[Zawgyi]

OPPO ကေတာ့ Reno အေၾကာင္းကို လူမႈကြန္ရက္ေပၚမွာ ႂကြားလုံးထုတ္ခဲ့ျပန္ပါၿပီ။ OPPO ရဲ႕ ဒုတိယဥကၠ႒ Shen Yiren က OPPO Reno ရဲ႕ Screen to body ratio ဟာ 93.1% ရွိလိမ့္မယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ရက္က တင္လိုက္တဲ့ Post မွာေတာ့ Reno ရဲ႕ Bottom chin အ႐ြယ္အစားကို OPPO Find X, iPhone XS ေတြနဲ႔ ႏႈိင္းယွဥ္ျပထားတဲ့ Photo Comment တစ္ခု ထြက္ေပၚလာတာကို ေတြ႕ျမင္ရပါတယ္။

OPPO Find X ရဲ႕ Bottom chin ဟာ 3.4mm ရွိၿပီး OPPO Reno ကေတာ့ 3.5mm ရွိေနပါတယ္။ ဒါေပမယ့္ iPhone XS ရဲ႕ Bottom chin အ႐ြယ္အစားဟာ 3.98mm အ႐ြယ္အစားရွိတယ္ဆိုၿပီး ႏႈိင္းယွဥ္ျပထားတာ ျဖစ္ပါတယ္။ အခုလို ႏႈိင္းယွဥ္ျပထားတဲ့ပုံက ဘယ္သူတင္လိုက္မွန္းမသိေပမယ့္ OPPO အတြက္ေတာ့ စိတ္ႀကီးဝင္စရာ ျဖစ္သြားရမွာပါ။

OPPO Reno ရဲ႕ က်ဥ္းေျမာင္းတဲ့ Bezels ေတြဟာ 6.4-inch Dynamic AMOLED မ်က္ႏွာျပင္ကို ဝန္းပတ္ထားၾကပါတယ္။ မ်က္ႏွာျပင္ဟာ Notch မပါ၊ Punch-hole မရွိဘဲ အျပည့္ျဖစ္ပါတယ္။ 16MP အေရွ႕ကင္မရာကေတာ့ လက္ရွိေခတ္စားေနတဲ့ Pop-up ကင္မရာအျဖစ္ ေပၚထြက္လာမွာပါ။

Reno ဟာ Snapdragon 855 chipset တပ္ဆင္ထားတဲ့ အဆင့္ျမင့္ဖုန္းတစ္လုံးျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာေတာ့ 48MP အဓိက ကင္မရာပါဝင္ၿပီး 10x periscope ကင္မရာလည္း ပါဝင္ဦးမွာပါ။ ဘက္ထရီပမာဏ 4,065mAh ျဖစ္ၿပီး 20W VOOC 3.0 charging စနစ္လည္း ပါဝင္လာဦးမွာပါ။ Reno ကို လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

Reno ရဲ့ Bezels ဟာ Find X နီးပါးကျဉ်းမြောင်းကြောင်း ကြွားလိုက်တဲ့ OPPO

[Unicode]

OPPO ကတော့ Reno အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ကြွားလုံးထုတ်ခဲ့ပြန်ပါပြီ။ OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ Shen Yiren က OPPO Reno ရဲ့ Screen to body ratio ဟာ 93.1% ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်က တင်လိုက်တဲ့ Post မှာတော့ Reno ရဲ့ Bottom chin အရွယ်အစားကို OPPO Find X, iPhone XS တွေနဲ့ နှိုင်းယှဉ်ပြထားတဲ့ Photo Comment တစ်ခု ထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။

OPPO Find X ရဲ့ Bottom chin ဟာ 3.4mm ရှိပြီး OPPO Reno ကတော့ 3.5mm ရှိနေပါတယ်။ ဒါပေမယ့် iPhone XS ရဲ့ Bottom chin အရွယ်အစားဟာ 3.98mm အရွယ်အစားရှိတယ်ဆိုပြီး နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။ အခုလို နှိုင်းယှဉ်ပြထားတဲ့ပုံက ဘယ်သူတင်လိုက်မှန်းမသိပေမယ့် OPPO အတွက်တော့ စိတ်ကြီးဝင်စရာ ဖြစ်သွားရမှာပါ။

OPPO Reno ရဲ့ ကျဉ်းမြောင်းတဲ့ Bezels တွေဟာ 6.4-inch Dynamic AMOLED မျက်နှာပြင်ကို ဝန်းပတ်ထားကြပါတယ်။ မျက်နှာပြင်ဟာ Notch မပါ၊ Punch-hole မရှိဘဲ အပြည့်ဖြစ်ပါတယ်။ 16MP အရှေ့ကင်မရာကတော့ လက်ရှိခေတ်စားနေတဲ့ Pop-up ကင်မရာအဖြစ် ပေါ်ထွက်လာမှာပါ။

Reno ဟာ Snapdragon 855 chipset တပ်ဆင်ထားတဲ့ အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ 48MP အဓိက ကင်မရာပါဝင်ပြီး 10x periscope ကင်မရာလည်း ပါဝင်ဦးမှာပါ။ ဘက်ထရီပမာဏ 4,065mAh ဖြစ်ပြီး 20W VOOC 3.0 charging စနစ်လည်း ပါဝင်လာဦးမှာပါ။ Reno ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့လည်း သိရပါတယ်။

Ref: GSMArena