[Zawgyi]

OPPO ရဲ႕ ဒုတိယ ဥကၠဌ Brian Shen က ေနာက္ထုတ္မယ့္ Reno 2 မွာ Qualcomm Snapdragon 730G Chipset ထည့္သြင္းထားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူက Reno 2 ရဲ႕ Optical Image Stabilization (OIS) ကို အျခား စမတ္ဖုန္း ၁ လံုးနဲ႔ ႏိႈင္းယွဥ္ျပသထားတဲ့ ဗီဒီယို ၁ ခုကိုလည္း တြစ္တာမွာ မွ်ေ၀လိုက္ပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ေလ့လာႏိုင္ပါတယ္။

OPPO က Reno 2 မွာ 5x Hybrid Zoom နဲ႔ 20x Digital Zoom ေတြ ပါမယ္လို႔ ေျပာတဲ့ အတြက္ Reno 10x Zoom Edition လို Periscope Module ပါမွာ မဟုတ္ပါဘူး။ ကုမၸဏီက အေနာက္ကင္မရာ ၄ လံုးတပ္ Reno 2 မွာ Ultrawide Angle နဲ႔ Macro Cameras ေတြ ပါမယ္လို႔ အတည္ျပဳထားတဲ့ ဗီဒီယို ၁ ခုကို YouTube မွာ မွ်ေ၀ထားပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

Reno 2 ရဲ႕ ဓါတ္ပံုနဲ႔ Specs ေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းက TENAA မွာ ေတြ႕ခဲ့ရပါတယ္။ ၆.၅ လက္မ AMOLED FHD+ Display နဲ႔ ငါးမန္းေတာင္ စတိုင္ 16MP Pop-up Camera တပ္ဆင္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ အေနာက္ဘက္မွာ 48MP Main , 13MP Telephoto , 8MP Ultrawide နဲ႔ 2MP Depth Cameras ေတြ ထည့္သြင္းထားပါတယ္။

8GB RAM နဲ႔ 128/256GB Storage ေတြ ပါမယ္လို႔ သိရပါတယ္။ 4,000mAh Battery နဲ႔ Android 9 Pie အေျချပဳ ColorOS 6 ပါလာမွာပါ။ 20W Fast Charger ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အနက္၊ အစိမ္းနဲ႔ ပန္းေရာင္ေတြ ထုတ္လုပ္ထားမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

OPPO Reno 2 ရဲ့ Chipset နဲ့ Camera Features တွေကို အတည်ပြုလိုက်ပြီ

OPPO ရဲ့ ဒုတိယ ဥက္ကဌ Brian Shen က နောက်ထုတ်မယ့် Reno 2 မှာ Qualcomm Snapdragon 730G Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက Reno 2 ရဲ့ Optical Image Stabilization (OIS) ကို အခြား စမတ်ဖုန်း ၁ လုံးနဲ့ နှိုင်းယှဉ်ပြသထားတဲ့ ဗီဒီယို ၁ ခုကိုလည်း တွစ်တာမှာ မျှဝေလိုက်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

OPPO က Reno 2 မှာ 5x Hybrid Zoom နဲ့ 20x Digital Zoom တွေ ပါမယ်လို့ ပြောတဲ့ အတွက် Reno 10x Zoom Edition လို Periscope Module ပါမှာ မဟုတ်ပါဘူး။ ကုမ္ပဏီက အနောက်ကင်မရာ ၄ လုံးတပ် Reno 2 မှာ Ultrawide Angle နဲ့ Macro Cameras တွေ ပါမယ်လို့ အတည်ပြုထားတဲ့ ဗီဒီယို ၁ ခုကို YouTube မှာ မျှဝေထားပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Reno 2 ရဲ့ ဓါတ်ပုံနဲ့ Specs တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက TENAA မှာ တွေ့ခဲ့ရပါတယ်။ ၆.၅ လက်မ AMOLED FHD+ Display နဲ့ ငါးမန်းတောင် စတိုင် 16MP Pop-up Camera တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Depth Cameras တွေ ထည့်သွင်းထားပါတယ်။

8GB RAM နဲ့ 128/256GB Storage တွေ ပါမယ်လို့ သိရပါတယ်။ 4,000mAh Battery နဲ့ Android 9 Pie အခြေပြု ColorOS 6 ပါလာမှာပါ။ 20W Fast Charger ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အနက်၊ အစိမ်းနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena