[Zawgyi]

ယေန႔မွာပဲ Oppo Reno စမတ္ဖုန္းဟာ TENAA ေပၚမွာ အခ်က္အလက္တစ္ခ်ဳိ႕နဲ႔အတူ ေပၚလာခဲ့ၿပီးပါၿပီ။ ယခုထပ္ၿပီး ဒီစမတ္ဖုန္းအသစ္ဟာ AnTuTu ဝက္ဆုိက္ေပၚကို အဓိက Specs ေတြနဲ႔အတူ ေပၚထြက္လာခဲ့ၿပီး သူ႕ရဲ႕ Render ပုံရိပ္ကိုပါ ျမင္ေတြ႕ရမွာပါ။

Oppo Reno မွာ ေမာ္ဒယ္နံပါတ္ခြဲႏွစ္ခု ရွိေနၿပီး TENAA ေပၚမွာ PCAM00 နဲ႔ PCAT00 အျဖစ္ ေရာက္လာခဲ့ပါတယ္။ ဒီႏွစ္ခုထဲက PCAM00 ေမာ္ဒယ္ကို AnTuTu မွာျမင္ေတြ႕ခဲ့ရကာ ရလဒ္ 166,935 ထိ ရရွိခဲ့တာပါ။

ဒီ Benchmark Database ဆုိက္ဟာ Reno မွာ Snapdragon 710 Soc နဲ႔တကြ 6GB RAM မန္မုိရီ ပါလာတာကိုလည္း အတည္ျပဳေပးႏုိင္ခဲ့ပါတယ္။ AnTuTu မွာေပၚထြက္လာတဲ့ အခ်က္အလက္ေတြကေတာ့ ဒီဖုန္းမွာ Android Pie ကိုအသုံးျပဳထားၿပီး 256GB Storage ပါဝင္မယ္။ Display က 2340 x 1080p Resolution လို႔ဆုိထားတာေၾကာင့္ TENAA စာရင္းနဲ႔လည္း ကိုက္ေနပါတယ္။

Reno ရဲ႕အျခားဟန္းဆက္တစ္ခုကေတာ့ ပိုေကာင္းတဲ့ Snapdragon 855 SoC ၊ ေနာက္ဘက္ ကင္မရာသုံးလုံး၊ 50W အားအျမန္သြင္းစနစ္နဲ႔ 4,065 mAh ဘကၳရီစတဲ့ Specs ေတြနဲ႔ ထြက္လာဦးမွာပါ။ ပုိေကာင္းတဲ့ ဟန္းဆက္ဟာ “Pro” အျဖစ္ ထြက္လာႏုိင္သလို အခု SD710 နဲ႔ဖုန္းကေတာ့ “Lite” နာမည္ခြဲနဲ႔ ထြက္လာမလား ဆုိတာလည္း မသိႏုိင္ပါဘူး။

အနည္းဆုံးေတာ့ Oppo Reno ရဲ႕ ေမာ္ဒယ္အကြဲေတြကို မၾကာခင္မွာ နာမည္နဲ႔တကြ ရွင္းရွင္းလင္းလင္း သိလာရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

[Unicode]

ယနေ့မှာပဲ Oppo Reno စမတ်ဖုန်းဟာ TENAA ပေါ်မှာ အချက်အလက်တစ်ချို့နဲ့အတူ ပေါ်လာခဲ့ပြီးပါပြီ။ ယခုထပ်ပြီး ဒီစမတ်ဖုန်းအသစ်ဟာ AnTuTu ဝက်ဆိုက်ပေါ်ကို အဓိက Specs တွေနဲ့အတူ ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ Render ပုံရိပ်ကိုပါ မြင်တွေ့ရမှာပါ။

Oppo Reno မှာ မော်ဒယ်နံပါတ်ခွဲနှစ်ခု ရှိနေပြီး TENAA ပေါ်မှာ PCAM00 နဲ့ PCAT00 အဖြစ် ရောက်လာခဲ့ပါတယ်။ ဒီနှစ်ခုထဲက PCAM00 မော်ဒယ်ကို AnTuTu မှာမြင်တွေ့ခဲ့ရကာ ရလဒ် 166,935 ထိ ရရှိခဲ့တာပါ။

ဒီ Benchmark Database ဆိုက်ဟာ Reno မှာ Snapdragon 710 Soc နဲ့တကွ 6GB RAM မန်မိုရီ ပါလာတာကိုလည်း အတည်ပြုပေးနိုင်ခဲ့ပါတယ်။ AnTuTu မှာပေါ်ထွက်လာတဲ့ အချက်အလက်တွေကတော့ ဒီဖုန်းမှာ Android Pie ကိုအသုံးပြုထားပြီး 256GB Storage ပါဝင်မယ်။ Display က 2340 x 1080p Resolution လို့ဆိုထားတာကြောင့် TENAA စာရင်းနဲ့လည်း ကိုက်နေပါတယ်။

Reno ရဲ့အခြားဟန်းဆက်တစ်ခုကတော့ ပိုကောင်းတဲ့ Snapdragon 855 SoC ၊ နောက်ဘက် ကင်မရာသုံးလုံး၊ 50W အားအမြန်သွင်းစနစ်နဲ့ 4,065 mAh ဘက္ထရီစတဲ့ Specs တွေနဲ့ ထွက်လာဦးမှာပါ။ ပိုကောင်းတဲ့ ဟန်းဆက်ဟာ “Pro” အဖြစ် ထွက်လာနိုင်သလို အခု SD710 နဲ့ဖုန်းကတော့ “Lite” နာမည်ခွဲနဲ့ ထွက်လာမလား ဆိုတာလည်း မသိနိုင်ပါဘူး။

အနည်းဆုံးတော့ Oppo Reno ရဲ့ မော်ဒယ်အကွဲတွေကို မကြာခင်မှာ နာမည်နဲ့တကွ ရှင်းရှင်းလင်းလင်း သိလာရတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena