Zawgyi

ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက မိတ္ဆက္ခဲ့တဲ့ Oppo Reno2 F စမတ္ဖုန္းဟာ အိႏၵိယေစ်းကြက္ကေန စတင္ေရာင္းခ်လာပါၿပီ။ ပုံမွန္ Reno2 လို ငါးမန္းေတာင္ Selfie ကင္မရာအစား Pop-up စတုိင္လ္ Selfie ကင္မရာပါဝင္တဲ့ Oppo Reno2 F ဟာ အိႏၵိယရူပီး ၂၅၉၉၀ (ျမန္မာေငြ ငါးသိန္းေျခာက္ေသာင္းေက်ာ္) က်သင့္မွာျဖစ္ပါတယ္။

Reno2 F စမတ္ဖုန္းမွာ 6.5” လက္မ FHD+ AMOLED Display ပါဝင္ၿပီး Pop-up Selfie ကင္မရာရဲ႕ ေက်းဇူးေၾကာင့္ Notch မပါတဲ့ စမတ္ဖုန္းေတြထဲက တစ္ခုျဖစ္ပါတယ္။ Fingerprint ကိုလည္း Display ထဲမွာပဲ ထည့္သြင္းထားပါတယ္။

အတြင္းပိုင္းမွာ Helio P70 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 8GB RAM နဲ႔ 128GB Storage မန္မုိရီႏွင့္ တြဲဖက္ထားပါတယ္။ Android Pie ကိုပဲအေျခခံထားတဲ့ ColorOS 6.1 နဲ႔အသုံးျပဳရမွာပါ။ ဘကၳရီအားက 4,000 mAh ျဖစ္ၿပီး သူ႕မွာ 20W VOOC 3.0 Flash Charge အားအျမန္သြင္းစနစ္ ပါဝင္တယ္။

ကင္မရာပုိင္းမွာေတာ့ Pop-up Selfie ကင္မရာထဲမွာ 16MP Sensor တပ္ဆင္ထားၿပီး ေနာက္ဘက္မွာေတာ့ Quad-cam အတြဲကုိ ျမင္ရမွာပါ။ ေနာက္ကင္မရာေလးလုံးက 48MP အဓိက ကင္မရာ၊ 8MP Ultrawide ၊ 2MP Mono နဲ႔ 2MP Depth Sensor ယူနစ္ေတြျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Reno2 F ဟာ Sky White နဲ႔ Lake Green ဆုိၿပီး ကာလာႏွစ္မ်ဳိးနဲ႔ ေစ်းကြက္ထဲကို ဝင္ေရာက္လာပါတယ္။ အျခားႏုိင္ငံတကာေစ်းကြက္ေတြကို တူညီတဲ့ေစ်းႏႈန္း၊ အေရာင္ေရြးခ်ယ္မႈေတြနဲ႔ ဝင္လာဦးမလား ဆုိတာကို ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Oppo Reno2 F စမတ်ဖုန်းဟာ အိန္ဒိယဈေးကွက်ကနေ စတင်ရောင်းချလာပါပြီ။ ပုံမှန် Reno2 လို ငါးမန်းတောင် Selfie ကင်မရာအစား Pop-up စတိုင်လ် Selfie ကင်မရာပါဝင်တဲ့ Oppo Reno2 F ဟာ အိန္ဒိယရူပီး ၂၅၉၉၀ (မြန်မာငွေ ငါးသိန်းခြောက်သောင်းကျော်) ကျသင့်မှာဖြစ်ပါတယ်။

Reno2 F စမတ်ဖုန်းမှာ 6.5” လက်မ FHD+ AMOLED Display ပါဝင်ပြီး Pop-up Selfie ကင်မရာရဲ့ ကျေးဇူးကြောင့် Notch မပါတဲ့ စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်သွင်းထားပါတယ်။

အတွင်းပိုင်းမှာ Helio P70 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 8GB RAM နဲ့ 128GB Storage မန်မိုရီနှင့် တွဲဖက်ထားပါတယ်။ Android Pie ကိုပဲအခြေခံထားတဲ့ ColorOS 6.1 နဲ့အသုံးပြုရမှာပါ။ ဘက္ထရီအားက 4,000 mAh ဖြစ်ပြီး သူ့မှာ 20W VOOC 3.0 Flash Charge အားအမြန်သွင်းစနစ် ပါဝင်တယ်။

ကင်မရာပိုင်းမှာတော့ Pop-up Selfie ကင်မရာထဲမှာ 16MP Sensor တပ်ဆင်ထားပြီး နောက်ဘက်မှာတော့ Quad-cam အတွဲကို မြင်ရမှာပါ။ နောက်ကင်မရာလေးလုံးက 48MP အဓိက ကင်မရာ၊ 8MP Ultrawide ၊ 2MP Mono နဲ့ 2MP Depth Sensor ယူနစ်တွေဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Reno2 F ဟာ Sky White နဲ့ Lake Green ဆိုပြီး ကာလာနှစ်မျိုးနဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ အခြားနိုင်ငံတကာဈေးကွက်တွေကို တူညီတဲ့ဈေးနှုန်း၊ အရောင်ရွေးချယ်မှုတွေနဲ့ ဝင်လာဦးမလား ဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – GSM Arena