[Zawgyi]

ျပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္တုန္းက 10x Zoom ပါတယ္ဆိုတဲ့ OPPO ရဲ႕ စမတ္ဖုန္းအသစ္ျဖစ္လာမယ့္ OPPO Reno ရဲ႕သတင္းေတြၾကားခဲ့ရပါတယ္။ဒါေပမယ့္လည္း ဒီေန႔မွာေတာ့  တရုတ္ Website တစ္ခုျဖစ္တဲ့ JD.com မွာ Reno ရဲ႔ပံုအစစ္အမွန္ေတြ ထြက္ေပၚလာခဲ့ျပီး ဒီဓာတ္ပံုေတြအရေတာ့ သူ႔မွာ အရင္သတင္းေတြမွာ ၾကားရသလို ေက်ာဘက္ ကင္မရာ (၃)လံုးနဲ႔မဟုတ္တာကို ျမင္ေတြ႔ခဲ့ရပါတယ္။လက္ရွိထြက္ေပၚလာတဲ့ ပံုေတြမွာေတာ့ Reno ဖုန္းမွာ Notch မပါတဲ့ မ်က္ႏွာျပင္ နဲ႔ ေက်ာဘက္ကင္မရာ (၂)လံုးကိုသာ ေတြ႔ရွိရျပီး ေသသပ္လွပတဲ့ ဒီဇိုင္း နဲ႔ အေရာင္ေတြကိုလည္း ျမင္ရမွာျဖစ္ပါတယ္။

ဒီ OPPO Reno ဖုန္းဟာ Purple, Pink, Green, နဲ႔ Black ဆိုျပီး အေရာင္ (၄)မ်ိဳးနဲ႔လာမယ္ဆိုတာ ေၾကျငာခဲ့ျပီး ျဖစ္ေပမယ့္လည္း ယခုမွသာ သူ႔ရဲ႕ ဒီဇိုင္းကာလာေတြကို ေသခ်ာျမင္ေတြ႔ရတာျဖစ္ပါတယ္။အခုျမင္ေတြ႔ရတဲ့ ပံုေတြအရေတာ့ ေက်ာဘက္မွာ ကင္မရာ (၂)လံုးသာပါျပီး 48MP Lens နဲ႔ ျမင္ကြင္းက်ယ္ ဓာတ္ပံုေတြအတြက္ Wide-Angle Lens (သို႔မဟုတ္) Portrait Mode အတြက္ Depth Sensor ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

OPPO Reno ရဲ႕ေရွ႕ဘက္ျခမ္းမွာေတာ့ ေသးငယ္တဲ့ Chin နဲ႔ မ်က္ႏွာျပင္အျပည့္နီးပါး ဒီဇိုင္းကိုျမင္ေတြ႔ရမွာျဖစ္ျပီးေဘးအစြန္းေတြကို 2.5D Curved AMOLED လိုမ်ိဳး အနည္းငယ္ေကြးထားတာ ျဖစ္ပါတယ္။ဒါ့အျပင္ လက္ေဗြစနစ္ကိုလည္း ဖုန္းရဲ႕ မ်က္ႏွာျပင္ေအာက္မွာထည့္ေပးထားမွာျဖစ္ျပီး Selfie ကင္မရာကေတာ့ ပံုမွန္ျမင္ေတြ႔ေနက်ပံုစံမ်ိဳး နဲ႔မတူဘဲ ဖုန္းရဲ႕ထိပ္ကေနထြက္ေပၚလာတာကိုလည္း အရင္တုန္းက ထြက္ေပၚခဲ့တဲ့ ပံုေတြမွာ ျမင္ေတြ႔ခဲ့ရျပီျဖစ္ပါတယ္။

Source – Gsmarena

[Unicode]

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်တုန်းက 10x Zoom ပါတယ်ဆိုတဲ့ OPPO ရဲ့ စမတ်ဖုန်းအသစ်ဖြစ်လာမယ့် OPPO Reno ရဲ့သတင်းတွေကြားခဲ့ရပါတယ်။ဒါပေမယ့်လည်း ဒီနေ့မှာတော့  တရုတ် Website တစ်ခုဖြစ်တဲ့ JD.com မှာ Reno ရဲ့ပုံအစစ်အမှန်တွေ ထွက်ပေါ်လာခဲ့ပြီး ဒီဓာတ်ပုံတွေအရတော့ သူ့မှာ အရင်သတင်းတွေမှာ ကြားရသလို ကျောဘက် ကင်မရာ (၃)လုံးနဲ့မဟုတ်တာကို မြင်တွေ့ခဲ့ရပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ Reno ဖုန်းမှာ Notch မပါတဲ့ မျက်နှာပြင် နဲ့ ကျောဘက်ကင်မရာ (၂)လုံးကိုသာ တွေ့ရှိရပြီး သေသပ်လှပတဲ့ ဒီဇိုင်း နဲ့ အရောင်တွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။

ဒီ OPPO Reno ဖုန်းဟာ Purple, Pink, Green, နဲ့ Black ဆိုပြီး အရောင် (၄)မျိုးနဲ့လာမယ်ဆိုတာ ကြေငြာခဲ့ပြီး ဖြစ်ပေမယ့်လည်း ယခုမှသာ သူ့ရဲ့ ဒီဇိုင်းကာလာတွေကို သေချာမြင်တွေ့ရတာဖြစ်ပါတယ်။အခုမြင်တွေ့ရတဲ့ ပုံတွေအရတော့ ကျောဘက်မှာ ကင်မရာ (၂)လုံးသာပါပြီး 48MP Lens နဲ့ မြင်ကွင်းကျယ် ဓာတ်ပုံတွေအတွက် Wide-Angle Lens (သို့မဟုတ်) Portrait Mode အတွက် Depth Sensor ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

OPPO Reno ရဲ့ရှေ့ဘက်ခြမ်းမှာတော့ သေးငယ်တဲ့ Chin နဲ့ မျက်နှာပြင်အပြည့်နီးပါး ဒီဇိုင်းကိုမြင်တွေ့ရမှာဖြစ်ပြီးဘေးအစွန်းတွေကို 2.5D Curved AMOLED လိုမျိုး အနည်းငယ်ကွေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ဗွေစနစ်ကိုလည်း ဖုန်းရဲ့ မျက်နှာပြင်အောက်မှာထည့်ပေးထားမှာဖြစ်ပြီး Selfie ကင်မရာကတော့ ပုံမှန်မြင်တွေ့နေကျပုံစံမျိုး နဲ့မတူဘဲ ဖုန်းရဲ့ထိပ်ကနေထွက်ပေါ်လာတာကိုလည်း အရင်တုန်းက ထွက်ပေါ်ခဲ့တဲ့ ပုံတွေမှာ မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

Source – Gsmarena