OPPO ဟာ Reno ကို လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ 10x Zoom ကင္မရာပါဝင္လာမယ့္ ဒီစမတ္ဖုန္းဟာ OPPO ရဲ႕ ေျခလွမ္းသစ္တစ္ခုကို ကိုယ္စားျပဳေနမယ့္ စမတ္ဖုန္းလို႔လည္း ေျပာႏိုင္ပါတယ္။ OPPO Reno ဟာ အမ်ိဳးကြဲေတြနဲ႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ထြက္လာမယ္လို႔လည္း ၾကားသိရပါတယ္။

အမ်ိဳးအစားေတြကြဲျပားတာနဲ႔အေလ်ာက္ အသုံးျပဳထားတဲ့ Chipset ေတြလည္း တူညီၾကမွာမဟုတ္ပါဘူး။ မတူညီတဲ့ ဖုန္းေတြဟာ အပူဒဏ္ကို ေျဖရွင္းတဲ့ ပုံစံခ်င္းလည္း ကြဲျပားျခားနားၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ကုမၸဏီရဲ႕ ဒုတိယဥကၠ႒ Brian Shen ကေတာ့ Snapdragon 855 အသုံးျပဳထားတဲ့ Flagship ဟာ Copper tube နဲ႔ Liquid cooling ပါဝင္လာမယ္လို႔ ေျပာခဲ့ပါတယ္။

OPPO Reno မွာ Snapadragon 710 အသုံးျပဳထားတဲ့ အမ်ိဳးအစားလည္း ထြက္ရွိလာဦးမယ္လို႔ သိရပါတယ္။ ဒီအမ်ိဳးအစားမွာေတာ့ အပူခ်ိန္ေလွ်ာ့ခ်တဲ့စနစ္အျဖစ္ ဂ်ယ္တစ္မ်ိဳး ဒါမွမဟုတ္ ခဲနက္ေပ်ာ့ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဗြီဒီယိုၾကည့္ရင္းျဖစ္ျဖစ္၊ ဂရပ္ဖစ္ျမင့္တဲ့ ဂိမ္းေတြေဆာ့ေနခ်ိန္ျဖစ္ျဖစ္ အရမ္းပူလာရင္ ဒီနည္းစနစ္က အပူကို ေလွ်ာ့ခ်ေပးမွာျဖစ္တယ္လို႔ ဆိုပါတယ္။

OPPO Reno မွာ 5G ကြန္ရက္ခ်ိတ္ဆက္ အသုံးျပဳႏိုင္တဲ့ အမ်ိဳးအစားကို ထုတ္လုပ္မွာျဖစ္သလို Snapdragon X50 modem မပါဝင္တဲ့ အမ်ိဳးအစားလည္း ရွိလာႏိုင္ၿပီး 12GB of RAM, Storage အေျမာက္အမ်ားနဲ႔ Lamborghini Edition လည္း ထုတ္လုပ္ဖြယ္ရွိေနတာပါ။ အခ်က္အလက္ အေသးစိတ္နဲ႔ ေဈးႏႈန္းကို သိရဖို႔ တရားဝင္ေၾကညာခ်ိန္ကိုပဲ ေစာင့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ OPPO Reno ဟာ Liquid cooling နဲ့ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာ

OPPO ဟာ Reno ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ 10x Zoom ကင်မရာပါဝင်လာမယ့် ဒီစမတ်ဖုန်းဟာ OPPO ရဲ့ ခြေလှမ်းသစ်တစ်ခုကို ကိုယ်စားပြုနေမယ့် စမတ်ဖုန်းလို့လည်း ပြောနိုင်ပါတယ်။ OPPO Reno ဟာ အမျိုးကွဲတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာမယ်လို့လည်း ကြားသိရပါတယ်။

အမျိုးအစားတွေကွဲပြားတာနဲ့အလျောက် အသုံးပြုထားတဲ့ Chipset တွေလည်း တူညီကြမှာမဟုတ်ပါဘူး။ မတူညီတဲ့ ဖုန်းတွေဟာ အပူဒဏ်ကို ဖြေရှင်းတဲ့ ပုံစံချင်းလည်း ကွဲပြားခြားနားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Brian Shen ကတော့ Snapdragon 855 အသုံးပြုထားတဲ့ Flagship ဟာ Copper tube နဲ့ Liquid cooling ပါဝင်လာမယ်လို့ ပြောခဲ့ပါတယ်။

OPPO Reno မှာ Snapadragon 710 အသုံးပြုထားတဲ့ အမျိုးအစားလည်း ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။ ဒီအမျိုးအစားမှာတော့ အပူချိန်လျှော့ချတဲ့စနစ်အဖြစ် ဂျယ်တစ်မျိုး ဒါမှမဟုတ် ခဲနက်ပျော့ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါကြောင့် ဗွီဒီယိုကြည့်ရင်းဖြစ်ဖြစ်၊ ဂရပ်ဖစ်မြင့်တဲ့ ဂိမ်းတွေဆော့နေချိန်ဖြစ်ဖြစ် အရမ်းပူလာရင် ဒီနည်းစနစ်က အပူကို လျှော့ချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

OPPO Reno မှာ 5G ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်တဲ့ အမျိုးအစားကို ထုတ်လုပ်မှာဖြစ်သလို Snapdragon X50 modem မပါဝင်တဲ့ အမျိုးအစားလည်း ရှိလာနိုင်ပြီး 12GB of RAM, Storage အမြောက်အများနဲ့ Lamborghini Edition လည်း ထုတ်လုပ်ဖွယ်ရှိနေတာပါ။ အချက်အလက် အသေးစိတ်နဲ့ ဈေးနှုန်းကို သိရဖို့ တရားဝင်ကြေညာချိန်ကိုပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena