OPPO Reno5 Series ရဲ့ သတင်းအချက်အလက်တွေ မကြာခဏဆိုသလို ပေါက်ကြားထွက်ပေါ်နေပြီး မကြာခင်က သတင်းအရ Snapdragon 865, Snapdragon 765G နဲ့ MediaTek Dimensity 1000+ စတဲ့ Chipset တွေ ထည့်သွင်းထားမယ်လို့ သိခဲ့ရပါတယ်။

အခုတော့ Geekbench မှာ Oppo PEGM00 နဲ့ PDST00 တို့ကို တွေ့လာရပြီ ဖြစ်ပြီး Snapdragon 765G နဲ့ Dimensity 1000+ တွေ မောင်းနှင်ထားပါတယ်။   OPPO Reno5 မှာ Snapdragon 765G နဲ့ Reno5 Pro မှာ Dimensity 1000+ တွေ ပါလာမယ်လို့ ထင်ရပြီး ၂ လုံးစလုံးမှာ Android 11 နဲ့ 8GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ပေါက်ကြား သတင်းအရ OPPO Reno5 မှာ ၆.၄၃ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ဘက်ထရီက 4,300mAh ဖြစ်ပါတယ်။ 65W Fast Charging ကြောင့် အားသွင်းနှုန်းက အရမ်းမိုက်မှာ သေချာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 64MP + 8MP + 2MP + 2MP တွေ ဖြစ်ပါတယ်။

OPPO Reno5 Series စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ခပ်စိပ်စိပ် ထွက်လာတဲ့အတွက် တရားဝင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ဒီနှစ် ဒီဇင်ဘာလ သို့မဟုတ် နောက်နှစ် ဇန်နဝါရီလမှာ ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena