[Zawgyi]

ၿပီးခဲ့တဲ့ ရက္ကပဲ OPPO ရဲ႕ Reno စမတ္ဖုန္းဟာ Aurora Green အေရာင္နဲ႔ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ ႐ုပ္ပုံက OPPO R17 Pro နဲ႔ ခပ္ဆင္ဆင္ျဖစ္ေနတာရယ္၊ ခိုင္မာတဲ့ သတင္းရင္းျမစ္က မဟုတ္တာရယ္ေၾကာင့္ ေကာလာဟလအျဖစ္သာ သတ္မွတ္ထားခဲ့ရပါတယ္။

အခုေတာ့ Reno နဲ႔ ပတ္သက္တဲ့ ႐ုပ္ပုံေတြ ထပ္ၿပီးထြက္ေပၚလာၿပီျဖစ္ပါတယ္။ ဒီတစ္ခါ ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြကေတာ့ ရွင္းလင္းျပတ္သားၿပီး ဧၿပီလ ၁၀ ရက္ေန႔မွာ ေရာက္ရွိမယ္ဆိုတဲ့ သတင္းအခ်က္အလက္ကိုပါ ယူေဆာင္လာခဲ့ပါတယ္။ ဒါ့အျပင္ ခိုင္မာတဲ့ ရင္းျမစ္ကေန ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ေပါက္ၾကားလာမႈအရ Reno ကို ခရမ္းေရာင္၊ ပန္းေရာင္၊ အစိမ္းေရာင္နဲ႔ အနက္ေရာင္ဆိုၿပီး အေရာင္ ၄ မ်ိဳးနဲ႔ ထုတ္လုပ္ထားေၾကာင္း သိရပါတယ္။ တ႐ုတ္ကေန ထြက္ေပၚလာတဲ့ သတင္းကေတာ့ Reno မွာ 10x zoom periscope ကင္မရာ တပ္ဆင္ေပးထားမယ္လို႔ ဆိုပါတယ္။

အခုထပ္ၿပီး ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြကေတာ့ Reno ရဲ႕ ပုံသ႑ာန္ကို ရွင္းရွင္းလင္းလင္းျမင္ရၿပီး ေက်ာဘက္ကင္မရာ သုံးလုံးကိုလည္း ျပတ္ျပတ္သားသား ေတြ႕ရၿပီ ျဖစ္ပါတယ္။ ကင္မရာသုံးလုံးကေတာ့ ခန႔္မွန္းသတင္းေတြအတိုင္း Regular shooter, wide-angle ကင္မရာနဲ႔ zoom ကင္မရာေတြပဲ ျဖစ္ဖြယ္ရွိပါတယ္။

Reno နဲ႔ ပတ္သက္ၿပီး အခုထိ ေစာင့္ဆိုင္းေနရတဲ့ သတင္းကေတာ့ Snapdragon 710 Chipset သုံးမွာလား၊ ဒါမွမဟုတ္ Snapdragon 855 Chipset ကိုပဲ သုံးထားမွာလား ဆိုတာပါ။ ဒါ့အျပင္ 4,000+mAh ဘက္ထရီကိုလည္း တပ္ဆင္ေပးထားမလားဆိုတဲ့ ေမးခြန္းအတြက္လည္း ေစာင့္ဆိုင္းေနရေသးတာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

အရောင် ၄ မျိုးနဲ့ထွက်လာမယ့် OPPO Reno

ပြီးခဲ့တဲ့ ရက်ကပဲ OPPO ရဲ့ Reno စမတ်ဖုန်းဟာ Aurora Green အရောင်နဲ့ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်ပုံက OPPO R17 Pro နဲ့ ခပ်ဆင်ဆင်ဖြစ်နေတာရယ်၊ ခိုင်မာတဲ့ သတင်းရင်းမြစ်က မဟုတ်တာရယ်ကြောင့် ကောလာဟလအဖြစ်သာ သတ်မှတ်ထားခဲ့ရပါတယ်။

အခုတော့ Reno နဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေ ထပ်ပြီးထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီတစ်ခါ ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေကတော့ ရှင်းလင်းပြတ်သားပြီး ဧပြီလ ၁၀ ရက်နေ့မှာ ရောက်ရှိမယ်ဆိုတဲ့ သတင်းအချက်အလက်ကိုပါ ယူဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ခိုင်မာတဲ့ ရင်းမြစ်ကနေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပေါက်ကြားလာမှုအရ Reno ကို ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ထားကြောင်း သိရပါတယ်။ တရုတ်ကနေ ထွက်ပေါ်လာတဲ့ သတင်းကတော့ Reno မှာ 10x zoom periscope ကင်မရာ တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။

အခုထပ်ပြီး ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေကတော့ Reno ရဲ့ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်ရပြီး ကျောဘက်ကင်မရာ သုံးလုံးကိုလည်း ပြတ်ပြတ်သားသား တွေ့ရပြီ ဖြစ်ပါတယ်။ ကင်မရာသုံးလုံးကတော့ ခန့်မှန်းသတင်းတွေအတိုင်း Regular shooter, wide-angle ကင်မရာနဲ့ zoom ကင်မရာတွေပဲ ဖြစ်ဖွယ်ရှိပါတယ်။

Reno နဲ့ ပတ်သက်ပြီး အခုထိ စောင့်ဆိုင်းနေရတဲ့ သတင်းကတော့ Snapdragon 710 Chipset သုံးမှာလား၊ ဒါမှမဟုတ် Snapdragon 855 Chipset ကိုပဲ သုံးထားမှာလား ဆိုတာပါ။ ဒါ့အပြင် 4,000+mAh ဘက်ထရီကိုလည်း တပ်ဆင်ပေးထားမလားဆိုတဲ့ မေးခွန်းအတွက်လည်း စောင့်ဆိုင်းနေရသေးတာ ဖြစ်ပါတယ်။

Ref: Phone Arena