[Zawgyi]

ကမာၻ႔ေရွ႕ေဆာင္ စမတ္ဖုန္း အမွတ္တံဆိပ္တစ္ခု ျဖစ္တဲ့ OPPO ကေန အသုံးျပဳသူေတြရဲ႕ တီထြင္ဖန္တီးႏိုင္တဲ့ အစြမ္းေတြကို အဓိပၸာယ္ျပန္လည္ ဖြင့္ဆိုဖို႔အတြက္ Reno2 Series အသစ္ကို မၾကာခင္ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ပိုမိုေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ဖန္တီး႐ိုက္ကူးႏိုင္မယ့္ 48MP Quad Camera setup၊ 5x Hybrid Zoom ႏွင့္အတူ 20x Digital Zoom၊ action camera ေတြလိုမ်ိဳး ရွင္းလင္းျပတ္သား ေခ်ာေမြ႕တဲ့ ဗီဒီယိုေတြကို ဖန္တီးႏိုင္တဲ့ Ultra Steady Video တို႔နဲ႔အတူ OPPO Reno2 Series ဟာ ျမန္မာျပည္မွာရွိတဲ့ စမတ္ဖုန္းခ်စ္သူေတြဆီကို မၾကာခင္ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ OPPO Reno2 Series မွာေတာ့ အတိုင္းအဆမရွိတဲ့ ဖန္တီးမႈေတြကို မတူညီတဲ့ ရႈေထာင့္ေတြကေန ျပဳလုပ္ႏိုင္မယ့္ OPPO Reno2 နဲ႔ Reno2 F ဆိုတဲ့ စမတ္ဖုန္း အမ်ိဳးအစား (၂)မ်ိဳးကို မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

Reno Series ဆိုတာ
ဖန္တီးမႈအားေကာင္းတဲ့ ဒီဇိုင္း၊ စတိုင္က်တဲ့ အသြင္အျပင္ေတြကို အေျခခံထားတဲ့ OPPO Reno Series ကို ဇြန္လ (၁၃)ရက္ေန႔က ပထမဆုံး မိတ္ဆက္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံမွာရွိတဲ့ စမတ္ဖုန္းခ်စ္သူေတြရဲ႕ သေဘာက်ႏွစ္ၿခိဳက္မႈကို အထူးရရွိခဲ့ပါတယ္။ OPPO Reno Series ဟာ အိပ္မက္ေတြေနာက္ကို လိုက္ၿပီး ကိုယ္ပိုင္စတိုင္ေတြကို ေဖာ္ထုတ္ခ်င္ၾကတဲ့ လူငယ္ေတြအတြက္ စတိုင္က်တဲ့ အသြင္အျပင္ေတြနဲ႔ ဖန္တီးမႈအားေကာင္းတဲ့ ဒီဇိုင္းေတြနဲ႔အတူ ထုတ္လုပ္ေပးခဲ့တာဘဲ ျဖစ္ပါတယ္။ မူလ OPPO Reno Series က အသုံးျပဳသူေတြရဲ႕ စိတ္ကူးစိတ္သန္းေတြကို လြတ္လပ္စြာပ်ံသန္းခြင့္ျပဳခဲ့ၿပီး ဖန္တီးႏိုင္မႈ အဟန႔္အတားေတြကို ေက်ာ္ျဖတ္ကာ လုပ္ေဆာင္ႏိုင္ေစခဲ့ပါတယ္။ မၾကာခင္မိတ္ဆက္ေပးေတာ့မယ့္ OPPO Reno2 Series မွာလည္း ဒီလိုမ်ိဳး ဖန္တီးမႈအားေကာင္းတဲ့ ပုံစံေတြနဲ႔အတူ ထပ္မံယူေဆာင္လာေပးေတာ့မွာ ျဖစ္ပါတယ္။

“Quad Camera, Zoom into Imagination”
OPPO Myanmar ကေန မၾကာခင္မိတ္ဆက္ ေပးသြားေတာ့မယ့္ Reno2 Series မွာ “Quad Camera, Zoom into Imagination” ဆိုတဲ့ေဆာင္ပုဒ္နဲ႔အညီ စိတ္ကူးစိတ္သန္းေတြကို ျဖန႔္က်က္ကာ စိတ္ကူးဉာဏ္ရွိသေလာက္ ပုံရိပ္ေတြကို နီးနီး ေဝးေဝး၊ လႈပ္ရွားေနတာဘဲ ျဖစ္ျဖစ္ ရပ္တန႔္ေနတဲ့ ပုံရိပ္ေတြဘဲ ျဖစ္ျဖစ္၊ ေန႔ဘက္ဘဲျဖစ္ျဖစ္ ညဘက္ဘဲ ျဖစ္ျဖစ္ အေကာင္းဆုံး႐ိုက္ခ်က္မ်ားကို ႐ိုက္ကူးႏိုင္မယ့္ Quad Camera ပါဝင္လာမွာ ျဖစ္ပါတယ္။

OPPO Reno2 မွာ စိတ္ကူးထားတဲ့ အရာေတြအားလုံးကို အၾကည္လင္ဆုံးေသာ ပုံရိပ္ေတြအျဖစ္ ေျပာင္းလဲေပးမယ့္ 48 Ultra-clear Main Camera၊ က်ယ္ျပန႔္တဲ့ ပုံရိပ္ေတြကို ဖမ္းယူေပးႏိုင္မယ့္ 8MP Wide Angle Lens၊ အေဝးကအရာေတြကို အနားမွာရွိေနတဲ့ အရာေတြ အျဖစ္ ေျပာင္းလဲေပးႏိုင္မယ့္ 5x Hybrid Zoom နဲ႔ 20x Digital Zoom ေတြထည့္သြင္းေပးထားတဲ့ 13MP telephoto lens နဲ႔အတူ အေကာင္းဆုံး portrait ပုံေတြကို ႐ိုက္ကူးေပးႏိုင္မယ့္ 2MP mono lens ေတြ ေပါင္းစပ္ထားတဲ့ ကင္မရာ (၄)လုံး ပါဝင္လာမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ OPPO Reno2 နဲ႔အတူ Quad Camera Set up ပါဝင္လာမယ့္ Reno2 F စမတ္ဖုန္းကိုလည္း မိတ္ဆက္ေပးသြားဦးမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး အေကာင္းဆုံးေသာ ဓာတ္ပုံပညာေတြနဲ႔အတူ ဖန္တီးႏိုင္မႈစြမ္းအား ေကာင္းမြန္စြာနဲ႔ OPPO Reno2 Series ဟာ ျမန္မာႏိုင္ငံေဈးကြက္ အတြင္းကို မၾကာခင္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

[Unicode]

အကောင်းဆုံးသော ဓာတ်ပုံပညာများနဲ့အတူ ဖန်တီးမှုအားကောင်းစွာ ပြန်လည်ရောက်ရှိလာတော့မယ့် OPPO Reno2 Series

ကမ္ဘာ့ရှေ့ဆောင် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ OPPO ကနေ အသုံးပြုသူတွေရဲ့ တီထွင်ဖန်တီးနိုင်တဲ့ အစွမ်းတွေကို အဓိပ္ပာယ်ပြန်လည် ဖွင့်ဆိုဖို့အတွက် Reno2 Series အသစ်ကို မကြာခင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးရိုက်ကူးနိုင်မယ့် 48MP Quad Camera setup၊ 5x Hybrid Zoom နှင့်အတူ 20x Digital Zoom၊ action camera တွေလိုမျိုး ရှင်းလင်းပြတ်သား ချောမွေ့တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်တဲ့ Ultra Steady Video တို့နဲ့အတူ OPPO Reno2 Series ဟာ မြန်မာပြည်မှာရှိတဲ့ စမတ်ဖုန်းချစ်သူတွေဆီကို မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ OPPO Reno2 Series မှာတော့ အတိုင်းအဆမရှိတဲ့ ဖန်တီးမှုတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ပြုလုပ်နိုင်မယ့် OPPO Reno2 နဲ့ Reno2 F ဆိုတဲ့ စမတ်ဖုန်း အမျိုးအစား (၂)မျိုးကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Reno Series ဆိုတာ
ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်း၊ စတိုင်ကျတဲ့ အသွင်အပြင်တွေကို အခြေခံထားတဲ့ OPPO Reno Series ကို ဇွန်လ (၁၃)ရက်နေ့က ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ စမတ်ဖုန်းချစ်သူတွေရဲ့ သဘောကျနှစ်ခြိုက်မှုကို အထူးရရှိခဲ့ပါတယ်။ OPPO Reno Series ဟာ အိပ်မက်တွေနောက်ကို လိုက်ပြီး ကိုယ်ပိုင်စတိုင်တွေကို ဖော်ထုတ်ချင်ကြတဲ့ လူငယ်တွေအတွက် စတိုင်ကျတဲ့ အသွင်အပြင်တွေနဲ့ ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်းတွေနဲ့အတူ ထုတ်လုပ်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။ မူလ OPPO Reno Series က အသုံးပြုသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာပျံသန်းခွင့်ပြုခဲ့ပြီး ဖန်တီးနိုင်မှု အဟန့်အတားတွေကို ကျော်ဖြတ်ကာ လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ မကြာခင်မိတ်ဆက်ပေးတော့မယ့် OPPO Reno2 Series မှာလည်း ဒီလိုမျိုး ဖန်တီးမှုအားကောင်းတဲ့ ပုံစံတွေနဲ့အတူ ထပ်မံယူဆောင်လာပေးတော့မှာ ဖြစ်ပါတယ်။

“Quad Camera, Zoom into Imagination”
OPPO Myanmar ကနေ မကြာခင်မိတ်ဆက် ပေးသွားတော့မယ့် Reno2 Series မှာ “Quad Camera, Zoom into Imagination” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စိတ်ကူးစိတ်သန်းတွေကို ဖြန့်ကျက်ကာ စိတ်ကူးဉာဏ်ရှိသလောက် ပုံရိပ်တွေကို နီးနီး ဝေးဝေး၊ လှုပ်ရှားနေတာဘဲ ဖြစ်ဖြစ် ရပ်တန့်နေတဲ့ ပုံရိပ်တွေဘဲ ဖြစ်ဖြစ်၊ နေ့ဘက်ဘဲဖြစ်ဖြစ် ညဘက်ဘဲ ဖြစ်ဖြစ် အကောင်းဆုံးရိုက်ချက်များကို ရိုက်ကူးနိုင်မယ့် Quad Camera ပါဝင်လာမှာ ဖြစ်ပါတယ်။

OPPO Reno2 မှာ စိတ်ကူးထားတဲ့ အရာတွေအားလုံးကို အကြည်လင်ဆုံးသော ပုံရိပ်တွေအဖြစ် ပြောင်းလဲပေးမယ့် 48 Ultra-clear Main Camera၊ ကျယ်ပြန့်တဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်မယ့် 8MP Wide Angle Lens၊ အဝေးကအရာတွေကို အနားမှာရှိနေတဲ့ အရာတွေ အဖြစ် ပြောင်းလဲပေးနိုင်မယ့် 5x Hybrid Zoom နဲ့ 20x Digital Zoom တွေထည့်သွင်းပေးထားတဲ့ 13MP telephoto lens နဲ့အတူ အကောင်းဆုံး portrait ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် 2MP mono lens တွေ ပေါင်းစပ်ထားတဲ့ ကင်မရာ (၄)လုံး ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် OPPO Reno2 နဲ့အတူ Quad Camera Set up ပါဝင်လာမယ့် Reno2 F စမတ်ဖုန်းကိုလည်း မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။ ဒီလိုမျိုး အကောင်းဆုံးသော ဓာတ်ပုံပညာတွေနဲ့အတူ ဖန်တီးနိုင်မှုစွမ်းအား ကောင်းမွန်စွာနဲ့ OPPO Reno2 Series ဟာ မြန်မာနိုင်ငံဈေးကွက် အတွင်းကို မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။