OPPO ဟာ မကြာခင်အချိန်အတွင်းမှာ Reno 8 Series စမတ်ဖုန်းအသစ်တွေကို India စျေးကွက်အတွက် မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး တရားဝင်မိတ်ဆက်ရခြင်းမရှိသေးတဲ့အချိန်မှာ Reno 8 Series ဖုန်းတွေမှာပါဝင်လာမယ့် Feature အသစ်တစ်ခုအကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ Reno 8 Series ဖုန်းတွေမှာ OPPO ရဲ့ ကိုယ်ပိုင် MariSilicon X NPU Chip ကို အသုံးပြုလာမယ်ဆိုပြီး တရားဝင်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ OPPO ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀၂၁ ခုနှစ်တုန်းက Find X Series ဖုန်းတွေအတွက် အဆိုပါ MariSilicon X NPU Chip ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အခု Reno 8 Series ဖုန်းတွေမှာလည်း တူညီတဲ့ NPU Chip ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

MariSilicon X NPU Chip ဟာ 6nm Architecture ကို အခြေခံထားတဲ့ Neural Processing Unit Chip တစ်ခုဖြစ်ပြီး စမတ်ဖုန်းရဲ့ Processor ပိုင်းထက် Camera ပိုင်းကို ပိုပြီး အာရုံစိုက်ထားမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ India Skin Tone တွေ၊ Bokeh Flare Portrait Video တွေနဲ့ တခြားသော OPPO ရဲ့ AI Beautification Feature တွေကို ပိုကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

OPPO အနေနဲ့ MariSilicon X NPU Chip ကို မိတ်ဆက်နိုင်ဖို့အတွက် အချိန်ကာလ ၃ နှစ်ဝန်းကျင်အချိန်ယူခဲ့ရပြီးတော့ မူပိုင်ခွင့်ပေါင်း ၃၀၀ ကျော်ရယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ NPU Chip ဟာ 50MP IMX766 Sensor ကနေ ရိုက်ယူထားတဲ့ Bayer RAW Domain Data တွေကို အချိန်နဲ့တပြေးညီ Process ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး OPPO Reno 8 Series ဖုန်းတွေမှာ အခုလိုမျိုး MariSilicon X NPU ပါဝင်လာမယ့်အတွက် Camera စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းလာဖွယ်ရှိပါတယ်။

Ref – Gizmo China