[Zawgyi]

တရုတ္ Database ဝက္ဆုိက္ TENAA ေပၚမွာ ေမာ္ဒယ္နံပါတ္ PACT00 / PACM00 လို႔အမည္ေပးထားတဲ့ Oppo စမတ္ဖုန္းတစ္ခုကို Spec အျပည့္အစုံနဲ႔ ေတြ႕ရွိခဲ့ရပါတယ္။ TENAA အတည္ျပဳခ်က္အရ ေတြ႕ရခဲ့တဲ့ ဒီဖုန္းဟာ Oppo Reno ဟန္းဆက္ရဲ႕ Snapdragon 710 ဗားရွင္းျဖစ္တယ္လို႔လည္း ေပၚလြင္ခဲ့တယ္။ အရင္ထြက္ခဲ့တဲ့ သတင္းေတြအရဆုိရင္ ေမာ္ဒယ္နံပါတ္ PACT00 / PACM00 ဟန္းဆက္ဟာ ေစ်းကြက္ထဲကို Oppo Reno Lite အမည္နဲ႔ ထြက္ေပၚလာမွာပါ။

Oppo Reno Lite ဖုန္းဟာ အရြယ္အစား 156.6 x 74.3 x 9mm နဲ႔ အေလးခ်ိန္ 185 ဂရမ္ရွိတယ္။ ေတြ႕ရတဲ့ Render ပုံအရဆုိရင္ ဒီဖုန္းမွာ Notch လုံးဝမပါတဲ့ 6.4” လက္မအရြယ္ Display တစ္ခုကို အသုံးျပဳလာမွာပါ။ AMOLED Screen ထဲမွာပဲ In-display Fingerprint ပါမွာျဖစ္ပါတယ္။

ဒီဟန္းဆက္မွာ 3,680 mAh ဘကၳရီပါဝင္ကာ အားအျမန္သြင္းစနစ္တစ္ခုလည္း ပါပါတယ္။ အတြင္းမွာ 2.2 GHz Octa-core ပရုိဆက္ဆာတစ္ခုနဲ႔ အားျဖည့္ထားၿပီး 6 / 8 GB RAM မန္မုိရီနဲ႔ 128 / 256 GB Storage ဗားရွင္းေတြ ထြက္မွာျဖစ္ပါတယ္။ Android 9 Pie ကိုအေျခခံထားတဲ့ ColorOS 6.0 UI နဲ႔အသုံးျပဳရမွာပါ။

Oppo Reno Lite မွာ Dual-camera အသုံးျပဳလာၿပီး 48MP Sony IMX586 Sensor နဲ႔အတူ Depth Sensor အျဖစ္ အသုံးျပဳရမယ့္ 5MP တုိ႔အတြဲပါ။ ဆယ္ဖီအတြက္ေတာ့ 16MP ကင္မရာတစ္ခု ပါပါတယ္။ Oppo Reno ရဲ႕ အဓိကဗားရွင္းျဖစ္တဲ့ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ ဟန္းဆက္ကိုေတာ့ TENAA မွာလည္း မေတြ႕ရေသးပါဘူး။

Ref – Playful Droid

[Unicode]

တရုတ် Database ဝက်ဆိုက် TENAA ပေါ်မှာ မော်ဒယ်နံပါတ် PACT00 / PACM00 လို့အမည်ပေးထားတဲ့ Oppo စမတ်ဖုန်းတစ်ခုကို Spec အပြည့်အစုံနဲ့ တွေ့ရှိခဲ့ရပါတယ်။ TENAA အတည်ပြုချက်အရ တွေ့ရခဲ့တဲ့ ဒီဖုန်းဟာ Oppo Reno ဟန်းဆက်ရဲ့ Snapdragon 710 ဗားရှင်းဖြစ်တယ်လို့လည်း ပေါ်လွင်ခဲ့တယ်။ အရင်ထွက်ခဲ့တဲ့ သတင်းတွေအရဆိုရင် မော်ဒယ်နံပါတ် PACT00 / PACM00 ဟန်းဆက်ဟာ ဈေးကွက်ထဲကို Oppo Reno Lite အမည်နဲ့ ထွက်ပေါ်လာမှာပါ။

Oppo Reno Lite ဖုန်းဟာ အရွယ်အစား 156.6 x 74.3 x 9mm နဲ့ အလေးချိန် 185 ဂရမ်ရှိတယ်။ တွေ့ရတဲ့ Render ပုံအရဆိုရင် ဒီဖုန်းမှာ Notch လုံးဝမပါတဲ့ 6.4” လက်မအရွယ် Display တစ်ခုကို အသုံးပြုလာမှာပါ။ AMOLED Screen ထဲမှာပဲ In-display Fingerprint ပါမှာဖြစ်ပါတယ်။

ဒီဟန်းဆက်မှာ 3,680 mAh ဘက္ထရီပါဝင်ကာ အားအမြန်သွင်းစနစ်တစ်ခုလည်း ပါပါတယ်။ အတွင်းမှာ 2.2 GHz Octa-core ပရိုဆက်ဆာတစ်ခုနဲ့ အားဖြည့်ထားပြီး 6 / 8 GB RAM မန်မိုရီနဲ့ 128 / 256 GB Storage ဗားရှင်းတွေ ထွက်မှာဖြစ်ပါတယ်။ Android 9 Pie ကိုအခြေခံထားတဲ့ ColorOS 6.0 UI နဲ့အသုံးပြုရမှာပါ။

Oppo Reno Lite မှာ Dual-camera အသုံးပြုလာပြီး 48MP Sony IMX586 Sensor နဲ့အတူ Depth Sensor အဖြစ် အသုံးပြုရမယ့် 5MP တို့အတွဲပါ။ ဆယ်ဖီအတွက်တော့ 16MP ကင်မရာတစ်ခု ပါပါတယ်။ Oppo Reno ရဲ့ အဓိကဗားရှင်းဖြစ်တဲ့ Snapdragon 855 ချစ်ပ်ဆက်နဲ့ ဟန်းဆက်ကိုတော့ TENAA မှာလည်း မတွေ့ရသေးပါဘူး။

Ref – Playful Droid