[Zawgyi]
OPPO ဟာ ၿပီးခဲ့တဲ့လတုန္းက ပထမဆုံး Reno series အျဖစ္ OPPO Reno, Reno 10x zoom နဲ႔ Reno 5G တို႔ကို မိတ္ဆက္ ျဖန႔္ခ်ိခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ က်န္ခဲ့တဲ့ ေမလဆန္းတုန္းက TENAA မွာ 32MP Selfie ကင္မရာနဲ႔ OPPO Reno စမတ္ဖုန္းတစ္လုံးကို ေတြ႕ျမင္ခဲ့ရပါေသးတယ္။
ထြက္ေပၚေနတဲ့ ေကာလာဟလေတြအရ ကုမၸဏီဟာ သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာ ေဈးႏႈန္းနည္းပါးတဲ့ အမ်ိဳးအစားသစ္တစ္မ်ိဳးကို ေဈးကြက္ထဲမွာ ျဖန႔္ခ်ိဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ China Telecom ရဲ႕ Website မွာလည္း OPPO Reno Z အမည္နဲ႔ဖုန္းတစ္လုံးဟာ စာရင္းဝင္လာတာကို ေတြ႕ျမင္ရပါတယ္။ အခုေတာ့ Reno Z ရဲ႕ Renders ပုံရိပ္ေတြလည္း ရရွိလာၿပီျဖစ္သလို ေဈးႏႈန္းကိုလည္း သိရွိလာရၿပီ ျဖစ္ပါတယ္။
OPPO Reno Z ဟာ 6.4-inch FHD+ မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 32MP Selfie ကင္မရာအတြက္ Waterdrop notch တစ္ခုေတာ့ ထည့္သြင္းထားပါတယ္။ Built-in fingerprint reader လည္းပါဝင္တယ္လို႔သိရၿပီး ေက်ာဘက္မွာေတာ့ 48MP main sensor + 5MP depth ကင္မရာႏွစ္လုံး တြဲဖက္ထားတယ္လို႔ သိရပါတယ္။
Reno Z အတြက္ Heilo P90 SoC အသုံးျပဳထားၿပီး 6GB of RAM နဲ႔ 256GB storage ကို တြဲဖက္ေပးထားတယ္လို႔ သိရပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,950mAh ျဖစ္ၿပီး 20W အျမန္အားသြင္းစနစ္နဲ႔ VOOC 3.0 ကို ေထာက္ပံ့ေပးထားတယ္လို႔လည္း သိရပါတယ္။ Star Purple, Extreme Night Black, Coral Orange နဲ႔ Bead White ဆိုၿပီး အေရာင္ေလးမ်ိဳးရွိတဲ့ဒီဖုန္းဟာ ခန႔္မွန္းေဈးႏႈန္း CNY2,599 ($377) ၅ သိန္း ၈ ေသာင္းဝန္းက်င္ ျဖစ္မယ္လို႔လည္း သိရပါတယ္။
Ref: GSMArena
[Unicode]
OPPO Reno Z ရဲ့ Renders နဲ့ ဈေးနှုန်းများ ပေါက်ကြားလာ
OPPO ဟာ ပြီးခဲ့တဲ့လတုန်းက ပထမဆုံး Reno series အဖြစ် OPPO Reno, Reno 10x zoom နဲ့ Reno 5G တို့ကို မိတ်ဆက် ဖြန့်ချိခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျန်ခဲ့တဲ့ မေလဆန်းတုန်းက TENAA မှာ 32MP Selfie ကင်မရာနဲ့ OPPO Reno စမတ်ဖုန်းတစ်လုံးကို တွေ့မြင်ခဲ့ရပါသေးတယ်။
ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ ကုမ္ပဏီဟာ သိပ်မကြာခင်အချိန်အတောအတွင်းမှာ ဈေးနှုန်းနည်းပါးတဲ့ အမျိုးအစားသစ်တစ်မျိုးကို ဈေးကွက်ထဲမှာ ဖြန့်ချိဖို့ ရှိနေတယ်လို့ သိရပါတယ်။ China Telecom ရဲ့ Website မှာလည်း OPPO Reno Z အမည်နဲ့ဖုန်းတစ်လုံးဟာ စာရင်းဝင်လာတာကို တွေ့မြင်ရပါတယ်။ အခုတော့ Reno Z ရဲ့ Renders ပုံရိပ်တွေလည်း ရရှိလာပြီဖြစ်သလို ဈေးနှုန်းကိုလည်း သိရှိလာရပြီ ဖြစ်ပါတယ်။
OPPO Reno Z ဟာ 6.4-inch FHD+ မျက်နှာပြင်နဲ့ဖြစ်ပြီး 32MP Selfie ကင်မရာအတွက် Waterdrop notch တစ်ခုတော့ ထည့်သွင်းထားပါတယ်။ Built-in fingerprint reader လည်းပါဝင်တယ်လို့သိရပြီး ကျောဘက်မှာတော့ 48MP main sensor + 5MP depth ကင်မရာနှစ်လုံး တွဲဖက်ထားတယ်လို့ သိရပါတယ်။
Reno Z အတွက် Heilo P90 SoC အသုံးပြုထားပြီး 6GB of RAM နဲ့ 256GB storage ကို တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 3,950mAh ဖြစ်ပြီး 20W အမြန်အားသွင်းစနစ်နဲ့ VOOC 3.0 ကို ထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။ Star Purple, Extreme Night Black, Coral Orange နဲ့ Bead White ဆိုပြီး အရောင်လေးမျိုးရှိတဲ့ဒီဖုန်းဟာ ခန့်မှန်းဈေးနှုန်း CNY2,599 ($377) ၅ သိန်း ၈ သောင်းဝန်းကျင် ဖြစ်မယ်လို့လည်း သိရပါတယ်။
Ref: GSMArena