[Unicode]

OPPO Myanmar ကနေ ကင်မရာစွမ်းဆောင်ရည် ကောင်းမွန်ပြီး မြင်သူတိုင်း သဘောကျလောက်စရာ ဒီဇိုင်းတွေနဲ့အတူ နေ့စဥ်အသုံးပြုတွေမှာလည်း စိတ်ကျေနပ်စေမယ့် OPPO Reno2 I 2F စမတ်ဖုန်းအသစ်တွေကို ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ နေ့စဥ်အသုံးပြုမှုနဲ့ gaming ပိုင်းတွေမှာရော OPPO Reno2 I 2F စမတ်ဖုန်းတွေဟာ ဘယ်လောက်ထိ အဆင်ပြေနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

ဘယ်လိုဂိမ်းလာလာ ချောချောမွေ့မွေ့ကစားနိုင်တဲ့ OPPO Reno2

OPPO Reno2 စမတ်ဖုန်းမှာ ဆိုရင် gaming ပိုင်းကို အဓိကထားတဲ့ Snapdragon 730G Processor ကို အသုံးပြုပေးထားပါတယ်။ Snapdragon 730G Processor ဟာ 8nm ပေါ်မှာအခြေခံထားတဲ့ SOC ဖြစ်တဲ့ အတွက် ဘယ်လိုဂိမ်းတွေကိုပဲဆော့ဆော့ ချောချောမွေ့မွေ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

မိုဘိုင်းဂိမ်းတွေ ကစားရာမှာ ပြိုင်ဘက်ထက် ခြေတစ်လှမ်းသာအောင် ကစားနိုင်ဖို့လိုပါတယ်။ ဖုန်းရဲ့ performance ကြောင့် တစ်ခြား ကိုယ်နဲ့ပြိုင်ကစားတဲ့သူထက် 0.1s လောက်နောက်ကျသွားမယ် ဆိုရင်တောင် ပွဲရဲ့အဖြေက ပြောင်းလဲသွားနိုင်ပါတယ်။ OPPO Reno2 မှာဆိုရင် ဂိမ်းကစားရာမှာ frame rate acceleration တွေကို မြှင့်တင်ပေးမယ့် frame boost 2.0 အပြင် ဂိမ်းကစားတဲ့အချိန်မှာ ချောချောမွေ့မွေ့ ကစားနိုင်ဖို့အတွက် Touch Boost 2.0 တွေ ပါဝင်တဲ့ Game Boost 2.0 ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီလိုမျိုး software တွေ ထပ်မံထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် PUBG လိုမိုဘိုင်းဂိမ်းတွေကိုလည်း လျှင်မြန်သွက်လက်စွာ ကစားနိုင်တဲ့အပြင် graphic setting ကောင်းကောင်းနဲ့လည်း ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Ram ပိုင်းမှာလည်း 8GB အထိထည့်ပေးထားတဲ့အတွက် multi task တွေကို ကောင်းကောင်း run နိုင်တဲ့အပြင် Storage ကလည်း 256GB ထိထည့်ပေးထားတဲ့ဆိုတော့ ဂိမ်းတွေအများကြီး သွင်းထားပြီးဆော့တတ်တဲ့ သူတွေ၊ movie တွေအများအကြီး ထည့်ကြည့်တတ်တဲ့သူတွေ အကြိုက်တွေ့စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ပြည့်စုံကောင်းမွန်တဲ့ AMOLED Display ရုပ်ထွက်တွေနဲ့ OPPO Reno2 F

OPPO Reno2 F စမတ်ဖုန်းဟာ ဆိုရင်လည်း ရုပ်ထွက်ကောင်းမွန်တဲ့ ၆.၅လက်မအရွယ် မျက်နှာပြင်ပြည့် AMOLED Display ပါရှိတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ notch လုံးဝမပါဝင်တဲ့ Panoramic Screenကြောင့် ဂိမ်းတွေပဲဆော့ဆော့ video တွေပဲ ကြည့်ကြည့် အကောင်းဆုံးရသကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ ဆိုရင်လည်း Reno2 F ကအဆင့်မြင့်အသံစနစ် Dolby Atmos ကြောင့် နားကြပ်နဲ့ပဲ နားထောင် နားထောင်၊ Speaker နဲ့ပဲဖွင့်ဖွင့် အကောင်းဆုံး အသံထွက်တွေကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ Performance ပိုင်းမှာဆိုရင် 8GB Ram ကို Mediatek ရဲ့ Helio P70နဲ့ တွဲဘက်ပေးထားတဲ့အတွက် နေ့စဥ်အသုံးပြုမှုတွေမှာ ဘယ်လို appတွေပဲ သုံးသုံး အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Gaming ပိုင်းနဲ့ နေ့စဥ်အသုံးပြုမှုတွေမှာပါ အကောင်ဆုံး စွမ်းဆောင်ရည်တွေရှိနေတဲ့ OPPO Reno2 စမတ်ဖုန်းကို မြန်မာငွေ (၇၉၉,၉၀၀) ကျပ်နဲ့ ‌‌ရောင်းချပေးနေသလို Reno2 F စမတ်ဖုန်းကိုလည်း မြန်မာငွေ (၅၂၉,၉၀၀) ကျပ်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ OPPO အရောင်းကောင်တာတိုင်းမှာ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

[Zawgyi]

နေ့စဉ်အသုံးပြုမှုနဲ့ Gaming ပိုင်းတွေမှာ စိတ်ကျေနပ်မှုရရှိစေမယ့် OPPO Reno2 I 2F







