[Zawgyi]







[Unicode]

10x Hybrid Zoom နှင့် ကမ္ဘာ့ပထမဆုံး Pivot Rising Camera ပါဝင်သော OPPO Reno Series ကို ပြည်တွင်းတွင် စတင်ရောင်းချ

OPPO Myanmar မှ Premium စမတ်ဖုန်းတစ်မျိုးဖြစ်သော OPPO Reno series ကို ဇွန်လ (၂၂)ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတင်ရောင်းချလိုက်သည်။ “The Art of Reno” ဟုအမည်ရသော OPPO Reno series စတင်ရောင်းချခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ The Yangon Restaurant တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲတွင် OPPO ၏ brand ambassador များဖြစ်ကြသော ဝတ်မှုံရွှေရည်နှင့် ပိုင်တံခွန် တို့တက်ရောက်ခဲ့ပြီး ကြိုတင်မှာယူထားသူများအား ဖုန်းလွှဲပြောင်းပေးအပ်ခြင်း၊ Bluetooth Speaker များပေးအပ်ခြင်း၊ အမှတ်တရလက်မှတ်ထိုးခြင်း နှင့် ဓာတ်ပုံဝါသနာရှင် ကိုကောင်းမြတ်သူမှ ဓာတ်ပုံရိုက်ခြင်း၏ tips နှင့် trick များအကြောင်း ဆွေးနွေးပေးခြင်းများကိုပြုလုပ်ခဲ့ပါသည်။

ထို့အပြင် အထူးအစီအစဉ်အနေဖြင့် OPPO Reno 10x Zoom နှင့် OPPO Reno ကိုဝယ်ယူသူများအနက်မှ ၆ဦးအား မဲနှိုက်ရွေးချယ်ခဲ့ကာ OPPO ၏ brand ambassador များဖြစ်သော ဝတ်မှုံရွှေရည် နှင့် ပိုင်တံခွန် တို့မှ အဆင့်မြင့် Limousine Hummer ကားဖြင့်သွားရောက်ကြိုဆိုခဲ့ကြပါသည်။ ထိုပွဲသို့သွားရာလမ်းတစ်လျှောက်တွင် အနုပညာရှင်နှစ်ဦးနှင့် ထို ၆ဦး တို့သည် MC ၏ အကူအညီနှင့်အတူ ဂိမ်းများပျော်ရွှင်စွာကစားခြင်း၊ အမေးအဖြေ အစီအစဉ်များ နှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်းများကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။

OPPO Reno series တွင် OPPO Reno နှင့် OPPO Reno 10x Zoom ဟူ၍ စမတ်ဖုန်းနှစ်မျိုး ရရှိနိုင်မည်ဖြစ်ပါသည်။ စမတ်ဖုန်းနှစ်မျိုးစလုံးတွင် screen-to-body ratio 93.1% ရှိသော Panoramic Screen နှင့် soft light ပါဝင်သည့် Supercar door design ကို inspiration ယူထားသည့် ကမ္ဘာ့ပထမဆုံးသော Pivot Rising Camera ပါဝင်သည့်အပြင် ယခင်ထုတ်လုပ်ခဲ့သော Fingerprint နည်းပညာများနှင့် နှိုင်းယှဉ်လျှင် Lock ဖွင့်အောင်မြင်နှုန်း ၂၀ရာခိုင်နှုန်းပိုမိုမြန်ဆန်လာသည့် In-display fingerprint 2.0 နှင့် face unlock လည်း စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားပါသည်။

OPPO Reno စမတ်ဖုန်းတွင် ၆.၄” အရွယ်အစားရှိသော မျက်နှာပြင်ပြည့် Panoramic Screen မျက်နှာပြင်ကို 6th Corning Gorilla Glass ဖြင့်ပြုလုပ်ပေးထားပါသည်။ စမတ်ဖုန်း ၏ အနောက်ဘက် camera တွင် F/1.7 Aperture ပါဝင်သော 48MP Sony IMX 586 camera၊ 5MP Depth of Field Camera တို့အပြင် Ultra Night Mode နှင့် Portrait Mode 2.0 လည်းပါဝင်ထားပါသည်။ Storage အနေနှင့်လည်း 8GB Ram+128GB Rom အထိပါဝင်လာပြီး 3765 mAh Battery နှင့် မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်သော VOOC 3.0 အမြန်အားသွင်းစနစ်လည်း ပါဝင်ပါသည်။

OPPO Reno 10x Zoom စမတ်ဖုန်းတွင် အဝေးမှပုံရိပ်များကို lens သုံးခုပူးပေါင်းအလုပ်လုပ်ခြင်းဖြင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သော 10x Hybrid Zoom နှင့်အတူ 60x Digital Zoom ကို အသုံးပြုထားပါသည်။ Reno 10x Zoom တွင် OIS စနစ်ထောက်ပံ့ပေးထားသော F/1.7 aperture ပါဝင်သည့် 48MP Sony IMX 586 main camera, 8MP 120° Ultra Wide-Angle Camera နှင့် 13 MP Telephoto Camera တို့ကို လည်း တပ်ဆင်ပေးထားပါသည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး 7nm နည်းပညာအသုံးပြုထားသော Snapdragon 855 processor တပ်ဆင်ပေးထားသောကြောင့် စွမ်ဆောင်ရည်ပိုင်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါသည်။ Battery တွင်လည်း ကြီးမားသော 4065 mAh အသုံးပြုထားပြီး စွမ်းအင်သက်သာစေသည့်စနစ်ကို ထည့်သွင်း ထားသည့်အတွက် အားကုန်မြန်ခြင်းကို သက်သာစေမှာ ဖြစ်ပါသည်။

အရောင်ပိုင်းအနေဖြင့် OPPO Reno နှင့် Reno 10x Zoom နှစ်မျိုးစလုံးတွင် Ocean Green နှင့် Jet Black ဟူ၍ အရောင်နှစ်မျိုးရရှိနိုင်မည် ဖြစ်ပါသည်။ 8+128GB ဖြင့်ထွက်ရှိလာသော Reno ဖုန်းအား မြန်မာငွေ (၆၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း 8+256GB ဖြင့်ထွက်ရှိလာသော Reno 10x Zoom ဖုန်းအား (၁,၁၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း ပြည်တွင်းဈေးကွက်တွင် ဇွန်လ (၂၂)ရက်နေ့မှ စတင်ဝယ်ယူ ရရှိနိုင်မည် ဖြစ်ပါသည်။