[Zawgyi]





Ref : gsmarena

[Unicode]

90Hz Display နဲ့ Snapdragon 855+ ပါတဲ့ OPPO Reno Ace ကို ကြေညာပြီ

OPPO က 90Hz Display , Snapdragon 855+ နဲ့ Quad Camera တွေလို အလန်းစား Specs တွေပါတဲ့ Reno Ace ကို ကြေညာလိုက်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အမြန်ဆုံး အားသွင်းနည်းပညာ ဖြစ်တဲ့ SuperVOOC 2.0 ကိုလည်း ကုမ္ပဏီက ပြသလိုက်ပါတယ်။ 65W Charger က Reno Ace ရဲ့ 4,000mAh Battery ကို မိနစ် ၃၀ အတွင်းမှာ အားအပြည့်သွင်းပေးနိုင်ပါတယ်။

Reno Ace မှာ ၆.၅ လက်မ FHD+ AMOLED Display ထည့်သွင်းထားပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ 90Hz Refresh Rate ပါပါတယ်။ Waterdrop Notch မှာ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 13MP Telephoto (5x Hybrid Zoom) , 8MP Ultrawide နဲ့ 2MP Monochrome Camera တွေ ပါပါတယ်။

Snapdragon 855+ မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB UFS 3.0 Storage တွေအထိ ရွေးချယ်နိုင်ပါတယ်။ ဂိမ်းကစားတဲ့ အခါမှာ အပူချိန်ကို လျှော့ချပေးတဲ့ နည်းပညာ ပါပါတယ်။ Android 10 အခြေပြု ColorOS 6.1 ထည့်ထားပြီး Psychedelic Purple နဲ့ Starry Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/128GB ကို ၂,၉၉၉ ယွမ် ၊ 8/256GB ကို ၃,၁၉၉ ယွမ်နဲ့ 12/256GB ကို ၃,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၄၀,၀၀၀ ၊ ၆၈၀,၀၀၀ နဲ့ ၈၁၀,၀၀၀ လောက်ကျသင့်မှာပါ။ OPPO က 40th Anniversary Gundam Edition Reno Ace ကိုလည်း ပြသလိုက်ပြီး အနောက်ဘက် ဒီဇိုင်းက ထူးခြားပါတယ်။

Ref : gsmarena