Zawgyi

Oppo ဟာ သူတုိ႔ရဲ႕ Reno စီးရီးကို ဆက္တုိက္အားျဖည့္ေနၿပီး လာမယ့္ ေအာက္တုိဘာ ၁၀ ရက္ေန႔မွာလည္း Reno Ace စမတ္ဖုန္းသစ္ကို မိတ္ဆက္ဦးမွာပါ။ ယေန႔ ထြက္ေပၚလာတဲ့ Leak ထဲမွာေတာ့ Reno Ace ရဲ႕ဒီဇုိင္းကို ပကတိ အတုိင္းျမင္ရမယ့္ ပုံေတြနဲ႔အတူ SuperVOOC 2.0 အားသြင္းစနစ္ ပါဝင္ေၾကာင္းတုိ႔ပါ ေတြ႕ရွိလာရပါတယ္။

Reno Ace စမတ္ဖုန္းဟာ 6.5” လက္မအရြယ္ FHD+ AMOLED Display နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး 16MP Selfie ကင္မရာေလးအတြက္ Waterdrop Notch တစ္ခုလည္း ပါဝင္ပါတယ္။ Screen ရဲ႕ Refresh Rate က 90Hz အထိ ရွိတာေၾကာင့္ ဂိမ္မာေတြအေနနဲ႔ အႀကိဳက္ေတြ႕ႏုိင္ၿပီး Fingerprint ကိုလည္း In-display ပဲ အသုံးျပဳထားပါတယ္။

ေနာက္ဘက္မွာေတာ့ ေဒါင္လုိက္စီတန္းထားတဲ့ Quad-camera (ကင္မရာေလးလုံးတြဲ) ကိုျမင္ေတြ႕ရၿပီး အဓိက Sensor က 48MP f/1.7 ျဖစ္ပါတယ္။ က်န္တဲ့ Lens ေတြကေတာ့ 13MP f/2.4 Telephoto, 8MP f/2.2 Ultrawide နဲ႔ 2MP Depth Sensor တုိ႔ပါပဲ။ သူ႕အရင္ထြက္ထားတဲ့ Reno ဟန္းဆက္ေတြထက္ ပိုပါးလႊာတဲ့ Bezel ေဘာင္ေတြကိုလည္း ျမင္ေတြ႕ရပါတယ္။

Reno Ace ရဲ႕ေနာက္ထပ္အားသာခ်က္တစ္ခုက အားသြင္းစနစ္ျဖစ္လာမွာပါ။ 65W အင္အားႀကီး SuperVOOC 2.0 အားအျမန္သြင္းစနစ္က ဆယ္စကၠန္႔ကို ဖုန္းအား ၁% ျပည့္ေစႏုိင္တယ္လို႔ ဆုိပါတယ္။ Reno Ace မွာ 4,000 mAh ဘကၳရီႀကီး သုံးစြဲထားတာျဖစ္ေပမယ့္ ၇၅% ကို ၂၅ မိနစ္အားသြင္းရုံနဲ႔ ေရာက္ရွိေစတဲ့ ဓါတ္ပုံေတြကိုလည္း ျမင္ေတြ႕လာရပါတယ္။

ဒီဇုိင္းနဲ႔ SuperVOOC 2.0 တုိ႔အေၾကာင္းအျပင္ Oppo ရဲ႕အႀကီးအကဲ Brian Shen က အခုထြက္လာမယ့္ Reno Ace ကို နာမည္ေက်ာ္ Gundam စက္ရုပ္ဗားရွင္း Limited Edition နဲ႔လည္း တရားဝင္ထုတ္ဦးမယ္လို႔ ဆိုထားပါတယ္။ အာရွသာမက ႏုိင္ငံတကာမွာပါ လူႀကိဳက္မ်ားတဲ့ Gundam Franchise ထဲက စက္ရုပ္ႀကီးေတြပုံနဲ႔ စမတ္ဖုန္းေတြဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ ေစ်းကြက္ထဲကို ဝင္လာမယ္လို႔ ေမလထဲက ေျပာဆုိေနၾကေပမယ့္ အခုမွ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ရမွာပါ။

Ref – GSM Arena

Unicode

Oppo ဟာ သူတို့ရဲ့ Reno စီးရီးကို ဆက်တိုက်အားဖြည့်နေပြီး လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း Reno Ace စမတ်ဖုန်းသစ်ကို မိတ်ဆက်ဦးမှာပါ။ ယနေ့ ထွက်ပေါ်လာတဲ့ Leak ထဲမှာတော့ Reno Ace ရဲ့ဒီဇိုင်းကို ပကတိ အတိုင်းမြင်ရမယ့် ပုံတွေနဲ့အတူ SuperVOOC 2.0 အားသွင်းစနစ် ပါဝင်ကြောင်းတို့ပါ တွေ့ရှိလာရပါတယ်။

Reno Ace စမတ်ဖုန်းဟာ 6.5” လက်မအရွယ် FHD+ AMOLED Display နဲ့ထွက်ရှိလာမှာဖြစ်ပြီး 16MP Selfie ကင်မရာလေးအတွက် Waterdrop Notch တစ်ခုလည်း ပါဝင်ပါတယ်။ Screen ရဲ့ Refresh Rate က 90Hz အထိ ရှိတာကြောင့် ဂိမ်မာတွေအနေနဲ့ အကြိုက်တွေ့နိုင်ပြီး Fingerprint ကိုလည်း In-display ပဲ အသုံးပြုထားပါတယ်။

နောက်ဘက်မှာတော့ ဒေါင်လိုက်စီတန်းထားတဲ့ Quad-camera (ကင်မရာလေးလုံးတွဲ) ကိုမြင်တွေ့ရပြီး အဓိက Sensor က 48MP f/1.7 ဖြစ်ပါတယ်။ ကျန်တဲ့ Lens တွေကတော့ 13MP f/2.4 Telephoto, 8MP f/2.2 Ultrawide နဲ့ 2MP Depth Sensor တို့ပါပဲ။ သူ့အရင်ထွက်ထားတဲ့ Reno ဟန်းဆက်တွေထက် ပိုပါးလွှာတဲ့ Bezel ဘောင်တွေကိုလည်း မြင်တွေ့ရပါတယ်။

Reno Ace ရဲ့နောက်ထပ်အားသာချက်တစ်ခုက အားသွင်းစနစ်ဖြစ်လာမှာပါ။ 65W အင်အားကြီး SuperVOOC 2.0 အားအမြန်သွင်းစနစ်က ဆယ်စက္ကန့်ကို ဖုန်းအား ၁% ပြည့်စေနိုင်တယ်လို့ ဆိုပါတယ်။ Reno Ace မှာ 4,000 mAh ဘက္ထရီကြီး သုံးစွဲထားတာဖြစ်ပေမယ့် ၇၅% ကို ၂၅ မိနစ်အားသွင်းရုံနဲ့ ရောက်ရှိစေတဲ့ ဓါတ်ပုံတွေကိုလည်း မြင်တွေ့လာရပါတယ်။

ဒီဇိုင်းနဲ့ SuperVOOC 2.0 တို့အကြောင်းအပြင် Oppo ရဲ့အကြီးအကဲ Brian Shen က အခုထွက်လာမယ့် Reno Ace ကို နာမည်ကျော် Gundam စက်ရုပ်ဗားရှင်း Limited Edition နဲ့လည်း တရားဝင်ထုတ်ဦးမယ်လို့ ဆိုထားပါတယ်။ အာရှသာမက နိုင်ငံတကာမှာပါ လူကြိုက်များတဲ့ Gundam Franchise ထဲက စက်ရုပ်ကြီးတွေပုံနဲ့ စမတ်ဖုန်းတွေဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ဈေးကွက်ထဲကို ဝင်လာမယ်လို့ မေလထဲက ပြောဆိုနေကြပေမယ့် အခုမှ ပထမဆုံးအကြိမ် မြင်တွေ့ရမှာပါ။

Ref – GSM Arena