Zawgyi

Oppo ကေတာ့ သူတုိ႔ရဲ႕ Reno ထုတ္ကုန္လုိင္းကို ခပ္ျမန္ျမန္ပဲ ထပ္မံအားျဖည့္သြားဖို႔ ၾကံစည္ေနၿပီး ယေန႔မွာ တရုတ္ျပည္တြင္း Database ဆုိက္ေတြျဖစ္တဲ့ TENAA နဲ႔ 3C တုိ႔ေပၚမွာ ေမာ္ဒယ္နံပါတ္ PCKM00 နဲ႔ PCKT00 လို႔အမည္ေပးထားတဲ့ ဟန္းဆက္ႏွစ္ခုကို ေတြ႕ခဲ့ရပါတယ္။

TENAA ေပၚက စာရင္းကိုၾကည့္ရာမွာေတာ့ PCKM00 ေမာ္ဒယ္မွာပါတဲ့ 256GB Storage ကလြဲလို႔ က်န္တဲ့ အစိတ္အပုိင္းေတြ အားလုံးတူညီေနတာကို ေတြ႕ရပါတယ္။ Reno2 ဟန္းဆက္ဟာ 6.5” လက္မအရြယ္ AMOLED FHD+ Screen တစ္ခုေပၚမွာ 16MP Selfie ကင္မရာပါတဲ့ ငါးမန္းေတာင္ Pop-up ကင္မရာနဲ႔အတူ ေရာက္ရွိလာမွာျဖစ္ပါတယ္။

ေနာက္ဘက္မွာေတာ့ 48MP f/1.7 အဓိက Sensor ဦးေဆာင္တဲ့ Quad-camera အတြဲ ပါဝင္မွာျဖစ္ကာ 13MP Telephoto, 8MP Ultra-wide နဲ႔ 2MP Depth Sensor သုံးခုတုိ႔ ပါဝင္အားျဖည့္ထားတယ္။

ဖုန္းရဲ႕အတြင္းပိုင္းမွာ အမည္မေဖာ္ျပထားတဲ့ 2.2GHz Octa-core CPU တစ္ခုကို ေတြ႕ရၿပီး သတင္းေတြကေတာ့ မၾကာခင္မိတ္ဆက္လာမယ့္ Snapdragon 730G လို႔ေျပာေနပါတယ္။ ဒါကို 8GB RAM မန္မုိရီနဲ႔တြဲထားၿပီး Storage က 128 GB သို႔မဟုတ္ 256 GB ေရြးခ်ယ္ႏုိင္မွာပါ။

ဘကၳရီအင္အား 4,000 mAh သုံးစြဲထားကာ 20W Fast Charging စနစ္နဲ႔ တြဲဖက္အသုံးျပဳရမွာ ျဖစ္ပါတယ္။ စက္ႏွင္စနစ္က Android 9 Pie ကိုအေျခခံထားတဲ့ ColorOS 6 ပါ။ Reno2 ရဲ႕ ကိုယ္ထည္ အခ်ဳိးအစားကေတာ့ 160 x 74.3 x 9.5mm ျဖစ္ၿပီး အေလးခ်ိန္ 189g ရွိပါတယ္။

Reno2 ဟာ Black, Pink, Green အေရာင္သုံးမ်ဳိးနဲ႔ စတင္ထြက္ရွိလာမွာျဖစ္ၿပီး Oppo က ဒီဖုန္းကို Reno 2Z နဲ႔ Reno 2F ဆုိတဲ့ ဗားရွင္းႏွစ္မ်ဳိး ခြဲျခားထုတ္လုပ္ေရာင္းခ်မယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ေနာက္ထြက္လာမယ့္ အခ်က္အလက္ေတြကို ေစာင့္ၾကည့္ၿပီးမွ အတည္ျပဳႏုိင္မွာပါ။

Ref – GSM Arena

Unicode

Oppo ကတော့ သူတို့ရဲ့ Reno ထုတ်ကုန်လိုင်းကို ခပ်မြန်မြန်ပဲ ထပ်မံအားဖြည့်သွားဖို့ ကြံစည်နေပြီး ယနေ့မှာ တရုတ်ပြည်တွင်း Database ဆိုက်တွေဖြစ်တဲ့ TENAA နဲ့ 3C တို့ပေါ်မှာ မော်ဒယ်နံပါတ် PCKM00 နဲ့ PCKT00 လို့အမည်ပေးထားတဲ့ ဟန်းဆက်နှစ်ခုကို တွေ့ခဲ့ရပါတယ်။

TENAA ပေါ်က စာရင်းကိုကြည့်ရာမှာတော့ PCKM00 မော်ဒယ်မှာပါတဲ့ 256GB Storage ကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်းတွေ အားလုံးတူညီနေတာကို တွေ့ရပါတယ်။ Reno2 ဟန်းဆက်ဟာ 6.5” လက်မအရွယ် AMOLED FHD+ Screen တစ်ခုပေါ်မှာ 16MP Selfie ကင်မရာပါတဲ့ ငါးမန်းတောင် Pop-up ကင်မရာနဲ့အတူ ရောက်ရှိလာမှာဖြစ်ပါတယ်။

နောက်ဘက်မှာတော့ 48MP f/1.7 အဓိက Sensor ဦးဆောင်တဲ့ Quad-camera အတွဲ ပါဝင်မှာဖြစ်ကာ 13MP Telephoto, 8MP Ultra-wide နဲ့ 2MP Depth Sensor သုံးခုတို့ ပါဝင်အားဖြည့်ထားတယ်။

ဖုန်းရဲ့အတွင်းပိုင်းမှာ အမည်မဖော်ပြထားတဲ့ 2.2GHz Octa-core CPU တစ်ခုကို တွေ့ရပြီး သတင်းတွေကတော့ မကြာခင်မိတ်ဆက်လာမယ့် Snapdragon 730G လို့ပြောနေပါတယ်။ ဒါကို 8GB RAM မန်မိုရီနဲ့တွဲထားပြီး Storage က 128 GB သို့မဟုတ် 256 GB ရွေးချယ်နိုင်မှာပါ။

ဘက္ထရီအင်အား 4,000 mAh သုံးစွဲထားကာ 20W Fast Charging စနစ်နဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။ စက်နှင်စနစ်က Android 9 Pie ကိုအခြေခံထားတဲ့ ColorOS 6 ပါ။ Reno2 ရဲ့ ကိုယ်ထည် အချိုးအစားကတော့ 160 x 74.3 x 9.5mm ဖြစ်ပြီး အလေးချိန် 189g ရှိပါတယ်။

Reno2 ဟာ Black, Pink, Green အရောင်သုံးမျိုးနဲ့ စတင်ထွက်ရှိလာမှာဖြစ်ပြီး Oppo က ဒီဖုန်းကို Reno 2Z နဲ့ Reno 2F ဆိုတဲ့ ဗားရှင်းနှစ်မျိုး ခွဲခြားထုတ်လုပ်ရောင်းချမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် နောက်ထွက်လာမယ့် အချက်အလက်တွေကို စောင့်ကြည့်ပြီးမှ အတည်ပြုနိုင်မှာပါ။

Ref – GSM Arena