး စမတ်ဖုန်းနည်းပညာလောကရဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်မှုရှိအောင် တီထွင်ပြုလုပ်ထားပါတယ်” ဟုပြောကြားခဲ့သည်။

ခေတ်ရှေ့ပြေးဒီဇိုင်းဖြင့် “နေ့မိုက်ညချော” စေမည့် အသွင်ကို ရယူလိုက်ပါ။

နေ့မိုက်ညချော OPPO Reno4 တွင် ဆန်းသစ်သော Features များနှင့်အတူ ပါးလွှာသည့် ဖုန်းကိုယ်ထည် နှင့် ခန့်ထည်သည့် ဒီဇိုင်းကို အချိုးကျကျပေါင်းစပ်ထားကာ ခေတ်မီဆန်းသစ်သော သွင်ပြင်ကို ရရှိစေသည်။ 6.4” Dual Punch-hole Display ပါဝင်သည့် Reno4 တွင် အထူ 7.7mm နှင့် အလေးချိန် 165g သာ ရှိသောကြောင့် ပိုမို Premium ဆန်သည့် အသွင်အပြင်နှင့် လက်ထဲတွင် ကိုင်ဆောင်ရာတွင် ပေါ့ပါးနေစေမည်ဖြစ်သည်။

ခေတ်ရှေ့ပြေး၍ ဒီဇိုင်းလှပသော ဖုန်းများကို စတိုင်ကျကျနှင့် အသုံးပြုနိုင်ရန်အတွက် နေ့မိုက် ညချော OPPO Reno4 ကို Galactic Blue နှင့် Space Black ဟူ၍ အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ Reno Series ရဲ့ ပထမဆုံးအကြိမ်ဖြင့် OPPO မှ ဒီဇိုင်းအသစ်ဖြစ်သော “Reno Glow” ကို မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ နောက်ကျောဘက် ဒီဇိုင်းကို Matte Fingerprint Resistant Texture နှင့် လင်းလက်တောက်ပစေသည့် Glitter အမှုန်လေးများဖြင့် ပြုလုပ်ထားပြီး Galatic Blue အရောင်ကို ပိုမိုထင်ရှားတောက်ပစေမည်ဖြစ်သည်။ Reno Glow မှ Galatic Blue သည် ငွေရောင်နှင့် အပြာရောင် Color Gradient ကို အလင်းရောင်ပြန်ဟပ်သည့်အခါ ပိုမိုတောက်ပစေပြီး Dazzling effect ကို ရရှိစေမည်ဖြစ်သည်။ Space Black သည် မှောင်သည့် အရောင်ဖြစ်သော်လည်း အလင်းရောင်အောက်တွင် ပိုမိုလင်းလက်တောက်ပသည့် ပုံရိပ်ကို ရရှိစေမည်ဖြစ်သည်။

“နေ့မိုက်ညချော” ဖြစ်စေဖို့ အကောင်းမွန်ဆုံး Portrait ရိုက်ချက်နှင့် ဗီဒီယိုများကို ဖန်တီးပါ

စမတ်ဖုန်းနည်းပညာများ ဆက်လက်တိုးတက် အားကောင်းလာသည်နှင့် အညီ နေ့မိုက် ညချော OPPO Reno4 မှ ယခု အကြိမ်တွင် ထူးခြားကောင်းမွန်သော Portrait ရိုက်ကူးခြင်းနှင့် ဗီဒီယိုရိုက်ကူးရေးဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများကို ဆန်းသစ်ထားသည်။ Reno4 သည် မည်သည့်အချိန်တွင်မဆို ဖန်တီးမှု အားကောင်းသည့် Portraits ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးသည့်အခါ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

နေ့မိုက် ညချော OPPO Reno4 ၏ Rear Camera 3 + 1 four-shot matrix ပါဝင်သည့် 48MP Main Camera Sony Sensor (IMX586)၊ 8MP Ultra Wide-angle Camera၊ 2MP Macro Camera နှင့် 2MP Mono Camera ပါရှိပြီး Front Camera 32MP Sony sensor (IMX616) ပါဝင်သောကြောင့် အကြည်လင်ဆုံး ဆယ်လ်ဖီပုံများကို ရိုက်ကူးနိုင်မည်ဖြစ် သည်။

အရောင်စုံသောရိုက်ချက်များ

AI Color Portrait ပါဝင်မှုကြောင့် Front Camera နှင့် Rear Camera တို့ကို အသုံးပြုပြီး ဓါတ်ပုံရိုက်ကူးသည့်အခါ ခေတ်ရေစီးကြောင်းအတိုင်း ဖက်ရှင်ကျသည့် Urban Street Style များကို ရိုက်ကူးနိုင်ပြီး အဖြူနှင့် မီးခိုးရောင် ကြားထဲတွင် ပြိုင်ဘက်ကင်းကာ ထင်ပေါ်နေစေမည်ဖြစ်သည်။ AI Color Portrait တွင် ရိုက်ကူးသူ၏ ပုံရိပ်သာလျှင် သဘာဝအရောင်အတိုင်း ကျန်ရှိနေမည်ဖြစ်ပြီး ကျန်အရောင်များမှာ အဖြူနှင့် မီးခိုးရောင်အနေဖြင့် ရှိမည်ဖြစ်သည်။ AI Color Portrait ကို ဗီဒီယိုရိုက်ကူးရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး တီထွင်ဆန်းသစ်သော Instagram Stories နှင့် TikTok videos များရိုက်ကူးရာတွင်လည်း ပေါ်လွင်ထင်ရှားအောင်လုပ်ပေးစေနိုင်သည့် Feature တစ်ခုဖြစ်သည်။ ထို့အပြင် Monochrome Video များကို အနီ၊ အစိမ်းနှင့် အပြာရောင် ဟူ၍ Filter အရောင် ၃ ရောင်ဖြင့် ပြုလုပ်နိုင်မည် ဖြစ်ပြီး အခြားအရောင်များမှာ အဖြူနှင့်မီးခိုးရောင်သာ ပေါ်နေစေမည်ဖြစ်ကာ ဗီဒီယိုထဲမှ အရာဝထ္ထုကို အရောင် သုံးရောင်သာ ပေါ်လွင်စေမည်ဖြစ်သည်။ အထက်တွင်တင်ပြခဲ့သော Features များတွင် Real-time Preview ကိုလည်း ပါဝင်သောကြောင့် ရိုက်ကူးနေသည့် ပုံရိပ်ကို မည်ကဲ့သို့ ရိုက်ကူးနိုင်ကြောင်း ကြိုတင်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

အတောက်ပဆုံးသော ညအချိန်ရိုက်ချက်များ

နေ့မိုက် ညချော OPPO Reno4 ၏ Night Flare Portrait Feature ကို အသုံးပြု၍ ညအချိန်များတွင်ပါ လှပသော Portrait ပုံများကို ရိုက်ကူးနိုင်သည်။ ထို Feature သည် Background အရာများကို အလိုအလျောက် တောက်ပမှုန်ဝါးသော အလင်း အစက်အပြောက်‌လေးများအဖြစ် ပြောင်းလဲဖန်တီးပေးကာ၊ မျက်နှာကို ပိုလင်းလာစေပြီး ထင်ရှားလှပကြည်လင်သော Night Time Portrait ကိုရရှိစေမည်ဖြစ်သည်။ ညဘက်ရိုက်ကူးထာသော Portrait ဓာတ်ပုံများအတွက် တီထွင် ဆန်းသစ်မှုများဖြင့် ဖြည့်စွက်ပေးမည်ဖြစ်သည်။ ထို့ပြင် အရှေ့အနောက် ကင်မရာ ၂ ခုလုံးတွင် Ultra Night Selfie Mode နှင့် Ultra Dark Mode တို့ပါဝင်ပြီး ကြည်လင်တောက်ပသော ညအချိန် ရိုက်ချက်များကို ပေးစွမ်းနိုင်သောကာ ညဘက် Portrait ဓာတ်ပုံရိုက်ကူးမှုစွမ်းရည်ကို သိသိသာသာ ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။

တီထွင်ဆန်းသစ်သောရိုက်ကူးမှုပုံစံ

နေ့မိုက် ညချော OPPO Reno4 သည် Portrait ဓာတ်ပုံများရိုက်ကူးရာတွင်သာမက 960fps Smart Slow Motion ကို အသုံးပြု၍ ခပ်မိုက်မိုက် slow-motion ရိုက်ချက်များကိုလည်း ပေးစွမ်းနိုင်သည်။ Reno4 သည် 960fps playblack စက္ကန့် အနည်းငယ်အတွင်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားသည်ကို ရိုက်ကူးလိုခြင်း၊ ရေ သို့မဟုတ် အမှုန့်တစ်ခုခု ဖြန်းလိုက်သည်ကို ရိုက်ကူးလိုခြင်း အစရှိသည့် အမြန် ဖြစ်ပေါ်သွားသည့် လှုပ်ရှားမှုတစ်ခုကို Slow Motion ဖြင့် ရိုက်ကူး နိုင်သည်။

ပြေးလွှားနေသော အခိုက်အတန့်၊ စကိတ်စီးနေသော အခိုက်အတန့်စသော ပိုမိုမြန်ဆန်သည့် လှုပ်ရှားမှုရိုက်ချက်များကို ရိုက်ကူးလိုပါက Reno4 ၏ မတူညီသောတည်ငြိမ်မှုပုံစံ ၃မျိုးပေးနိုင်သော Ultra Steady Video 3.0 က ကူညီပေးနိုင်မည် ဖြစ်သည်။ ပထမဆုံးအနေဖြင့် Reno4 ၏ ရှေ့ကင်မရာတွင် Front Steady Video လုပ်ဆောင်ပေးနိုင်သော Electronic Image Stabilization Algorithm ပါဝင်လာသည်။ ဖုန်း၏ Main Rear ကင်မရာ အတွက် ပံ့ပိုးထားသော Ultra Steady Video နှင့် Ultra Wide-angle ကင်မရာအတွက် ပံ့ပိုးထာသော Ultra Steady Video Pro တို့က ဗီဒီယိုများကို ရိုက်ကူး နေစဥ်တွင် လက်တုန်နေသည့်အခါမျိုးများတွင်လည်း တည်ငြိမ်နေစေမည်ဖြစ်သည်။

နေ့မိုက်ညချော ဖြစ်နေစေမယ့် AI-enhanced Smart Sensor

နေ့မိုက် ညချော OPPO Reno4 သည် AI-enhanced Smart Sensor ပါဝင်သည့်အတွက်ကြောင့် အခြားသော ထူးခြားသည့် Function များ ဖြစ်သည့် Smart Spying Prevention၊ Smart AirControl၊ Smart Rotation နှင့် Smart Always-on Display စသည့်လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်သည်။

Reno4 တွင် စမတ်ဖုန်းသုံးစွဲသူများ၏ လုံခြုံရေးအတွက် Smart Spying Prevention ကို ထည့်သွင်းထားပြီး ထိုစနစ်ကို ဖွင့်ထားပါက AI- enhanced Smart Sensor သည် Smart Recognition Algorithm ကို မြှင့်တင်ပေးပြီး ဖုန်းပိုင်ရှင်မှအပ ဖုန်းကို ကြည့်နေသောသူများရှိပါက Notification ပေါ်လာမည် ဖြစ်သည်။ သူစိမ်းတစ်‌ယောက်က ဖုန်းကို ချောင်းကြည့် နေသောအခါ Notification ပေါ်လာမည်ဖြစ်ပြီး Notification ၏ အသေးစိတ် အချက်အလက်များ အပါအဝင် Drop-down Notification Drawers နှင့် Banner Notifications မှ အချက်အလက်များအားလုံး ကွယ်ဝှက်ထားပေးမည်ဖြစ် သည်။

AI−enhanced Smart sensor သည် ဖုန်းကို လက်နှင့် ထိတွေ့စရာ မလိုဘဲ အလိုအလျောက် သိရှိထိန်းချုပ်နိုင်မည့် အနာဂတ်တွင် ပိုမိုအသုံးပြုလာမည့် နည်းပညာဖြစ်ပြီး နေ့စဥ်ဘဝ အသုံးပြုမှု အလေ့အထများနှင့် လိုက်လျောညီထွေ ဖြစ်နေမည်ဖြစ်သည်။ Smart Air Control ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ လူမှုကွန်ယက်ဆိုင်ရာ apps များဖြစ်သော YouTube, Facebook, Instagram နှင့် TikTok များ အသုံးပြုခြင်းတို့ကို လက်ဝှေ့ယမ်းရုံဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ လက်စိုစွတ်၍ ဖြစ်စေ၊ လက် မအား၍ ဖုန်းမနှိပ်နိုင်သော အချိန်မျိုးတွင်လည်း အသုံးပြုရန် အလွန်အဆင်ပြေစေမည်ဖြစ်သည်။ ဖုန်းနှင့် သင့်မျက်နှာကို တစ်ပြိုင်နက်လှည့်သောအခါ AI− enhanced Smart Sensor နှင့် Pose-recognition Algorithm တို့ဖြင့် ဖန်တီးထားသော Smart Rotation က မျက်နှာ မည်သည့်ဘက်ခြမ်းသို့လှည့်သည်ကို ကောင်းမွန်စွာ သုံးသပ်ပြီး အလိုအလျောက် ဖုန်းမျက်နှာပြင် လှည့်သင့် မလှည့်သင့်ကို ဆုံးဖြတ်ပေးသည်။ ဤ Feature သည် သုံးစွဲသူများ လဲလျောင်း၍ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက် ကြည့်ရှုရာတွင် အလွန်အဆင်ပြေသည့် အတွေ့အကြုံကို ပေးနိုင်သည်။ ထို့ပြင် AI နည်းပညာ တိုးမြှင့်ထာသော Smart Always-on Display သည် ဖုန်းမျက်နှာပြင် ကြည့်နေသည်ကို စစ်ဆေး နိုင်ပြီး ဖုန်းကြည့်နေမည်ဆိုပါက ဖုန်းမျက်နှာပြင် တောက်လျှောက်ပွင့်နေစေမည်ဖြစ်သည်။

နေ့မိုက်ညချော ဖြစ်နေစေဖို့ သင်နှင့်အတူ ရှိနေမယ့်ဖုန်းတစ်လုံး

နေ့မိုက်ညချော OPPO Reno4 တွင် Qualcomm Snapdragon 720G Processor အသုံးပြုထားပြီး RAM 8GB နှင့် ROM 128GB ပါဝင်သည်။

30W VOOC Flash Charge 4.0 နှင့် 4015mAh ဘက်ထရီပါဝင်သော Reno4 သည် မိနစ် ၂၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပြီး ၅၇ မိနစ်အတွင်း ဖုန်းအားပြည့်နိုင်သည်။ OPPO ဓာတ်ခွဲခန်းမှ စမ်းသပ်မှု ရလဒ်များအရ Super Power Saving Mode ပါဝင်မှုကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီး WhatsApp တွင် စာပို့ခြင်းကို တစ်နာရီခွဲကြာနှင့် ဖုန်းခေါ်ဆိုမှုအတွက် တစ်နာရီကျော်ကြာ အသုံးပြုပေမည့်လည်း ဘက်ထရီ အသုံးပြု ကုန်ဆုံးနှုန်း ၅ ရာခိုင်နှုန်းသာရှိမည် ဖြစ်သည်။ ။ ညအိပ်စက်နေချိန်တွင် Super Nighttime Standby ပြုလုပ်ထားပါက တစ်ညလုံး ၈ နာရီခန့်ကြာပေမည့် လည်း ဘက်ထရီအသုံးပြု ကုန်ဆုံးနှုန်း ၂ ရာခိုင်နှုန်းသာ ကုန်ဆုံးမည်ဖြစ်သည်။ ထို့အပြင် ဘတ်ထရီအသုံးပြုနိုင်မှု ၅ ရာခိုင်နှုန်းသာရှိတော့သည့် အချိန်တွင်ပင် Messenger နှင့် Viber ကို တစ်နာရီအထိ အသုံးပြုနိုင်မည်ဖြစ်သည်။

နေ့မိုက်ညချော ဖြစ်နေစေမယ့် ColorOS 7.2

Reno 4 တွင် ပါဝင်သော ColorOS 7.2 သည် သုံးစွဲသူများအတွက် အသုံးပြုရ ပိုမိုလွယ်ကူသော အတွေ့အကြုံများကို ပေးနိုင်ခြင်း၊ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း၊ မိုဘိုင်းဂိမ်းကစားခြင်း အတွေ့အကြုံကို မြှင့်တင်ပေးနိုင်ပြီး သုံးစွဲသူများ အတွက်လည်း အကောင်းမွန်ဆုံးပုံရိပ်ကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။

ယခု အသစ်ထွက်ရှိထားသည့် ColorOS ဗားရှင်းတွင် Quick Return Bubble သည် သုံးစွဲသူများ Game ကစားနေစဥ်တွင် ပင် Minimize လုပ်ထားနိုင်ပြီး Floating Bubble ကို အသုံးပြုကာ အခြားသော လုပ်ဆောင်ချက်များကိုလည်း Multi-tasks လုပ်ဆောင်နိုင်သည်။ ဂိမ်းကစားနေချိန်တွင် ခဏရပ်ထားပြီး Email များကို အကြောင်းပြန်နိုင်သည်။ Icon Pull-Down Gesture ကြောင့် ဖုန်း Home screen မှ အက်ပလီကေးရှင်းများကို လက်မဖြင့် ထိတွေ့နိုင်သော Screen အောက်‌‌ခြေတွင် စုစည်းနိုင်သဖြင့် ကျန်လက်တစ်ဖက်မှ ဖုန်းအသုံးပြုနိုင်ရန် အဆင်ပြေစေသည်။

OPPO Smart Watch

OPPO Reno4 အပြင် OPPO Smart Watch ကိုပါ Online Launch Event မှ တစ်ဆင့် မိတ်ဆက်ခဲ့သည်။ OPPO Smart Watch တွင် VOOC Flash Charging System ပါဝင်သည့်အတွက် ၁၅ မိနစ်အတွင်း ၄၆ ရာခိုင်နှန်းအထိရောက်အောင် အားသွင်းပေးနိုင်ပြီး တစ်နေ့တာလုံး စိတ်ချစွာအသုံးပြုနိုင်၍ ၇၅ မိနစ်သွင်းရဖြင့် ၁၀၀ ရာခိုင်နှုန်း အားအပြည့် အားသွင်းနိုင်သည်။ OPPO ၏ 46 mm Smart Watch သည် Flagship Smartphones များတွင်သာ တွေ့နိုင်သော ပထမ ဆုံးသော Dual-curved Display နှင့် နာရီ ဖြစ်သည်။ Aluminium နှင့် ပြုလုပ်ဖန်တီးထားကာ Google Assistant နှင့် Google Fit အထောက်အပံ့လည်း ပါဝင်သောကြောင့် သုံးစွဲသူတို့၏ ကျန်းမာရေးသာမက နေ့စဥ်ဘဝကို အကူအညီများစွာ ပေးနိုင်မည်ဖြစ်သည်။ OPPO Smart Watch ဖြင့် ဖုန်းခေါ်ဆိုမှုများကို လွယ်ကူစွာ ဖြေကြားနိုင်သည်သာမက Exercise Function များလည်း ပါဝင်သောကြောင့် သုံးစွဲသူများအတွက် အားကစား လက်တွဲဖော်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ် သည်။ ထို့ပြင် ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူစေရန် ဖန်တီးထားရုံသာမက မိမိ Outfit နှင့် နေရာဒေသအလိုက် တွဲဖက်၍ ဝတ်ဆင်နိုင်စေရန် Outfit-Matching AI Watch Face က ဖန်တီးပေးနိုင်သည်။ မိမိ ဝတ်ဆင်ထားသော Outfit ကို ဖုန်းနှင့် ဓာတ်ပုံရိုက်လိုက်ရုံဖြင့် AI Algorithm မှအလိုအလျောက် ကိုက်ညီမှုရှိသည့် ပုံကို ပြောင်းပေးသွားမည်ဖြစ်သည်။

Source – OPPO Myanmar