ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ Reno Series ကို မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး OPPO Reno Series တွေဟာ Camera ပိုင်းမှာ ခေတ်ရှေ့ပြေးနည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်လို့ စျေးကွက်အတွင်း လူကြိုက်များ နာမည်ကြီးခဲ့ပါတယ်။ OPPO ဟာ Reno Series တွေဖြစ်တဲ့ Reno , Reno 2, Reno 2F, Reno 3, Reno 3 Pro, Reno 4, Reno 4 Pro, Reno 5 ဖုန်းတွေကို ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ Reno ဖုန်းမှာဆိုရင် Camera ကို Shark Fin Pop Up Camera အဖြစ် ဖန်တီးထုတ်လုပ်ခဲ့သလို Reno 2F မှာဆိုရင်လဲ Camera ကို ဖုန်းနဲ့ တစ်သားတည်းဖြစ်အောင် ပြုလုပ်ထားတဲ့ Camera Bump Flat ကြောင့် ဒီဇိုင်းပိုင်းမှာလဲ ရေပန်းစားခဲ့ပါတယ်။ Reno 3 နဲ့ Reno 3 Pro ဖုန်းတွေမှာဆိုရင်တော့ 20x Zoom Quad Camera ကို ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။ Reno 4 နဲ့ Reno 4 Pro တို့မှာ AI Color Portrait, Bokeh Flare Portrait Camera Feature တွေကြောင့် ခေတ်ရှေ့ပြေးဆန်းသစ်ခဲ့ပြီး Reno 5 မှာတော့ Camera ပိုင်းအပြင် ပထမဦးဆုံးသော OPPO Glowing Design နဲ့ ဖန်တီးမိတ်ဆက်ခဲ့ပါတယ်။

Reno Series တွေကို မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း မိတ်ဆက်ခဲ့တဲ့ OPPO ဟာ Reno Series အသစ် Reno8 T ကို မကြာခင် ဈေးကွက်အတွင်း စတင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ The Portrait Expert ဆိုပြီး ထွက်ရှိလာမဲ့ OPPO Reno8 T ဟာ Camera အရည်အသွေးပိုင်း ဆန်းသစ်ချက်တွေသာမက ဒီဇိုင်းပိုင်းမှာလဲ ဆန်းသစ်ခေတ်မီစွာနဲ့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

“The Portrait Expert” လို့ ဆိုတဲ့အတိုင်း OPPO Reno8 T ဟာ အရင် Reno Series ဖုန်းတွေမှာ ပါဝင်တဲ့ Main Camera Megapixel အားလုံးကို ကျော်လွန်ကာ 100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမည်ဖြစ်ပြီး ပုံရိပ်တွေကို ချဲ့ ရိုက်ကူးတဲ့အခါတွေမှာ အရည်အသွေး ကြည်လင်ပြတ်သားမှုရှိအောင် ဖန်တီးထုတ်လုပ်ထားပါတယ်။

ကင်မရာပိုင်းတွင်သာမကပဲ ဒီဇိုင်းပိုင်းမှာပါ ထူးကဲအံ့သြဖွယ်ရာကောင်းလာမဲ့ OPPO Reno8 T ဟာ Ultra Slim Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Classic Reno Design နဲ့ လှလှပပ ပေါင်းစပ်ဖန်တီးထားကာ ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ရလွယ်ကူစေမဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ OPPO Reno8 T ဟာ လူငယ်တွေ ကြိုက်နှစ်သက်မဲ့ Premium Fiberglass-leather Design နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Sunset Orange အရောင်နဲ့ OPPO Glow Design နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Midnight Black ဆိုပြီး အရောင်နှစ်ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

OPPO Reno series အသစ်ဖြစ်တဲ့ OPPO Reno8 T ဟာ မြန်မာနိုင်ငံ စျေးကွက်အတွင်း မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်ပြီး လက်တလော အချက်အလက်တွေကို ဒီလင့်ကနေ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သလို https://www.oppo.com/mm/events/reno8-t-launch/ စျေးနှုန်းနှင့် အခြားအသေးစိတ်အချက်အလက် အပြည့်အစုံကိုလဲ မကြာမီ OPPO ကနေ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

Press Release – OPPO