[Zawgyi]

ကမာၻ႔စမတ္ဖုန္းေလာကတြင္ ဦးေဆာင္ေနေသာ OPPO သည္ အရည္အေသြး၊ လက္ရာႏွင့္ တစ္မူထူးျခားမႈ တို႔ကို အေလးေပးထားေသာ ကိုယ္ပိုင္ အမွတ္တံဆိပ္အသစ္ တစ္ခုကို ေဖာ္ထုတ္လိုက္ၿပီ ျဖစ္ပါသည္။ ၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ ထြက္ေပၚခဲ့ေသာ Counterpoint Research report အရ OPPO သည္ အရည္အေသြးျမင့္ ဖုန္းထုတ္လုပ္မႈ က႑တြင္ 863% ထိတိုးတက္လာခဲ့ၿပီး လွ်င္ျမန္ၿပီး အတိုးတက္ဆုံးေသာ စမတ္ဖုန္း brand အျဖစ္ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါသည္။

ထိုကဲ့သို႔ေသာ အရည္အေသြးစိတ္ခ်ရသည့္ OPPO မွ ထုတ္ကုန္မ်ားကို အားေပးေသာ သုံးစြဲသူမ်ားေၾကာင့္ OPPO သည္ နယူးေယာက္မွ ထင္ရွားေသာ ဒီဇိုင္နာ Eddie Opara of Pentagram ႏွင့္ပူးေပါင္း၍ ကိုယ္ပိုင္အမွတ္အသား အသစ္တစ္ခုကို ဖန္တီးလိုက္ၿပီ ျဖစ္ပါသည္။ ယခု ကိုယ္ပိုင္အမွတ္အသားအသစ္သည္ OPPO ၏ စိတ္လႈပ္ရွားဖြယ္ေကာင္းေသာ တစ္စတစ္စ တိုးတက္ေျပာင္းလဲမႈမ်ားကို ျပသသည့္အျပင္ ကုမၺဏီ၏ ႀကီးထြားလာမႈႏွင့္ ေအာင္ျမင္မႈမ်ားကိုပါ ထင္ဟပ္ျပသေနပါသည္။ အမွတ္တံဆိပ္အသစ္၏ ပုံရိပ္သည္ ပိုမို႐ိုးရွင္းမႈကို ထုတ္ေဖာ္ျပလိုက္သလိုျဖစ္ၿပီး ေခါက္ခ်ိဳးညီေသာ အမွတ္တံဆိပ္ တစ္ခုအျဖစ္ ေပၚထြက္လာၿပီ ျဖစ္ပါတယ္။ သိသာထင္ရွားေသာ OPPO ၏ အမွတ္တံဆိပ္ အသစ္သည္ ႏွစ္ၿခိဳက္ သေဘာက်ရေလာက္သည့္ ဒီဇိုင္း ႏွင့္ ေနရာအမ်ားႀကီး ယူမထားဘဲ ထူးျခားစြာ ေဝ့ဝိုက္သြားသည့္ အေကြးပုံစံႏွင့္အတူ ထြက္ေပၚလာခဲ့ပါၿပီ။ ဒီပုံရိပ္အသစ္မွာ color system အသစ္တစ္ခုႏွင့္ visual layout system တစ္ခုပါဝင္လာၿပီး OPPO ၏ စာလုံးပုံစံအမွတ္အသား အသစ္တစ္ခုျဖစ္ေသာ OPPO Sans ကိုလည္း ပြဲထုတ္ခဲ့ပါသည္။

ျပင္သစ္နာမည္ေက်ာ္ Roland-Garros ႏွင့္ Premium Partner ျဖစ္လာခဲ့ၿပီျဖစ္သည့္ OPPO

OPPO သည္ The Championships, Wimbledon ႏွင့္ တရားဝင္ပါတနာအျဖစ္ ဧၿပီလတြင္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ယခုအခါတြင္ French Tennis Federation (FFT) ႏွင့္ ပူေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ကမာၻေပၚတြင္ လူသိမ်ားေက်ာ္ၾကားေသာ The French Open ေခၚ Roland-Garros ႏွင့္ Rolex Paris Masters တို႔၏ Premium Partner အျဖစ္ ၂၀၁၉ ခုႏွစ္ မွ ၂၀၂၁ ခုႏွစ္ အထိ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ စမတ္ဖုန္းေလာကကို ဦးေဆာင္လ်က္ရွိေသာ OPPO သည္ ကမာၻ႔အေက်ာ္ၾကားဆုံးေသာ Tennis ၿပိဳင္ပြဲမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Roland-Garros ႏွင့္တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး တ႐ုတ္ႏိုင္ငံမွ ပထမဆုံး Premium Partner အျဖစ္သမိုင္းမွတ္တိုင္ စိုက္ထူႏိုင္ခဲ့သည့္အတြက္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိမည့္ စာခ်ဳပ္တစ္ရပ္ ျဖစ္လာမည္ ျဖစ္ပါသည္။ Roland-Garros ၿပိဳင္ပြဲသည္ ကမာၻေက်ာ္အမွတ္တံဆိပ္မ်ားျဖစ္ေသာ Emirates, Lacoste, Peugeot ႏွင့္ Rolex တို႔ႏွင့္ Premium Partner အျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ျဖစ္ေသာေၾကာင့္ OPPO ပါဝင္လာမႈသည္ စမတ္ဖုန္း ေလာကမွ Premium Partner အျဖစ္ ပထမဆုံးပါဝင္လာမႈ ျဖစ္ပါသည္။ OPPO ၏ တန္ဖိုးျမင့္ စမတ္ဖုန္းမ်ားျဖစ္ေသာ FIND X ႏွင့္ ေမာ္ဒယ္အသစ္ Reno တို႔ကိုအသုံးျပဳ၍ Roland-Garros ၏ အထူးအခိုက္အတန္႔မ်ားကို Stadium အတြင္းရွိ ဓာတ္ပုံျပခန္းတြင္ ျပသသြားမည္ျဖစ္ပါသည္။ အနာဂတ္တြင္ OPPO မွ Roland-Garros တြင္ ကမာၻေပၚရွိ တင္းနစ္ပရိသတ္မ်ားအား OPPO၏ေနာက္ဆုံးေပၚပစၥည္းမ်ားႏွင့္ နည္းပညာ ဆန္းသစ္တီထြင္မႈမ်ားအား ခံစားေစႏိုင္ရန္ OPPO အထူးဇုန္ ကိုလည္း ထားရွိထားမည္ျဖစ္ပါသည္။

OPPO Reno ႏွင့္ Reno 10x ကို ဥေရာပ၊ အိႏၵိယ ႏွင့္ တ႐ုတ္ႏိုင္ငံတြင္ မိတ္ဆက္ျပသခဲ့

ထို႔အျပင္ ကမာၻေပၚတြင္သုံးစြဲသူမ်ား၏ အားေပးမႈကို တစ္ခဲနက္ရရွိထားေသာ OPPO သည္ ယခင္ထုတ္လုပ္ခဲ့ေသာ R series ေနရာ၌ Reno series ျဖင့္ အစားထိုး၍ OPPO ၏ premium series အျဖစ္ ပြဲထြက္လာမည္ ျဖစ္ပါသည္။ OPPO သည္ ကမာၻေက်ာ္ တင္းနစ္ၿပိဳင္ပြဲမ်ားျဖစ္ေသာ Wimbledon, Roland-Garros တို႔ႏွင့္တရားဝင္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့ၿပီးသည့္ ေနာက္ ဥေရာပတြင္ လည္း OPPO ၏ brand image သည္ ပိုမိုက်ယ္ျပန္႔လာခဲ့ၿပီ ျဖစ္ပါသည္။ ယခုအခါ OPPO သည္ flagship smart phone series ျဖစ္ေသာ OPPO Reno series ကို တ႐ုတ္တြင္ ဧၿပီလ (၁၀) ရက္ေန႔၊ ဥေရာပ တြင္ ဧၿပီလ (၂၄) ရက္ေန႔၊ အိႏၵိယ၌ ေမလ (၂၈) ရက္ေန႔တြင္ အသီးသီး မိတ္ဆက္ေပးခဲ့ၿပီ ျဖစ္ပါသည္။ OPPO Reno series အသစ္တြင္ Reno ႏွင့္ Reno 10x ဟူ၍ ႏွစ္မ်ိဳး ထြက္ရွိလာမည္ ျဖစ္ၿပီး OPPO Reno series ကို တ႐ုတ္၊ ဥေရာပႏွင့္ အိႏၵိယ၌ မိတ္ဆက္ၿပီးသည့္ေနာက္ ျမန္မာႏိုင္ငံေဈးကြက္တြင္လည္း ဝင္ေရာက္လာမည္ဟု ခန္႔မွန္းရပါသည္။

[Unicode]

အမှတ်တံဆိပ်အသစ်မိတ်ဆက်ခြင်းနှင့်အတူ Roland-Garros နှင့် Premium Partner ဖြစ်လာခဲ့သည့် OPPO

ကမ္ဘာ့စမတ်ဖုန်းလောကတွင် ဦးဆောင်နေသော OPPO သည် အရည်အသွေး၊ လက်ရာနှင့် တစ်မူထူးခြားမှု တို့ကို အလေးပေးထားသော ကိုယ်ပိုင် အမှတ်တံဆိပ်အသစ် တစ်ခုကို ဖော်ထုတ်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ထွက်ပေါ်ခဲ့သော Counterpoint Research report အရ OPPO သည် အရည်အသွေးမြင့် ဖုန်းထုတ်လုပ်မှု ကဏ္ဍတွင် 863% ထိတိုးတက်လာခဲ့ပြီး လျှင်မြန်ပြီး အတိုးတက်ဆုံးသော စမတ်ဖုန်း brand အဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။

ထိုကဲ့သို့သော အရည်အသွေးစိတ်ချရသည့် OPPO မှ ထုတ်ကုန်များကို အားပေးသော သုံးစွဲသူများကြောင့် OPPO သည် နယူးယောက်မှ ထင်ရှားသော ဒီဇိုင်နာ Eddie Opara of Pentagram နှင့်ပူးပေါင်း၍ ကိုယ်ပိုင်အမှတ်အသား အသစ်တစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်ပါသည်။ ယခု ကိုယ်ပိုင်အမှတ်အသားအသစ်သည် OPPO ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော တစ်စတစ်စ တိုးတက်ပြောင်းလဲမှုများကို ပြသသည့်အပြင် ကုမ္ဗဏီ၏ ကြီးထွားလာမှုနှင့် အောင်မြင်မှုများကိုပါ ထင်ဟပ်ပြသနေပါသည်။ အမှတ်တံဆိပ်အသစ်၏ ပုံရိပ်သည် ပိုမိုရိုးရှင်းမှုကို ထုတ်ဖော်ပြလိုက်သလိုဖြစ်ပြီး ခေါက်ချိုးညီသော အမှတ်တံဆိပ် တစ်ခုအဖြစ် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ သိသာထင်ရှားသော OPPO ၏ အမှတ်တံဆိပ် အသစ်သည် နှစ်ခြိုက် သဘောကျရလောက်သည့် ဒီဇိုင်း နှင့် နေရာအများကြီး ယူမထားဘဲ ထူးခြားစွာ ဝေ့ဝိုက်သွားသည့် အကွေးပုံစံနှင့်အတူ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီပုံရိပ်အသစ်မှာ color system အသစ်တစ်ခုနှင့် visual layout system တစ်ခုပါဝင်လာပြီး OPPO ၏ စာလုံးပုံစံအမှတ်အသား အသစ်တစ်ခုဖြစ်သော OPPO Sans ကိုလည်း ပွဲထုတ်ခဲ့ပါသည်။

ပြင်သစ်နာမည်ကျော် Roland-Garros နှင့် Premium Partner ဖြစ်လာခဲ့ပြီဖြစ်သည့် OPPO

OPPO သည် The Championships, Wimbledon နှင့် တရားဝင်ပါတနာအဖြစ် ဧပြီလတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ယခုအခါတွင် French Tennis Federation (FFT) နှင့် ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာပေါ်တွင် လူသိများကျော်ကြားသော The French Open ခေါ် Roland-Garros နှင့် Rolex Paris Masters တို့၏ Premium Partner အဖြစ် ၂၀၁၉ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ စမတ်ဖုန်းလောကကို ဦးဆောင်လျက်ရှိသော OPPO သည် ကမ္ဘာ့အကျော်ကြားဆုံးသော Tennis ပြိုင်ပွဲများတွင် တစ်ခုအပါအဝင်ဖြစ်သော Roland-Garros နှင့်တရားဝင်စာချုပ်ချုပ်ဆိုပြီး တရုတ်နိုင်ငံမှ ပထမဆုံး Premium Partner အဖြစ်သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် စာချုပ်တစ်ရပ် ဖြစ်လာမည် ဖြစ်ပါသည်။ Roland-Garros ပြိုင်ပွဲသည် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သော Emirates, Lacoste, Peugeot နှင့် Rolex တို့နှင့် Premium Partner အဖြစ် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သောကြောင့် OPPO ပါဝင်လာမှုသည် စမတ်ဖုန်း လောကမှ Premium Partner အဖြစ် ပထမဆုံးပါဝင်လာမှု ဖြစ်ပါသည်။ OPPO ၏ တန်ဖိုးမြင့် စမတ်ဖုန်းများဖြစ်သော FIND X နှင့် မော်ဒယ်အသစ် Reno တို့ကိုအသုံးပြု၍ Roland-Garros ၏ အထူးအခိုက်အတန့်များကို Stadium အတွင်းရှိ ဓာတ်ပုံပြခန်းတွင် ပြသသွားမည်ဖြစ်ပါသည်။ အနာဂတ်တွင် OPPO မှ Roland-Garros တွင် ကမ္ဘာပေါ်ရှိ တင်းနစ်ပရိသတ်များအား OPPO၏နောက်ဆုံးပေါ်ပစ္စည်းများနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုများအား ခံစားစေနိုင်ရန် OPPO အထူးဇုန် ကိုလည်း ထားရှိထားမည်ဖြစ်ပါသည်။

OPPO Reno နှင့် Reno 10x ကို ဥရောပ၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတွင် မိတ်ဆက်ပြသခဲ့

ထို့အပြင် ကမ္ဘာပေါ်တွင်သုံးစွဲသူများ၏ အားပေးမှုကို တစ်ခဲနက်ရရှိထားသော OPPO သည် ယခင်ထုတ်လုပ်ခဲ့သော R series နေရာ၌ Reno series ဖြင့် အစားထိုး၍ OPPO ၏ premium series အဖြစ် ပွဲထွက်လာမည် ဖြစ်ပါသည်။ OPPO သည် ကမ္ဘာကျော် တင်းနစ်ပြိုင်ပွဲများဖြစ်သော Wimbledon, Roland-Garros တို့နှင့်တရားဝင်စာချုပ်များ ချုပ်ဆိုခဲ့ပြီးသည့် နောက် ဥရောပတွင် လည်း OPPO ၏ brand image သည် ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ OPPO သည် flagship smart phone series ဖြစ်သော OPPO Reno series ကို တရုတ်တွင် ဧပြီလ (၁၀) ရက်နေ့၊ ဥရောပ တွင် ဧပြီလ (၂၄) ရက်နေ့၊ အိန္ဒိယ၌ မေလ (၂၈) ရက်နေ့တွင် အသီးသီး မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါသည်။ OPPO Reno series အသစ်တွင် Reno နှင့် Reno 10x ဟူ၍ နှစ်မျိုး ထွက်ရှိလာမည် ဖြစ်ပြီး OPPO Reno series ကို တရုတ်၊ ဥရောပနှင့် အိန္ဒိယ၌ မိတ်ဆက်ပြီးသည့်နောက် မြန်မာနိုင်ငံဈေးကွက်တွင်လည်း ဝင်ရောက်လာမည်ဟု ခန့်မှန်းရပါသည်။