[Unicode]

Reno3 Pro 5G ကို ဒီလထဲ ကြေညာတော့မှာဖြစ်ပေမယ့် ကုမ္ပဏီက ရက်အတိအကျကို မပြောသေးပါဘူး။ အခုတော့ အဲဒီဖုန်းရဲ့ Specs အပြည့်အစုံဟာ TENAA ကနေ ထွက်ပေါ်လာပါတယ်။ ၆.၅ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2400x1080p Resolution ဖြစ်ပါတယ်။ ဓါတ်ပုံအရ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု ထည့်ထားပါတယ်။

2.4GHz Octa-core Processor မောင်းနှင်ထားမှာ ဖြစ်ပြီး OPPO က Reno3 5G မှာ Snapdragon 765G 5G ပါမယ်လို့ အတည်ပြုထားပြီးပါပြီ။ 8GB RAM /128GB Storage ပါမယ်လို့ ဖော်ပြထားပြီး တခြား Configuration တွေကိုတော့ မပြောထားပါဘူး။

Reno3 Pro 5G မှာ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 48MP Main , 13MP , 8MP နဲ့ 2MP တွေ ဖြစ်ပါတယ်။ Ultrawide , Telephoto နဲ့ Depth/Macro တွေ ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဆိုတော့ တော်တော် လန်းပါတယ်။

TENAA မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါမယ်လို့ ဖော်ပြထားပေမယ့် Fast Charging ပါမယ်လို့တော့ မပြောထားပါဘူး။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး SA & NSA Mobile Networks တွေကို ထောက်ပံ့မှာပါ။ 4025mAh Battery ပါလာမှာ ဖြစ်ပြီး အဖြူ၊ အပြာ၊ အနီနဲ့ အနက်ရောင်တွေ ထုတ်လုပ်ပေးထားမှာပါ။

Ref : gizmochina

[Zawgyi]

OPPO Reno3 Pro 5G ရဲ့ Specs အားလုံး ထွက်ပေါ်လာ





Ref : gizmochina