[Zawgyi]

OPPO ရဲ႕ ဒုတိယဥကၠ႒ Brian Shen က OPPO Reno Ace ကို လာမယ့္ ေအာက္တိုဘာလထဲမွာ မိတ္ဆက္ေပးမယ္လို႔ တရားဝင္ ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ ဒီ OPPO Reno Ace ဟာ 90Hz Refresh Rate Display နဲ႔ျဖစ္ၿပီး အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားမယ္လို႔ ဆိုခဲ့တာပါ။

စက္တင္ဘာလရဲ႕ ဒုတိယပတ္ကုန္ဆုံးခ်ိန္ ေရာက္လာေတာ့ OPPO Reno Ace ရဲ႕ အျမန္အားသြင္းစနစ္နဲ႔ ပတ္သက္တဲ့ သတင္းက ထပ္ၿပီးထြက္ေပၚခဲ့ပါတယ္။ ဒီသတင္းကို ထုတ္ေဖာ္လိုက္တာကလည္း Brian Shen ပဲ ျဖစ္ပါတယ္။ Shen က OPPO ရဲ႕ မ်ိဳးဆက္သစ္ SuperVOOC အျမန္အားသြင္းစနစ္ စမ္းသပ္ေနပုံကို Weibo Profile မွာ တင္လိုက္တာပါ။

Brian Shen ဟာ မ်ိဳးဆက္သစ္ SuperVOOC နဲ႔ပတ္သက္ၿပီး အေသးစိတ္ ေဖာ္ျပျခင္းမရွိေပမယ့္ ဒီအားသြင္းစနစ္ဟာ 65W ျဖစ္တဲ့အေၾကာင္းကိုေတာ့ ရည္ၫႊန္းေျပာဆိုသြားခဲ့ပါတယ္။ လက္ရွိ အျမင့္ဆုံးနဲ႔ အျမန္ဆုံးအားသြင္းစနစ္ဟာ 50W သာ ျဖစ္ပါတယ္။ ဒါေၾကာင့္ 65W ဟာ OPPO ရဲ႕ အျမန္ဆုံး အားသြင္းစနစ္သစ္ ျဖစ္လာမွာပါ။

OPPO Reno Ace ဟာ လာမယ့္လမွာ အလုံးအရင္းလိုက္ ထုတ္လုပ္မႈျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီစမတ္ဖုန္းကို မိတ္ဆက္မယ့္အခ်ိန္ဟာ မူလစီစဥ္ထားတဲ့အတိုင္း ေအာက္တိုဘာလထဲမွာပဲ ျဖစ္ပါလိမ့္မယ္။ ထြက္ခဲ့ၿပီးသား Teasers ေတြအရဆိုရင္ေတာ့ ဒီဟန္းဆက္ဟာ 90Hz မ်က္ႏွာျပင္နဲ႔အတူ 4,000 mAh ဘက္ထရီကို တပ္ဆင္ထားမွာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

65W အမြန်အားသွင်းစနစ် ပါဝင်လာမယ့် OPPO Reno Ace

OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ Brian Shen က OPPO Reno Ace ကို လာမယ့် အောက်တိုဘာလထဲမှာ မိတ်ဆက်ပေးမယ်လို့ တရားဝင် ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီ OPPO Reno Ace ဟာ 90Hz Refresh Rate Display နဲ့ဖြစ်ပြီး အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမယ်လို့ ဆိုခဲ့တာပါ။

စက်တင်ဘာလရဲ့ ဒုတိယပတ်ကုန်ဆုံးချိန် ရောက်လာတော့ OPPO Reno Ace ရဲ့ အမြန်အားသွင်းစနစ်နဲ့ ပတ်သက်တဲ့ သတင်းက ထပ်ပြီးထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကို ထုတ်ဖော်လိုက်တာကလည်း Brian Shen ပဲ ဖြစ်ပါတယ်။ Shen က OPPO ရဲ့ မျိုးဆက်သစ် SuperVOOC အမြန်အားသွင်းစနစ် စမ်းသပ်နေပုံကို Weibo Profile မှာ တင်လိုက်တာပါ။

Brian Shen ဟာ မျိုးဆက်သစ် SuperVOOC နဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်းမရှိပေမယ့် ဒီအားသွင်းစနစ်ဟာ 65W ဖြစ်တဲ့အကြောင်းကိုတော့ ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ အမြင့်ဆုံးနဲ့ အမြန်ဆုံးအားသွင်းစနစ်ဟာ 50W သာ ဖြစ်ပါတယ်။ ဒါကြောင့် 65W ဟာ OPPO ရဲ့ အမြန်ဆုံး အားသွင်းစနစ်သစ် ဖြစ်လာမှာပါ။

OPPO Reno Ace ဟာ လာမယ့်လမှာ အလုံးအရင်းလိုက် ထုတ်လုပ်မှုပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီစမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ဟာ မူလစီစဉ်ထားတဲ့အတိုင်း အောက်တိုဘာလထဲမှာပဲ ဖြစ်ပါလိမ့်မယ်။ ထွက်ခဲ့ပြီးသား Teasers တွေအရဆိုရင်တော့ ဒီဟန်းဆက်ဟာ 90Hz မျက်နှာပြင်နဲ့အတူ 4,000 mAh ဘက်ထရီကို တပ်ဆင်ထားမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena