[Zawgyi]

ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ OPPO ဟာ သူတို႔ရဲ႕ ထုတ္ကုန္သစ္ျဖစ္တဲ့ OPPO Reno2 နဲ႔ Reno2 F တို႔ကို တရားဝင္ မိတ္ဆက္မႈ ျပဳလုပ္သြားၾကမွာပါ။ Reno2 ကေတာ့ ဦးေဆာင္သူျဖစ္ၿပီး Reno2 F ကေတာ့ အတြင္းအစိတ္အပိုင္း အနည္းငယ္ အေျပာင္းအလဲနဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။

တကယ္တမ္း ေျပာရရင္ေတာ့ ဒီ ဟန္းဆက္ႏွစ္ခုဟာ ႀကီးႀကီးမားမား ကြဲျပားျခားနားသြားတာမ်ိဳး မရွိပါဘူး။ SoC ပိုင္းအနည္းငယ္၊ ကင္မရာပိုင္းမွာ အနည္းငယ္ ကြဲျပားသြားတာပဲ ရွိတာပါ။ OPPO Reno2 F ကလည္း ေက်ာဘက္မွာ ကင္မရာေလးလုံး တပ္ဆင္ေပးထားမွာပဲ ျဖစ္ၿပီး အေရွ႕ဘက္ကင္မရာပိုင္းမွာ ႐ိုး႐ိုး Pop-up နဲ႔ ငါးမန္းေတာင္ ဒီဇိုင္းကြဲျပားသြားပါတယ္။

Reno2 F ရဲ႕ ေက်ာဘက္ကင္မရာေတြကို ၾကည့္လိုက္မယ္ဆိုရင္ 48MP Ultra-clear camera, 8MP Wide Angle Lens, 2MP Mono Lens, 2MP Portrait Lens စတာေတြျဖစ္တာကို ေတြ႕ရပါတယ္။ 48MP အဓိကကင္မရာကေတာ့ OPPO ရဲ႕ ထုံးစံအတိုင္း ၾကည္လင္ျပတ္သားလြန္းတဲ့ ပုံရိပ္ေတြကို ဖမ္းယူသိမ္းဆည္းဖို႔ အတြက္ပဲ ျဖစ္ပါတယ္။

8MP Wide Angle Lens ကေတာ့ အားလုံးသိတဲ့အတိုင္းပဲ ျမင္ကြင္းက်ယ္႐ိုက္ကူးတဲ့ေနရာမွာ အင္မတန္ အသုံးတည့္လြန္းပါတယ္။ ၁၁၉ ဒီဂရီျမင္ကြင္းက်ယ္ျဖစ္ၿပီး f/2.2 အထိျဖစ္တာကို ေတြ႕ရပါတယ္။ 2MP Mono Lens နဲ႔2MP Portrait Lens ေတြကေတာ့၊ အနီးကပ္႐ိုက္ခ်က္ေတြ Portrait ႐ိုက္ကူးမႈေတြ အတြက္ အဓိက အားျဖည့္ေပးထားတာပါ။

ေနာက္ထပ္ အားရစရာေကာင္းတဲ့တစ္ခ်က္က Ultra Night Mode 2.0 ပါဝင္လာတာပါ။ Multi-frame noise reduction က အလင္းေရာင္းနည္းေပမယ့္ ၾကည္လင္ျပတ္သားတဲ့ ပုံရိပ္ကို ဖမ္းယူေပးႏိုင္ပါလိမ့္မယ္။ ဒီအတြက္ 1/2.25-inch Ultra-large Sensor နဲ႔ f/1.79 Ultra-large Aperture တို႔က အေကာင္းဆုံး ေထာက္ပံ့ေပးသြားတာပါ။

Reno2 F ရဲ႕ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က ျမင္ကြင္းက်ယ္ဓါတ္ပုံ႐ိုက္ကူးႏိုင္႐ုံတင္မကဘဲ Ultra Wide Angle Video ကို ေကာင္းေကာင္း ႐ိုက္ကူးႏိုင္တာပါပဲ။ ကမာၻႀကီးရဲ႕ ျမင္ကြင္းက်ယ္က်ယ္အလွတရားေတြကို စမတ္ဖုန္းေသးေသးေလးနဲ႔ အေကာင္းဆုံးမွတ္တမ္းေတြအျဖစ္ သိမ္းဆည္းဖို႔ လုံေလာက္တဲ့စြမ္းေဆာင္ရည္ေထာက္ပံ့ေပးထားတာက ႏွစ္သက္စရာေကာင္းတယ္လို႔ ဆိုရမွာပါ။

OPPO Reno2 F ဟာ MTK P70 SoC ကို အသုံးျပဳထားၿပီး 8GB of RAM နဲ႔ တြဲဖက္ေပးထားတာပါ။ သိုေလွာင္မႈပမာဏက 128GB အထိျဖစ္ၿပီး 4,000mAh ပမာဏ ဘက္ထရီႀကီးကို တပ္ဆင္ေပးထားပါတယ္။ VOOC အျမန္အားသြင္းစနစ္ 3.0 ေထာက္ပံ့ေပးထားတာေၾကာင့္ မိနစ္ ၃၀ အတြင္းမွာ ၅၁% အထိ အားျပန္သြင္းႏိုင္ပါလိမ့္မယ္။

6.5-inch AMOLED မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ျဖစ္ၿပီး Screen-to-body ratio 91.1% ျဖစ္ပါတယ္။ Corning Gorilla Glass 5 ကို သုံးေပးထားပါတယ္။ စာ႐ြက္ေပၚမွာျမင္ေတြ႕ရတဲ့ OPPO Reno2 F ရဲ႕ အရည္အေသြးေတြကေတာ့ အေတာ္ေလးကို ဆြဲေဆာင္မႈရွိေနတယ္လို႔ ဆိုရမွာပါ။ OPPO Reno2 F ကို တရားဝင္မိတ္ဆက္ၿပီးခ်ိန္ေရာက္ရင္ေတာ့ လက္ေတြ႕အသုံးျပဳစမ္းသပ္ၿပီး Full Review တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

[Unicode]

ကျောဘက်ကင်မရာလေးလုံး၊ Pop-up Selfie ကင်မရာတွေနဲ့ OPPO Reno2 F ကို အောက်တိုဘာ ၂၄ ရက်မှာမိတ်ဆက်တော့မယ်

အောက်တိုဘာလ ၂၄ ရက်နေ့မှာ OPPO ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ OPPO Reno2 နဲ့ Reno2 F တို့ကို တရားဝင် မိတ်ဆက်မှု ပြုလုပ်သွားကြမှာပါ။ Reno2 ကတော့ ဦးဆောင်သူဖြစ်ပြီး Reno2 F ကတော့ အတွင်းအစိတ်အပိုင်း အနည်းငယ် အပြောင်းအလဲနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

တကယ်တမ်း ပြောရရင်တော့ ဒီ ဟန်းဆက်နှစ်ခုဟာ ကြီးကြီးမားမား ကွဲပြားခြားနားသွားတာမျိုး မရှိပါဘူး။ SoC ပိုင်းအနည်းငယ်၊ ကင်မရာပိုင်းမှာ အနည်းငယ် ကွဲပြားသွားတာပဲ ရှိတာပါ။ OPPO Reno2 F ကလည်း ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ပေးထားမှာပဲ ဖြစ်ပြီး အရှေ့ဘက်ကင်မရာပိုင်းမှာ ရိုးရိုး Pop-up နဲ့ ငါးမန်းတောင် ဒီဇိုင်းကွဲပြားသွားပါတယ်။

Reno2 F ရဲ့ ကျောဘက်ကင်မရာတွေကို ကြည့်လိုက်မယ်ဆိုရင် 48MP Ultra-clear camera, 8MP Wide Angle Lens, 2MP Mono Lens, 2MP Portrait Lens စတာတွေဖြစ်တာကို တွေ့ရပါတယ်။ 48MP အဓိကကင်မရာကတော့ OPPO ရဲ့ ထုံးစံအတိုင်း ကြည်လင်ပြတ်သားလွန်းတဲ့ ပုံရိပ်တွေကို ဖမ်းယူသိမ်းဆည်းဖို့ အတွက်ပဲ ဖြစ်ပါတယ်။

8MP Wide Angle Lens ကတော့ အားလုံးသိတဲ့အတိုင်းပဲ မြင်ကွင်းကျယ်ရိုက်ကူးတဲ့နေရာမှာ အင်မတန် အသုံးတည့်လွန်းပါတယ်။ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ဖြစ်ပြီး f/2.2 အထိဖြစ်တာကို တွေ့ရပါတယ်။ 2MP Mono Lens နဲ့2MP Portrait Lens တွေကတော့၊ အနီးကပ်ရိုက်ချက်တွေ Portrait ရိုက်ကူးမှုတွေ အတွက် အဓိက အားဖြည့်ပေးထားတာပါ။

နောက်ထပ် အားရစရာကောင်းတဲ့တစ်ချက်က Ultra Night Mode 2.0 ပါဝင်လာတာပါ။ Multi-frame noise reduction က အလင်းရောင်းနည်းပေမယ့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ဖမ်းယူပေးနိုင်ပါလိမ့်မယ်။ ဒီအတွက် 1/2.25-inch Ultra-large Sensor နဲ့ f/1.79 Ultra-large Aperture တို့က အကောင်းဆုံး ထောက်ပံ့ပေးသွားတာပါ။

Reno2 F ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မြင်ကွင်းကျယ်ဓါတ်ပုံရိုက်ကူးနိုင်ရုံတင်မကဘဲ Ultra Wide Angle Video ကို ကောင်းကောင်း ရိုက်ကူးနိုင်တာပါပဲ။ ကမ္ဘာကြီးရဲ့ မြင်ကွင်းကျယ်ကျယ်အလှတရားတွေကို စမတ်ဖုန်းသေးသေးလေးနဲ့ အကောင်းဆုံးမှတ်တမ်းတွေအဖြစ် သိမ်းဆည်းဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်ထောက်ပံ့ပေးထားတာက နှစ်သက်စရာကောင်းတယ်လို့ ဆိုရမှာပါ။

OPPO Reno2 F ဟာ MTK P70 SoC ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားတာပါ။ သိုလှောင်မှုပမာဏက 128GB အထိဖြစ်ပြီး 4,000mAh ပမာဏ ဘက်ထရီကြီးကို တပ်ဆင်ပေးထားပါတယ်။ VOOC အမြန်အားသွင်းစနစ် 3.0 ထောက်ပံ့ပေးထားတာကြောင့် မိနစ် ၃၀ အတွင်းမှာ ၅၁% အထိ အားပြန်သွင်းနိုင်ပါလိမ့်မယ်။

6.5-inch AMOLED မျက်နှာပြင်အရွယ်အစားနဲ့ဖြစ်ပြီး Screen-to-body ratio 91.1% ဖြစ်ပါတယ်။ Corning Gorilla Glass 5 ကို သုံးပေးထားပါတယ်။ စာရွက်ပေါ်မှာမြင်တွေ့ရတဲ့ OPPO Reno2 F ရဲ့ အရည်အသွေးတွေကတော့ အတော်လေးကို ဆွဲဆောင်မှုရှိနေတယ်လို့ ဆိုရမှာပါ။ OPPO Reno2 F ကို တရားဝင်မိတ်ဆက်ပြီးချိန်ရောက်ရင်တော့ လက်တွေ့အသုံးပြုစမ်းသပ်ပြီး Full Review တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။