OPPO ဟာ Reno 8 Series ကို အိန္ဒိယနဲ့ နိုင်ငံတကာမှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Reno 8 Pro ကို အိန္ဒိယမှာ ဇူလိုင်လ ၂၁ ရက်နေ့မှာ မိတ်ဆက်နိုင်ပါတယ်။ အခုတော့ အဲဒီဖုန်းကို FCC မှာတွေ့လာရပြီ ဖြစ်တဲ့အတွက် အမေရိကန်မှာ ကြေညာဖို့ နီးလာပါပြီ။

OPPO Reno 8 Pro 5G

FCC မှာ မော်ဒယ်နံပါတ်က CPH2357 ဖြစ်ပြီး 4,500mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ 80W SuperVOOC Fast Charging ထောက်ပံ့ထားပြီး Android 12 အခြေပြု ColorOS 12.1 ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 61.2 x 74.2 x 7.34mm ဖြစ်ပြီး အလေးချိန်က ၁၈၃ ဂရမ် ဖြစ်ပါတယ်။ 5G ဆက်သွယ်မှု ပါလာပြီး Bluetooth , Dual-band WiFi, NFC တွေ ထည့်သွင်းထားပါတယ်။

OPPO Reno 8 Pro 5G

OPPO Reno 8 Pro+ တရုတ် မော်ဒယ်ကို နိုင်ငံတကာမှာ OPPO Reno 8 Pro အမည်နဲ့ ရောင်းချမှာပါ။ အဲဒီအတွက် OPPO Reno 8 Pro မှာ ၆.၇ လက်မ Full HD+ AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာမှာပါ။

MediaTek Dimensity 8100 Max Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ကင်မရာ စွမ်းရည် ပိုကောင်းစေဖို့ MariSilicon X NPU ထည့်ထားပါတယ်။ 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်မှာပါ။

အနောက်ဘက်မှာ 50MP Sony IMX766 , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး ထည့်သွင်းထားမှာပါ။ ဈေးနှုန်း သတင်း ပေါက်ကြားခြင်း မရှိသေးပါဘူး။

Ref : gizmochina