[Unicode]

OPPO က Reno3 Series တွေကို တရုတ်မှာ မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းတွေအတွက် အမှာစာတွေကို မကြာခင်က စတင် လက်ခံခဲ့ပြီး ဒီလ ၂၇ ရက်က အမှာစာ ၁.၅ သန်း ရရှိထားတယ်လို ့ ကုမ္ပဏီက ပြောပါတယ်။ အခုတော့ Reno3 နဲ့ Reno3 Pro ကို တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

OPPO Reno3 နဲ့ Reno3 Pro မှာ ၆.၄ လက်မနဲ့ ၆.၅ လက်မ AMOLED မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ Reno3 မှာ Waterdrop Notch နဲ့ Pro မှာ Punch-hole မျက်နှာပြင် ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Full HD+ Resolution ထောက်ပံ့ထားပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာနဲ့ Android 10 OS အခြေပြု ColorOS 7 မောင်းနှင်ထားပါတယ်။

Pro ရဲ့ အနောက်မှာ ကင်မရာ ၄ လုံးထည့်သွင်းထားပြီး 48MP Main , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Monochrome တွေ ဖြစ်ပါတယ်။ Snapdragon 765G SoC ပါပါတယ်။ Reno3 ရဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Black and White နဲ့ 2MP Macro ကင်မရာတွေ ပါပါတယ်။ Octa-core Medidatek Dimensity 1000L Chipset မောင်းနှင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 4,025mAh ဘက်ထရီ ထည့်သွင်းထားပြီး VOOC 4.0 Flash Charge နည်းပညာ ပါပါတယ်။ Reno3 ရဲ့ 8/128GB မော်ဒယ်ကို ၃,၃၉၉ ယွမ်နဲ့ 12/128GB မော်ဒယ်ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေနဲ့ဆိုရင် မြန်မာငွေ ၇၂၀,၀၀၀ နဲ့ ၇၈၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။ Reno3 Pro ရဲ့ 8/128GB ကို ၃,၉၉၉ ယွမ် နဲ့ 12/256GB မော်ဒယ်ကို ၄,၂၉၈ ယွမ် သတ်မှတ်ထားပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရောင်းမှာပါ။ မြန်မာငွေ ၈၅၀,၀၀၀ နဲ့ ၉၀၀,၀၀၀ လောက် အသီးသီး ရှိပါတယ်။

Ref : gizmochina

[Zawgyi]

OPPO Reno3 နဲ႔ Reno3 Pro ကို တရုတ္မွာ ေရာင္းၿပီ

OPPO က Reno3 Series ေတြကို တရုတ္မွာ မၾကာခင္က ေၾကညာခဲ့ပါတယ္။ အဲဒီ ဖုန္းေတြအတြက္ အမွာစာေတြကို မၾကာခင္က စတင္ လက္ခံခဲ့ၿပီး ဒီလ ၂၇ ရက္က အမွာစာ ၁.၅ သန္း ရရွိထားတယ္လို ႔ ကုမၸဏီက ေျပာပါတယ္။ အခုေတာ့ Reno3 နဲ႔ Reno3 Pro ကို တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။

OPPO Reno3 နဲ႔ Reno3 Pro မွာ ၆.၄ လက္မနဲ႔ ၆.၅ လက္မ AMOLED မ်က္ႏွာျပင္ေတြ ထည့္သြင္းထားပါတယ္။ Reno3 မွာ Waterdrop Notch နဲ႔ Pro မွာ Punch-hole မ်က္ႏွာျပင္ ပါပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ Full HD+ Resolution ေထာက္ပံ့ထားၿပီး 20:9 Aspect Ratio ျဖစ္ပါတယ္။ 32MP ဆဲလ္ဖီး ကင္မရာနဲ႔ Android 10 OS အေျချပဳ ColorOS 7 ေမာင္းႏွင္ထားပါတယ္။

Pro ရဲ႕ အေနာက္မွာ ကင္မရာ ၄ လံုးထည့္သြင္းထားၿပီး 48MP Main , 13MP Telephoto , 8MP Ultrawide နဲ႔ 2MP Monochrome ေတြ ျဖစ္ပါတယ္။ Snapdragon 765G SoC ပါပါတယ္။ Reno3 ရဲ႕ အေနာက္ဘက္မွာ 64MP Main , 8MP Ultrawide, 2MP Black and White နဲ႔ 2MP Macro ကင္မရာေတြ ပါပါတယ္။ Octa-core Medidatek Dimensity 1000L Chipset ေမာင္းႏွင္ထားပါတယ္။

ဖုန္း ၂ လံုးစလံုးမွာ 4,025mAh ဘက္ထရီ ထည့္သြင္းထားၿပီး VOOC 4.0 Flash Charge နည္းပညာ ပါပါတယ္။ Reno3 ရဲ႕ 8/128GB ေမာ္ဒယ္ကို ၃,၃၉၉ ယြမ္နဲ႔ 12/128GB ေမာ္ဒယ္ကို ၃,၆၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔ဆိုရင္ ျမန္မာေငြ ၇၂၀,၀၀၀ နဲ႔ ၇၈၀,၀၀၀ ေလာက္ အသီးသီး က်သင့္မွာပါ။ Reno3 Pro ရဲ႕ 8/128GB ကို ၃,၉၉၉ ယြမ္ နဲ႔ 12/256GB ေမာ္ဒယ္ကို ၄,၂၉၈ ယြမ္ သတ္မွတ္ထားၿပီး ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ ေရာင္းမွာပါ။ ျမန္မာေငြ ၈၅၀,၀၀၀ နဲ႔ ၉၀၀,၀၀၀ ေလာက္ အသီးသီး ရွိပါတယ္။

Ref : gizmochina